အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : facebook
တနင်္လာနေ့

၂၁ အောက်တိုဘာ ၂၀၁၃

၂၀:၃၀:၀၀
474508

ကျေးဇူးပြု၍ ဖတ်ရှုသုံးသပ်စေလိုပါသည်။

ဘိစ်မိလ္လာဟိရ်ရာ့ဟ်မာန်နိရ်ရဟီးမ် ကျေးဇူးပြု၍ ဖတ်ရှုသုံးသပ်စေလိုပါသည်။ စကြာဝဠာအတွင်း၌ အလွန်မြင့်မြတ်လှသော သခင်မကြီး(စ.အ)သည် ဟေဂျာဘ်နှင့် ပက်သက်လျှင် အပြည့်အဝ လိုက်နာကျင့်ဆောင်ခဲ့ပြီး စံနမူနာယူထိုက်သော သခင်မကြီး ဖြစ်ပေသည်။ အေမာမ်အလီ(အ.စ) မိန့်ကြားတော်မူသည်မှာ တစ်နေ့သောအခါ ကျွန်ုပ်နှင့်လူတစ်စုသည် တမန်တော်မြတ်ကြီး(ဆွ) ၏ရှေ့မှောက်၌ ခစားနေချိန်တွင် တမန်တော်မြတ်ကြီး(ဆွ)သည် ကျွန်ုပ်တို့ဘက်သို့ မျက်နှာမူကာ- အမျိုးသမီးများအတွက် အသင့်တော်ဆုံး၊ အကောင်းဆုံးသော လုပ်ရပ်မှာ အဘယ်နည်း ဟုမေးမြန်းတော်မူခဲ့လေသည်။ သို့သော် မည်သူတစ်ဦးတစ်ယောက်မျှ မှန်ကန်သည့်အဖြေ မပေးနိုင်ခဲ့ကြချေ။ ထိုသို့ တိကျသောအဖြေတစ်စုံတစ်ရာကို မဖြေကြားနိုင်ကြချိန်တွင် ကျွန်ုပ်သည် မိမိ၏နေအိမ်သို့ ပြန်လာ၍ ထိုအကြောင်းအရာနှင့်ပက်သက်ပြီး ဇနီးဖြစ်သူ ဟဇရသ်သေဇဲဟ်ရာ(စ.အ)ထံမှ မေးမြန်းလေသည်။ ထို့အပြင် မြတ်တမန်၏ အမေးအပေါ် မဖြေနိုင်ကြပုံကို ရှင်းပြခဲ့သည်။ ၎င်းနောက် သခင်မကြီး(စ.အ)သည် ဤသို့ မိန့်ကြားတော်မူလေသည်- နာမဲဟ်ရမ် သူစိမ်းအမျိုးသမီးများသည် အခြား နာမဲဟ်ရမ် သူစိမ်းအမျိုးသားများကို မကြည့်ရသကဲ့သို့၊ နာမဲဟ်ရမ် သူစိမ်းအမျိုးသားများသည်လည်း အခြား နာမဲဟ်ရမ် သူစိမ်းအမျိုးသမီးများကို မကြည့်ရပေ။ အစ္စလာမ်သာသနာ၌ ဟေဂျာဘ်၏ အဓိပ္ပါယ်မှာ အကာအရံခြုံလွှာတစ်ခုတည်း မဟုတ်ပဲ၊ အမျိုးသမီးများအပေါ် ကျရောက်လာနိုင်သည့် အခက်အခဲ၊ အန္တရယ်များမှ တားဆီးပေးသည့် ဝတ်စားဆင်ယင်မှုနှင့် အမျိုးသမီးများ၏ မြင့်မြတ်မှုအား စောင့်ရှောက်ပေးသည့် အဓိပ္ပါယ်လည်း သက်ရောက်ပေသည်။ ကျွန်ုပ်သည် ဟဇရသ်သေဇဲဟ်ရာ(စ.အ)ထံမှ ၎င်းဖြေဆို မိန့်ကြားမှုကို ကြားသိပြီးနောက် နှစ်ဘဝသခင် ကျေးဇူးတော်ရှင် မြတ်တမန်(အ.