အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : myanmamuslim
အင်္ဂါနေ့

၂၆ နိုဝင်ဘာ ၂၀၁၃

၂၀:၃၀:၀၀
483914

မြန်မာ မွတ်စလင်တွေနဲ့ တွေ့ဆုံချိန်မှာ မျက်ရည်လည် ငိုခဲ့ရပါတယ်လို့ OIC အတွင်းရေးမှူး ပြောဆို

  အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန အဗ်နာ

ကမ္ဘာ့အကြီးဆုံး မွတ်စလင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ရဲ့ အထွေထွေအတွင်း ရေးမှူးက နှစ်ပေါင်းရှည်ကြာစွာ ဖိနှိပ်ချုပ်ချယ်ခံခဲ့ရပြီး ဗုဒ္ဓဘာသာလူအုပ်ကြီးနဲ့ မီးရှို့သူတွေရဲ့ လိုက်လံသတ်ဖြတ် မောင်းထုတ်တာခံခဲ့ရတဲ့ ရိုဟင်ဂျာမွတ်စလင်အသိုင်းအဝိုင်းနဲ့ တွေ့ဆုံခဲ့တဲ့ စိတ်လှုပ်ရှားဖွယ် ခရီးစဉ်မှာ မျက်ရည်လည် ငိုခဲ့ရပါတယ်လို့ ဆိုပါတယ်။

 

“ကျွန်တော် ဒီလို ခံစားချက်မျိုး တစ်ခါမှ မဖြစ်ဖူးဘူး” လို့ အိုအိုင်စီအတွင်းရေးမှူး ပါမောက္ခ အိက်မလဒီးန် အိဟ်ဆန်နိုဂလူက ပြီးခဲ့တဲ့ စနေနေ့က ပြောပါတယ်။

 

“ဒါပေမယ့် ဒါဟာ အကြီးကြီးပါ၊ ရခိုင်ပြည်နယ် စစ်တွေမြို့အပြင်ဘက်က အမှိုက်သရိုက်လို ပြန့်ကျဲနေတဲ့ ဒုက္ခသည်စခန်းမှာ ကြပ်ကြပ်တည်းတည်း နေထိုင်နေကြရတာကို စိတ်မချမ်းသာ ဖွယ်ရာမြင်ရတော့ ကျွန်တော် မျက်ရည်လည်ရွှဲ ငိုခဲ့မိပါတယ်”  လို့ အိဟ်ဆန်နိုဂလူက ဆိုပါတယ်။

 

အတွင်းရေးမှူးနဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာ ၃ ရက်ကြာ ခရီးစဉ်မှာ သမ္မတ၊ ဒုသမ္မတအပါအဝင် အစိုးရ ဝန်ကြီးများ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့များ၊ ကုလသမဂ္ဂရဲ့ လူသားချင်း စာနာထောက်ထားမှု အကူညီပေးရေး အေဂျင်စီများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

 

ဒုက္ခသည်စခန်းက ကလေးတွေဟာ ကျောင်းပြန်မတက်နိုင်တာ ၁ နှစ်ကျော်ရှိပါပြီ။ ဆေးကုသဖို့ပဲဖြစ်ဖြစ်၊ တခြားကိစ္စနဲ့ပဲဖြစ်ဖြစ် စခန်းကနေ ထွက်ခွာဖို့အတွက်တောင် လာဘ်ငွေအမြောက်အမြားပေးကြရပါတယ်။ ရိုဟင်ဂျာတွေကို ပိုပြီး ဦးစားပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူသားချင်းစာနာထောက်ထားမှုအဖွဲ့တွေမှာလည်း ဗုဒ္ဓဘာသာရခိုင်တွေရဲ့ ခြိမ်းခြောက်တာကို မကြာခဏဆိုလို ခံရပါတယ်။

 

အတွင်းရေးမှူးက သူနဲ့ ကိုယ်စားလှယ် အဖွဲ့တွေ စစ်တွေ ဒုက္ခသည်စခန်းကိုရောက်တဲ့အခါ ၅ ထောင်လောက်ရှိတဲ့ လူအုပ်ကြီးကို တွေ့ရပေမယ့် ဘာသာစကားအခက်အခဲကြောင့် ဘာမှ မပြောနိုင်ခဲ့ပါဘူးလို့ ဆိုပါတယ်။

 

အိဟ်ဆန်နိုဂလူနဲ့ ကိုယ်စားလှယ် အဖွဲ့မှာ တူရကီ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဒီဂျစ်ဘိုရီ၊ ဆော်ဒီအာရေဗျနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ ပါဝင်ပြီး မြန်မာအစိုးရ ထိပ်တန်း အရာရှိတွေနဲ့ တွေ့ဆုံပြီး မွတ်စလင် လူနည်းစုတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ လူမျိုးရေး အကြမ်းဖက်မှု ကိစ္စကို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

 

“သူတို့တွေမှာ မျှော်လင့်ချက် ကင်းမဲ့နေကြတယ်၊ ပြီးတော့ သူတို့တွေ ကြောက်ရွံ့နေကြတယ်။ ကျွန်တော်တို့ အဲဒီကိုရောက်သွားတော့ သူတို့ပျော်ကြတယ်၊ ဒါပေမယ့် သူတို့ရဲ့ ပျော်ရွှင်ဝမ်းသာမှုကို မျက်ရည်တွေနဲ့ပဲ ဖော်ပြကြတယ်။ နောက်ဆုံး ကျွန်တော် ‘အတ်စလာမ် အလိုင်းကွန်းမ်’ (ဘုရားသခင်ထံမှ လုံခြုံမှုနဲ့ ကာကွယ်မှုရပါစေ)လို့ ဆိုလိုက်ချိန်မှာတောင် သူတို့ရဲ့ စလာမ် တုန့်ပြန်သံက တိုးတိတ်ညင်သာလွန်းတယ်”  လို့ သူက ပြောပြပါတယ်။

