အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
သောကြာနေ့

၂၉ နိုဝင်ဘာ ၂၀၁၃

၂၀:၃၀:၀၀
484852

မြန်မာပြည်မှာ အပြန်အလှန် အကြမ်းဖက်မှု ဆိုတာ မရှိခဲ့ (ဘာသာပြန် ဆောင်းပါး)

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

  ဆောင်းပါးရှင်- Rachel Wagley ဘာသာပြန်- မြင့်မိုရ်မောင်မောင်

ဓာတ်ပုံအညွှန်း – အဓမ္မနေရာရွှေ့ပြောင်းခြင်း နှင့် ခွဲခြားချိုးနှိမ်ဆက်ဆံခြင်း ခံစားနေရဆဲ ရိုဟင်ဂျာများ

(Evangelos Petratos EU/ECHO January 2013)

 

၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံမှ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်သော ထုတ်ပြန်စာတစ်စောင် ထွက်လာခဲ့သည်။ မြန်မာပြည်ရှိ မွတ်စ်လင်မ်များကို တိုက်ခိုက်ရာ၌ “အပြန်အလှန် အကြမ်းဖက်မှု”၊ “လူမျိုးရေးအကြမ်းဖက်မှု”၊ “လူ့အဖွဲ့အစည်းဆိုင်ရာပဋိပက္ခ” ဟူသောအသုံးအနှုန်းဖြင့် မြန်မာအစိုးရမှ အဖန်တလဲလဲ သုံးနှုန်းဖော်ပြနေကြသည်။ ၂၀၁၂ ခုနှစ် ဇွန်လ နှင့် အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်၌ဖြစ်ပွားသော တိုက်ခိုက်မှုဖြစ်ရပ်များအပေါ် အထူးရည်ညွှန်းသုံးစွဲခဲ့ကြသည်။ ယင်းအသုံးအနှုန်းများမှာ အတိုင်းအတာတစ်ရပ်အထိတော့ လက်ခံနိုင်သေး၏။ သို့ရာတွင် မြန်မာပြည်အနှံ့ ဆက်လက်ဖြစ်ပွားလာသော မွတ်စ်လင်မ် ဆန့်ကျင်ရေးတိုက်ခိုက်မှုများကို ဤအသုံးအနှုန်းများဖြင့် လွှမ်းခြုံဖော်ပြနေသည်မှာ တိကျမှန်ကန်မှုမရှိသည်သာမက လူမိုက်အားပေး အဆင့်သို့ပင် ရောက်သွားစေပါသည်။ မွတ်စ်လင်မ်တို့သည် ၂၀၁၃ ခုနှစ်အတွင်း အကြမ်းဖက်သားကောင်များ နှင့် အကြမ်းဖက် ကျူးလွန်သူများ နှစ်မျိုးလုံး တစ်ပြိုင်တည်းဖြစ်နေသည့် လူ့အသိုင်းအ၀ိုင်း တစ်ရပ်ကဲ့သို့ အထင်ရောက်အောင် အထင်လွဲအမြင်မှား သွားစေပါသည်။ မြန်မာနိုင်ငံ၏မွတ်စ်လင်မ် ဆန့်ကျင်ရေး အနေအထား၌ ဤသို့အထင်မှားမှုသည် မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို လက်ခံအောင်ပြုရာရောက်နေ၏။ ထို့အပြင် ဤလှုပ်ရှားမှုများအတွင်း အာဏာပိုင်များ၏ ပါဝင်ပတ်သက် ကျူးလွန်နေမှုများကိုလည်း အာရုံလွှဲလိုက်ခြင်းပင်ဖြစ်သည်။

 

