အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
ဗုဒ္ဓဟူးနေ့

၂၇ နိုဝင်ဘာ ၂၀၁၃

၂၀:၃၀:၀၀
484250

ဒါကို ဗုဒ္ဓအကြမ်းဖက်ဝါဒီဟု ခေါ်(ဝေါ်)သင့်သလား? (By ဒေါက်တာ မောင်ဇာနည်)

အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန၊အဗ်နာ

ဆောင်းပါးရှင်- (ဒေါက်တာ)မောင်ဇာနည် ဘာသာပြန်-မြင့်မိုရ်မောင်မောင်

 

များမကြာသေးမီက လူပေါင်းရာကျော်သေဆုံးစေပြီး တစ်သောင်းနှစ်ထောင်ကို အိုးမဲ့အိမ်မဲ့ဖြစ်သွားစေသည့် မွတ်စ်လင်မ် လူနည်းစုအပေါ် အကျည်းတန်စွာပြုလုပ်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများ၏ ဗဟိုချက်၌ မြန်မာနိုင်ငံ၏ ၉၆၉ အစွန်းရောက်လှုပ်ရှားမှု ရှိနေ၏။ သို့သော် သမ္မတဦးသိန်းစိန်အစိုးရ နှင့် ပြည်တွင်းရှိလူမျိုးကြီးဝါဒီတို့အကြား အပြန်အလှန် ပူးပေါင်းမှုတစ်ဖက်မှ ဗုဒ္ဓဘာသာဝင်ဘုန်းကြီးများ ဦးဆောင်ထားသည့်အုပ်စုကို နားမလည်နိုင်အောင် ဖြစ်ရသည်။

 

အောက်ပါ ဆက်နွှယ်ကဏ္ဍများကို စစ်ဆေးသုံးသပ်မှု မပြုဘဲ ရှင်းပြ၍ရနိုင်ဦးမည်မဟုတ်။

 

(က) နိုင်ငံတော်မှ ပြည်တွင်းနာဇီလက်သစ်ဗုဒ္ဓဘာသာဝင်များကို အပြစ်လွတ်အောင် ဆောင်ကြဉ်းပေးနေမှု (ခ) လူနည်းစုမွတ်စ်လင်မ်များအား မျိုးသုဉ်းရှင်းလင်းရေးလက္ခဏာများ ထင်ရှားလာနေသည့်ကြားမှ ဦးသိန်းစိန်၏ တုန့်ပြန်အရေးယူမှု မရှိခြင်း (ဂ) အကျဉ်းအကြပ်ကာလတစ်လျှောက်လုံး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အတိုက်အခံအုပ်စုတို့၏ အကျင့်ပျက်ယိုယွင်းချက်များ

 

အကြမ်းဖက်မှု၏ ပရမ်းပတာမြင်ကွင်းက တိုင်းပြည်၏လားရာ၊ ပြန်လည်ပြုပြင်မွမ်းမံရေးနှင့်စပ်လျဉ်း၍ အဓိက မေးခွန်းများစွာ ထွက်ပေါ်လာစေသည်။

 

၉၆၉ ဂိုဏ်း၏လှုပ်ရှားမှုသည် အဘယ်ကဲ့သို့ ရေပန်းစားကျယ်ပြန့်လာသနည်း၊ တိုင်းပြည်တစ်ခွင် အဘယ်ကဲ့သို့ ပျံ့နှံ့ရပါသနည်း ?

 

လူမျိုး နှင့် ဘာသာ သန့်စင်ရေး အတွက် ဦးထိပ်ထားသည်ဟု အသံထုတ်ချက်နှင့်အတူ ထွက်ပေါ်လာသော ခေတ်သစ် အမျိုးသားရေး လှုပ်ရှားမှုသည် ဗုဒ္ဓအနှစ်တရား၊ အမျိုးသားယဉ်ကျေးမှုနှင့် စီးပွားရေးအပေါ် တလွဲ အသုံးချထားသည်ဖြစ်၍ ၁၉၃၀ ခုနှစ်များအတွင်းက ဂျာမဏီနိုင်ငံ၏ နာဇီဝါဒနှင့် ကွဲလွဲခြားနားခြင်း မရှိကြောင်း၊တွေ့ရသည်။ ၄င်း ၉၆၉ လှုပ်ရှားမှုရေပန်းစားလာသည့် အဓိက  အချက်သုံးရပ် ရှိကြောင်းကို တွေ့ရသည်။