စ)ထံသို့ တဖန် ပြန်လည် သွားရောက်၍ လျှောက်ထားလေသည်။ အို… အလ္လာဟ်၏ ရစူလ်(ဆွ)၊ အသင် မေးမြန်းတော်မူခဲ့သော အမေး၏ အဖြေကို ကျွန်ုပ် ယူဆောင်လာခဲ့ချေပြီ။ ထိုအဖြေမှာ- အမျိုးသမီးများအတွက် အကောင်းဆုံးသော လုပ်ရပ်မှာ နာမဲဟ်ရမ် သူစိမ်းအမျိုးသမီးများသည် အခြား နာမဲဟ်ရမ် သူစိမ်းအမျိုးသားများကို မကြည့်ရသကဲ့သို့၊ နာမဲဟ်ရမ် သူစိမ်းအမျိုးသားများသည်လည်း အခြား နာမဲဟ်ရမ် သူစိမ်းအမျိုးသမီးများကို မကြည့်ရခြင်း ဖြစ်ပေသည်။ ထိုအချိန် တမန်တော်မြတ်ကြီး(ဆွ) မိန့်တော်မူသည်မှာ- အသင်သည် ဤနေရာ၌ရှိခဲ့ပြီး အဖြေတစ်စုံတစ်ရာမျှ မပေးခဲ့ပေ၊ ယခု ထိုအဖြေကို အသင် အဘယ်မှ ယူဆောင်လာခဲ့သနည်း ဟုမေးမြန်းလေရာ ကျွန်ုပ်သည် ၎င်းအဖြေအား ဇနီးဖြစ်သူ ဟဇရသ်သေဇဲဟ်ရာ(စ.အ) ထံမှ ယူဆောင်လာခြင်းဖြစ်ကြောင်း ဖြေဆိုလျှောက်ထားခဲ့သည်။ မြတ်တမန်(ဆွ)သည် ထိုအဖြေကို ကြားသိတော်မူပြီးနောက် လွန်စွာ ပျော်ရွှင်ဝမ်းမြောက်တော်မူ၍ ဤသို့ မိန့်ကြားတော်မူသည်မှာ- ဖွါသွေမာ(စ.အ)သည် ငါ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပေသည်။ မှတ်ချက်။ ။ အထက်ပါ တင်ပြခဲ့သောပို့စ်မှာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပုတ်ခတ်စော်ကားထားခြင်းမဟုတ်ပါ။ အမှန်ကိုသာ တင်ပြလိုသည့် ဆန္ဒ ရှိပါသည်။ ကျွန်တော်စာရေးသူ ထောက်ပြလိုသည်မှာ သူစိမ်းအမျိုးသားတို့၏ အကြည့်မှ ရှောင်ကြဉ်ခိုင်းသော သခင်မကြီး(စ.အ)၏ မိန့်ဆိုစကားပင်ဖြစ်သည်။ ထိုမိန့်ဆိုစကားသည် ယခုခေတ်ကာလအထိသာမက ကေယာမသ်နေ့ထိတိုင်အကျုံးဝင်ပြီး လက်တွေ့လိုက်နာကျင့်သုံးရမည့်အချက်ဟုယုံကြည်မိသည်။ သခင်မကြီး(စ.အ) မိန့်ဆိုစကားအား ဖီဆန်၍ အချို့ရှီအာအမျိုးသမီးငယ်များသည် အင်တာနက်၊ ဖေ့စ်ဘုတ်က်၊ စာမျက်နှာများပေါ်တွင် ၎င်းတို့၏ရုပ်ဓါတ်ပုံများအား မရှက်မကြောက် ပြသထားသည်မှာ လွန်စွာ ဝမ်းနည်းစရာကောင်းလှပါသည်။ စဉ်းစားစေလိုသည်မှာ ကောင်စရ်ရေချိုကို တိုက်ကျွေးမည့်သူ၏ သမီး၊ ဂျန္နသ်နှင့်ဂျဟန္နမ်ကို ခွဲခြားပေးမည့်သူ၏ ဇနီး၊ ဂျန္နသ်လုလင်ပျိုများ၏ ခေါင်းဆောင်တို့၏ အမိ၊ ဤမျှပြည့်စုံလှသော သခင်မကြီး(စ.အ)၏ ဆန့်ကျင်ဖက်တွင်ရှိနေသော အမျိုးသမီးငယ်တို့၏ တရားစီရင်မည့်နေ့တွင် မည်သို့မည်ပုံ ဖြစ်ပျက်မည်ကို တွေး၍ ကြောက်ရွံ့မိပါတော့သည်။ (ရှီအာလူငယ်လေး) rfe : https://www.facebook.com/abululu.lulu.5?fref=pymk