ရခိုင်ပြည်နယ်၌ဖြစ်စေ မြန်မာနိုင်ငံ အတွင်းပိုင်း၌ဖြစ်စေ လူမျိုးရေး ဘာသာရေးဆိုင်ရာ ဆက်ဆံမှုများမှာ နှစ်ပေါင်းများစွာ အာဏာပိုင်တို့၏ ကောက်ကျစ်မှု၊ ဘက်လိုက်မှု၊ စွက်ဖက်စော်ကားပြောဆိုမှု၊ အစီအစဉ်ချ မှိုင်းတိုက်မှုများအပေါ် အခြေခံ၍ မယုံနိုင်စရာကောင်းလောက်အောင် ရှုပ်ထွေးသွားရသည်။ သို့ဖြစ်ရာ ဤနှစ်ပိုင်းအတွင်း တိုက်ခိုက်မှုများသည် အပြန်အလှန်/ပဋိပက္ခ ဟူ၍ မဟုတ်လေပြီ။ အပြန်အလှန်အကြမ်းဖက်မှု (တစ်နည်း) ပဋိပက္ခ Communal Violence ဟူသည် ဥပမာအားဖြင့် လူမျိုး သို့မဟုတ် ဘာသာရေးအုပ်စုနှစ်စု အတွင်း အပြန်အလှန်အကြမ်းဖက်/တိုက်ခိုက်မှုကို ဖော်ပြသုံးနှုန်းသည့် ဝေါဟာရ တစ်ခုဖြစ်၏။ အုပ်စု ၂စု သို့မဟုတ် ၄င်းတို့ထက် ပိုမိုပါဝင်နေသည့် အုပ်စုများမှာ အကြမ်းဖက် ကျူးလွန်သူများနှင့် အကြမ်းဖက်ခံ သားကောင်များအဖြစ် ခေါ်ဆိုနိုင်ပါသည်။ သို့သော် လွန်ခဲ့သောနှစ်မှ စ၍ မြန်မာနိုင်ငံရှိ မွတ်စ်လင်မ်တို့မှာ စတင် အကြမ်းဖက် ကျူးလွန်မှုမျိုး မပြုထားကြ။ ဗုဒ္ဓဘာသာဝင်များ ဦးဆောင်သည့် ၀ါဒဖြန့်လှုံ့ဆော်မှုများ၊ မီဒီယာများ၊ ခွင့်ပြုချက်များ၊ ခွဲခြားခြင်းအခြေတည်နိုင်ငံရေးနှင့် ဘာသာရေး လှုပ်ရှားမှုများ၊ မဲပေးခွင့် မရစေမှုများ၊ ဘက်လိုက်တရားစီရင်မှုများ၏ ဓားစားခံ သားကောင်တို့မှာ မွတ်စ်လင်မ်များသာလျှင် ဖြစ်နေကြောင်း ရှင်းလင်း ထင်ရှားလျက်ရှိနေပေသည်။

 

အပြန်အလှန်၊ ပဋိပက္ခ နှင့်အလားတူ သုံးနှုန်းဖော်ပြမှုများက ဆိုးကျိုးနှစ်ရပ်ကို ပေါ်ပေါက်စေသည်။ ၁။ မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုများ၏ ဇာစ်မြစ်နှင့် သဘော သဘာဝကို နားလည်မှုလွဲမှားကြီးထွားလာစေသည်။ ၂။ အကြမ်းဖက်မှုကို အားပေးနေသည့် ခွဲခြား ဆက်ဆံမှုဆိုင်ရာ ဥပဒေနှင့်နိုင်ငံရေး ဆက်စပ်မှုများကို မမြင်တော့ဘဲ မွတ်စ်လင်မ်နှင့်ဗုဒ္ဓဘာသာဝင်တို့၏ အော်သံများ အပေါ် ပြည်သူတို့မှ စိတ်ဝင်သွားစေရန် ဦးတည်လိုက်ခြင်းဖြင့် အကြမ်းဖက်မှုအတွင်း အစိုးရ၏ပါဝင်မှုအခန်းကဏ္ဍအား ပြည်ဖုံးကားချလိုက်ရာ၌ အထောက်အကူဖြစ်စေသည်။

 

ဤဆိုးကျိုးနှစ်ရပ်က ပြဿနာဖြေရှင်းရေး၏လမ်းကြောင်း အစစ်အမှန်ကို အစဖျောက်လိုက်ပါတော့သည်။

 