 

ပထမအချက်မှာ ၉၆၉ ခေါင်းဆောင် ဦးဝီရသူကဲ့သို့ ဗုဒ္ဓဓမ္မသင်ကြားရေးဌာနများမှ စစ်သွေးကြွ ဗုဒ္ဓဘာသာဝင်ဟောပြောသူ အချို့က အထွေထွေစီးပွားရေး အကြပ်အတည်းများ နှင့် လူ့အဖွဲ့အစည်းအတွင်း ယဉ်ကျေးမှုပျက်စီးနေမှုအတွက် ပြည်တွင်း မွတ်စ်လင်မ်တို့ကို ဓားစာခံအဖြစ် အမိအရ ပြုလုပ်ခဲ့ကြသည်။ ဗမာလူမျိုးတို့ကို မွတ်စ်လင်မ်တို့၏ စီးပွားရေးလက်ဝါးကြီးအုပ်မှုနှင့် ဂုတ်သွေးစုပ်မှုကို စုပေါင်းခံစားရသည့် သားကောင်များအလား ပုံဖော်ကြသည်။

 

ဒုတိယအချက်မှာ ၉၆၉ အုပ်စုသည် အစဉ်အလာရှိခဲ့သော မွတ်စ်လင်မ်ဆန့်ကျင်ရေးဝါဒကို လူများစု ဗုဒ္ဓဘာသာဝင်များအကြား မနေမနား ပေါက်ပေါက်ဖောက်ကြသည်။

 

တတိယအချက်မှာ ရဲဌာန၊ ထောက်လှမ်းရေး၊ စစ်တပ်၊ ဌာနဆိုင်ရာ နှင့် မီးသတ်တပ်ဖွဲ့ပင်မကျန် ဦးသိန်းစိန်၏ စီမံမှုအောက်၌ ရှိနေကြကုန်သော နိုင်ငံ့ဝန်ထမ်း အားလုံးနီးပါးက မြင်သာထင်သာစွာ နာဇီလက်သစ် ဗုဒ္ဓဘာသာဝင်များ အုပ်စုကို ပြစ်ဒဏ်မှ ဘေးမဲ့ပေးထားသည့် အပြင် အားပေးအားမြှောက်ပြုလုပ်နေကြပေသည်။

 

နေပြည်တော်အစိုးရသည် အစွန်းရောက်လှုပ်ရှားမှုများအပေါ် မည်သည့်ဖြိုခွင်းမှု ပြုလုပ်ပါသနည်း ?

 

ယမန်နှစ် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်၌ ရိုဟင်ဂျာမွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုနှင့်ပတ်သက်၍ လွှတ်တော် အစည်းအဝေးတွင် ဦးသိန်းစိန်မှ လူမျိုးရေး မုန်းတီးမှုဖြန့်ချိနေသည့် နိုင်ငံရေးပါတီများ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ကို တရားဝင်ပြစ်တင် စကားဆိုခဲ့သည်။ သို့သော်လည်း သူ၏ အစိုးရအဖွဲ့သည် မွတ်စ်လင်မ် ဆန့်ကျင်ရေးအမုန်းတရား သို့မဟုတ် ရိုဟင်ဂျာမုန်းတီးရေးတို့ကို ပြောင်ပြောင်တင်းတင်း သွတ်သွင်းလှုံ့ဆော်နေသူ မည်သူတစ်ဦးကိုမျှပင် မည်သည့်အရေးယူမှုများ မပြုလုပ်ခဲ့ကြ။ လူ့အဖွဲ့အစည်းအတွင်း မွတ်စ်လင်မ်ဆန့်ကျင်ရေး

 