 

“ကျွန်တော် ဒီခံစားချက်ကို ဘယ်လိုရှင်းပြရမှန်းတောင် မသိပါဘူး၊ အလွန့်အလွန် စိတ်ထိခိုက်ဖွယ်ရာ ကောင်းပါတယ်”  လို့ အိဟ်ဆန်နိုဂလူက ထည့်သွင်းပြောဆိုပါတယ်။

 

“OIC က နှစ်ဘက်အသိုင်းအဝိုင်းကို သင့်သင့်မြတ်မြတ်နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ ကူညီပေးသွားမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

 

OIC ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုလာတဲ့အခါ ရန်ကုန်နဲ့ စစ်တွေမြို့တွေကို ရောက်ချိန်မှာ ထောင်နဲ့ချီတဲ့ လူအုပ်ကြီးက “OIC ထွက်သွား” “ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု ရပ်တန့်ပါ” စတဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီး ကန့်ကွက် ဆန္ဒ ပြခဲ့ကြပါတယ်။

 

ဒါပေမယ့် အစိုးရဲ့ ဖိတ်ခေါ်မှုနဲ့ လာရောက်ခဲ့တဲ့ခရီးစဉ်ဟာ အတော်လေး အောင်မြင်တယ်လို့ ဆိုနိုင်ကြောင်း အိဟ်ဆန်နိုဂလူက ဆိုပါတယ်။

 

မြန်မာအစိုးရက ရိုဟင်ဂျာ ၈ သိန်းကျော်အတွက် နိုင်ငံသား အသိမှတ်ပြုရေး ဖြေရှင်းဆောင်ရွက်ဖို့ အာမခံချက်ပေးထားတယ်လို့ အတွင်းရေးမှူးက ဆိုပေမယ့် အသေးစိတ်ကိုတော့ ပြောမသွားပါဘူး။

 

“ဒါကို မဖြေရှင်းနိုင်ရင်တော့ တကယ့်ပြဿနာ အကြီးကြီးဖြစ်လာလိမ့်မယ်” လို့ သူက ဆိုပါတယ်။ တူရကီနိုင်ငံ အိုအိုင်စီ ကိုယ်စားလှယ်ဖြစ်သူ နိုင်ငံခြားရေး ဝန်ကြီး Davutoglu က အတွင်းရေးမှူး အိဟ်ဆန်နိုဂလူနဲ့အတူ မြန်မာနိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းကို ကူညီဖြေရှင်းပေးဖို့ အတွက် စီမံကိန်းလုပ်ငန်းစဉ် ဒီဇိုင်းတစ်ခုကို တင်ပြခဲ့ပါတယ်။

 

“ဒီလုပ်ငန်းစဉ်မှာ လူ့အဖွဲ့အစည်းဝင်တွေကြားမှာရှိတဲ့ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုတွေကို ဖြေလျော့ရေး၊ လူသားချင်းစာနာမှုအကူအညီများကို ဆောလျင်စွာ ပေးပို့နိုင်ရေး၊ OIC နဲ့ မြန်မာအစိုးရကြား အပြန်အလှန်ဆွေးနွေးဖလှယ်မှု ယန္တရားတစ်ခု ထူထောင်ရေး၊ မြန်မာနိုင်ငံက သံရုံးတစ်ခုခု (တူရကီ သံရုံးဖြစ်နိုင်ချေရှိ)နဲ့ ကြားခံဆက်သွယ်ပြီး အကောင်ထည်ဖော် ဆောင်ရွက်ရေးတို့ ဖြစ်ပါတယ် ” လို့ Davutoglu က အကျယ်တဝင့်ပြောပြသွားသည်။

 

ရိုဟင်ဂျာအသိုင်းအဝိုင်းက အများဆုံးပါဝင်တဲ့ ရခိုင်ပြည်နယ်က မွတ်စလင်တွေဟာ ကိုယ်စားလှယ်အဖွဲ့ကို ဖုံထူထူလမ်းတွေကနေ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်လို့ အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

 

ဗုဒ္ဓဘာသာရခိုင်တွေနဲ့ တွေ့ဆုံရာမှာတော့ အိဟ်ဆန်နိုဂလူက OIC ဟာ ဘာသာရေးအဖွဲ့လည်း မဟုတ်သလို မြန်မာပြည်မှာ အစ္စလာမ်ဖြန့်ချိရေးလုပ်မယ့်အဖွဲ့လည်း မဟုတ်ပါဘူး၊ မွတ်စလင်တွေကိုသာ ကူညီမှာမဟုတ်ဘဲ ပဋိပက္ခကြောင့် ထိခိုက်ခံစား ခဲ့ရသူအားလုံးကို ခွဲခြားဆက်ဆံမှု မရှိဘဲ အကူအညီ ပေးသွားမှာပါလို့ ထပ်ကာတလဲလဲ ပြောကြားခဲ့ကြောင်း အဆိုပါ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

 

အတွင်းရေးမှူးနဲ့ နိုင်ငံတကာသံတမန်များအဖွဲ့ဟာ သောကြာနေ့က သပြုချိုင်ဗလီမှာ စုပေါင်းဝတ်ပြုတဲ့အချိန်မှာတော့ ဒေသခံ ထောင်နဲ့ချီပြီး ပါဝင်ဝတ်ပြုခဲ့တာတွေ့ရပါတယ်။

 

အိုအိုင်စီအကြီးအကဲက ဒေသခံတို့ရဲ့ နာကျင်ခံစားရမှု အတွေ့အကြုံတွေကို စိတ