ယင်းသို့သုံးနှုန်းလိုက်ခြင်းကြောင့် မီဒီယာနှင့် ကမ္ဘာ့ဇာတ်စင်ပေါ်ရှိသူများသည် ပြဿနာ၏ အကြောင်းရင်းမှန်မှ လမ်းချော်ကာ၊ လူထု အတွေးအမြင်နှင့်မူဝါဒများကို အမှားမှား အယွင်းယွင်းဖြစ်စေသော ဆွေးနွေးငြင်းခုံမှုများထဲ နစ်ဝင်သွားကြသည်။ အကယ်၍များ အပြန်အလှန်အကြမ်းဖက်မှု (၀ါ) ပဋိပက္ခဖြစ်စဉ်မှန်ပါက ယင်းပြဿနာများအပေါ် အုပ်စုအားလုံးမှ တူညီစွာ ပြစ်တင်ဝေဖန်ရှုတ်ချမှုများ ရှိရပေမည်။ ယခုသော် တကယ့်သားကောင်များမှာ တရားစီရင်ရေးနှင့်ဥပဒေစိုးမိုးရေး၌ ကျူးလွန်သူများထက် တစ်ဖက်စောင်းနင်းဆက်ဆံခံနေရ၏။ အကြောင်းသော် သူတို့သည်သာ ကျူးလွန်သူတရားခံများအဖြစ် တမင်ကောက်ကျစ်စွာ အသိသွင်းခံရသောကြောင့် ဖြစ်ပေသည်။ သူတို့၏ လူမျိုးစု၊ ဘာသာရေးအသင်းအဖွဲ့များပင်လျှင် ထိုအစွန်းအထင်း မကင်းစင်ခဲ့။

 

ဤအရေးအရာများကို အပြန်အလှန်/ပဋိပက္ခအဖြစ် ဖော်ပြနေခြင်းသည် – ဗမာလူမျိုးနှင့်ဗုဒ္ဓဘာသာမဟုတ်သူများမှာ နိုင်ငံသားဖြစ်ခြင်းနှင့်တင်းပြည့်ကျပ်ပြည့်မထိုက်တန် ဟူသည့် အတွေးအမြင်အား အခြေပြုထားသော ဗမာအစိုးရ၏ လူမျိုးဘာသာခွဲခြားခြင်းမူဝါဒအပေါ်လည်း အမြင်လျှမ်းသွားစေခြင်းဖြစ်သည်။ အစိုးရသည် နှစ်ပေါင်း များစွာကတည်းက ၄င်း၏လူမျိုးဘာသာခွဲခြားရေးအစီအမံအား – ခွဲခြားချိုးနှိမ်ဆက်ဆံသောဥပဒေနှင့်လည်းကောင်း၊ လူနည်းစုမွတ်စ်လင်မ်တို့အပေါ် ထင်သာမြင်သာ အကြမ်းဖက်မှုနှင့်လည်းကောင်း အလျဉ်မပြတ်အောင် ဖန်တီးထားခဲ့၏။

 

၁၉၇၈ ခုနှစ် နဂါးမင်းစီမံချက်/စစ်ဆင်ရေးက မြန်မာအစိုးရ၏ခွဲခြားချိုးနှိမ်ဆက်ဆံမှုအစီအမံအား နားလည်သဘောပေါက်စေသည့် မီးမောင်းထိုးပြချက်တစ်ခုဖြစ်သည်။ ၄င်းစစ်ဆင်ရေးကာလအတွင်း ရိုဟင်ဂျာ နှင့် လူနည်းစုဝင်အခြားအုပ်စုများ၏ တရားဝင်တည်ရှိမှုကို ပယ်ဖျက်သောအားဖြင့် အာဏာပိုင်နှင့်ဒေသခံတို့မှ သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားချက်၊ ဖျက်ဆီးမှုတို့ကို သုံး၍ မျိုးသုဉ်းပျောက်ကွယ်အောင် ကြံဆောင်ခဲ့ကြသည်။ ထိုစဉ်က ရခိုင်ပြည်ရှိ ရိုဟင်ဂျာပေါင်း နှစ်သိန်းမှာ မြန်မာပြည်ပြင်ပသို့ မောင်းထုတ်ခံကြရသည်။ ၂၀၀၀ ခုနှစ်များ တစ်လျှောက်တွင်လည်း ရိုဟင်ဂျာနှင့် အခြားမွတ်စ်လင်မ်တို့ကို တမင်ကြံစည် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။

 

မွတ်စ်လင်မ်တို့အပေါ် သမိုင်းနှင့်ချီ၍ ခွဲခြားချိုးနှိမ်ဆက်ဆံမှုများက ၂၀၁၂-၂၀၁၃ တိုက်ခိုက်မှုအားလုံးနီးပါး၌ အစိုးရလုံခြုံရေးတပ်ဖွဲ့များကို ငုတ်တုတ်ရပ်ကြည့်စေခဲ့သည် သာမက၊ ၄င်းတို့သည် မွတ်စ်လင်မ်တ