အမုန်းတရားများကို ဖြန့်ဝေ သွတ်သွင်းခြင်း၊ မွတ်စ်လင်မ်တို့အား တစ်ဆင့်ချင်း လက်စတုံးပစ်ရန် လှုံ့ဆော်ခြင်း၊ လူ့အဖွဲ့အစည်း အပေါ် သြဇာသုံးခြင်း စသည်တို့ကို လုပ်ဆောင်နေကြသူ ဗုဒ္ဓဘာသာဝင်တစ်ဦး တစ်လေကိုမျှပင် သူ၏အာဏာပိုင်တို့မှ ထိန်းသိမ်းခြင်း သို့မဟုတ် ဟန့်တားခြင်းလည်း မရှိခဲ့ချေ။

 

“ နိုင်ငံရေးပါတီများ၊ အချို့ဘုန်းတော်ကြီးများနှင့် တစ်သီးပုဂ္ဂလများထံ၌ လူမျိုးရေး မုန်းတီးမှု ကြီးထွားမြင့်တက်လာနေသည်။ ၄င်းတို့သည် ပြည်တွင်းနှင့်ပြည်ပရှိ (ရခိုင်)လူ့အဖွဲ့အစည်းများနှင့်ပင် ပတ်သက် အားပေးမှုရှိနေသည် ” ဟု ပါလီမန်သို့ သြဂုတ်လကတင်သွင်းသော သမ္မတအစီရင်ခံစာ၌ ဖော်ပြထား၏။ ထို့ကြောင့် အနောက်တိုင်းထိပ်တန်း မီဒီယာများမှ ခေါင်းကြီး သတင်းအဖြစ် တခမ်းတနား ဖော်ပြထားသော ဦးသိန်းစိန်၏ သဟဇာတအတူ ယှဉ်တွဲနေထိုင်ရေးအဆို နှင့် သူ့အစိုးရ၏တုန့်ပြန်ဆောင်ရွက်မှုမရှိခြင်းအကြားဝယ် တံတားထိုးမရနိုင်သည့် ကွက်လပ်ဖြစ်နေပေသည်။

 

အကြမ်းဖက်လူအုပ်ကြီးက မျက်မှောက်၌သောင်းကျန်းနေပါလျက် ဒေသခံရဲတပ်ဖွဲ့များသည် မတုန်မလှုပ် ရပ်ကြည့်နေခဲ့ကြောင်း ဟူသည့် သူ့အစိုးရ၏ တုန့်ပြန်ဆောင်ရွက်မှု မရှိပုံကို အထက်ပါ မီဒီယာများကပင် လေ့လာသုံးသပ် တင်ပြမှု မပြုခဲ့ကြ။

 

မည်သူမဆို မြန်မာနိုင်ငံတစ်ဝှန်းတွင် များမြောင်လှစွာသော မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုံ့ဆော်ချက်များ၊ စီဒီနှင့်ဒီဗီဒီများ၊ ပုံနှိပ်ထုတ်ဝေမှုများကို အလွယ်တကူ တွေ့မြင်နိုင်ပါသည်။  ပိုမိုပွင့်လင်းမြင်သာလာသော နိုင်ငံ့လူမှုဝန်းကျင်၌ မွတ်စ်လင်မ်ဆန့်ကျင်ရေး သတင်းလိမ်များ၊ မုန်းတီးရေးအမြင်များဖြန့်ဝေရန် တရားဝင် ခွင့်ပြုသည့်နှယ် ဖြစ်နေခဲ့သည်။ သို့တစေ Voice Weekly သတင်းစာမှ သတ္ထုတွင်းဝန်ကြီးဌာန၏အလွဲသုံးစားမှုဆိုင်ရာ ဆောင်းပါးတစ်ပုဒ်မျှ ပုံနှိပ်ဖော်ပြရာတွင်မူ အာဏာပိုင်များက တရားစွဲခဲ့ပေသည်။

 

အစ္စလာမ်အပေါ်အမြင်မှားကြောက်ရွံ့ပြီးအကြမ်းဖက်လာအောင်စီစဉ်သူများ၊ အမုန်းတရားပွဲများကို ဦးသိန်းစိန်အစိုးရမှ နည်းလမ်းတကျ မနှိမ်နင်းပါလျှင်၊ မွတ်စ်လင်မ်နှင့်အခြား တိုင်းရင်းသား လူနည်းစုများအပေါ် ကျူး