အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : msm (myanmar shia muslim )
စနေနေ့

၃၀ နိုဝင်ဘာ ၂၀၁၃

၂၀:၃၀:၀၀
485125

ရှီအာများ၏ ဖြစ်ပေါ်ဖန်တီးမှု

ရှီအာများ၏ ဖြစ်ပေါ်ဖန်တီးမှု  عن الصادق (علیه السلام) قال: شیعتنا جزء منا، خلقوا من فضل طینتنا ، یسوؤهم ما یسوؤنا و یسرهم ما یسرنا، فإذا ارادنا احد فلیقصدهم فإنهم الذی یوصل منه الینا. امالی شیخ طوسی ج1،ص 305 စကားပြေအဓိပ္ပာယ် အေမာမ်ဂျအ်ဖွာရ်ဆွာဒစ် (ع) မိန့်တော်မူလေသည်။ ကျွန်ုပ်တို့၏ ရှီအာသည် ကျွန်ုပ်တို့၏ အစိတ်အပိုင်းဖြစ်ချေသည်။ ၎င်းတို့အား ကျွန်ုပ်တို့၏ သန့်စင်သန့်ပြန်သည့်မြေမှ ဖန်ဆင်းထားခြင်းဖြစ်ပေသည်။ ကျွန်ုပ်တို့ကို ဒုက္ခ၊ သောကဖြစ်စေ သောအရာသည် ၎င်းတို့အဖို့လည်း ဒုက္ခ၊ သောကကို ဖြစ်စေလေ သည်။ ကျွန်ုပ်တို့ကို ပီတိ၊ ၀မ်းမြောက်ဝမ်းသာဖြစ်စေသည့်စကားသည်လည်း၎င်းတို့အဖို့ ပီတိ ၀မ်းမြောက် ၀မ်းသာကို ဖြစ်စေပေသည်။ အကြင်မည်သူမဆို ကျွန်ုပ်တို့နှင့်နီးစပ် နီးကပ်ရင်းနှီးလိုလျှင် ၎င်းတို့ထံ ချည်းကပ်ပါလေ။ အကြောင်းမှာ ၎င်းတို့သည် ကျွန်ုပ် တို့နှင့် သာမန်မနုဿ၊ ပုထုဇဉ် လူသားများအကြား အမှီခံ၊ ဆက်နွယ်ပေးသူများ ဖြစ် ချေသည်။ ညွှန်း - အမာလီရှိက်ခ် သူစီ(ရ.ဟ)ကျမ်း အတွဲ (၁) စဉ်းစား၊ မှတ်သား၊ ပညာယူစရာနှင့် ပြုပြင်စရာများ အထက်ဖော်ပြပါဟဒီးစ်တော်အား လေ့လာသုံးသပ်ခြင်းဖြင့် အထင်အရှားသိမြင် ရမည့်အချက်မှာ အဟ်လေ့ဘိုက်(သ)(အ.စ) ၏ နှစ်သက်သည့်အရာများသည် ၎င်းတို့၏ စစ်မှန်သော ရှီအာများ၏နှစ်သက်ရပေမည်။ ထိုအတူ မုန်းတီးရွံရှာသော အရာများ သည် လည်း ရှီအာအစစ် အမှန်များ မုန်းတီးရွံ ရှာလေ၏ ။ ဤအတွက်ကြောင့် အလ်လေ့ဘိုက်(သ) မည်သည့်အရာများကို နှစ်သက် မြတ်နိုး တန်ဖိုးထားကြောင်း၊ မည်သည့်ကိစ္စများကို မုန်းတီး၊ မနှစ်မြို့ကြောင်း အသေအချာ သိရှိထားဖို့၊ လေ့လာလိုက်စား၊ ကျင့်သုံးနာယူရန် ရှီအာစစ် ရှီအာမှန် ဖြစ်လိုသူတိုင်း၏ သမိုင်းပေး တာဝန်တစ်ရပ်ဖြစ်ပေသည်။ ဤအတွက်ကြောင့် အဟ်လေ့ဘိုက်(သ) သည်အလ္လာဟ်ဟိုအသျှင်သခင်၏ လမ်းစဉ်တွင် လှူဒါန်းပေးကမ်းခြင်းကို နှစ်သက်မြတ်နိုး၏။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို ရှီအာဟုလည်း ကြွေးကြော်၏။ သို့သော် အလ္လာဟ်ဟို အသျှင်မြတ်လမ်းစဉ်တွင် လှူဒါန်းဖို့ စိတ်မပါဆိုလျှင် စဉ်းစားစရာ ၎င်းတို့သည် နမာဇ်၊ ရိုဇာ၊ ခွမ်းစ်စသည်ဖြင့်ကို နှစ်သက်၏ လက်တွေ့လုပ် ဆောင် ခဲ့ကြလေ၏။ ကျွန်တော်တို့ကမှု ..... ၎င်းတို့သည် မာန၊အတင်းအဖျင်း၊ ကောက်ကျစ်သူ၊ စကားအပေးအယူပြုမှုစသည့် မကောင်းမှုဒုစရိုက်များကို ရွံမုန်း၍ လုံးဝရှောင်ကြဉ်ကြလေ၏ ။ ကျွန်တော်တို့က ရှင်းပြဖို့ပင်မလို သင်ခန်းစာများ (၁) ရှီအာများသည် အဟ်လေ့ဘိုက်(သ)(အ.စ) ၏အစိတ်အပိုင်းဖြစ်လေရာ ရှီအာ များကို ပုတ်ခတ်စွပ်စွဲမတရားပြောသူများ၊ ယုတ်စွ ကာဖေရ်ဟုပြောသူများ သည်ကိုယ်တော်မြတ်(ဆွ)၏ အနွယ်တော်မွန်များကို ပြောဆိုခြင်း မည်သွား လေ၏ ။ (၂) ရှီအာများသည် ကိုယ်တော်မြတ်(ဆွ)နှင့် အဟ်လေ့ဘိုက်(သ)(အ.စ)တို့၏ အကြိုက်ကို သာကြိုက်ပြီး၊ မနှစ်မြို့ကိုလည်း မနှစ်မြို့ကြချေ။ အေးအတူ ပူ အမျှ ၀မ်းသာအတူ ၀မ်းနည်းမလွဲပင်တည်း။ (၃) အလ္လာဟ်ဟိုအရှင်မြတ်ထံရောက်ဖို့ နီးစပ်ဖို့ ချည်းကပ်နိုင်ရန် တမန်တော် မြတ်ကြီး(ဆွ) ၏ ၀ဇီလာလိုလေ၏။ ကိုယ်တော်ထံရောက်နိုင်ရန် အဟ်လေ့ ဘိုက်(သ)(အ.စ) ၏ ၀ဇီလာလိုပြန်လေသည်။ အနွယ်တော်မွန်များ ထံရောက် ရန်တစ်ခါ ရှီအာအစစ်အမှန်တို့လိုပြန်ကြောင်းထင်ရှားနေလေ၏။ ဤအတွက် ကြောင့် အဆင်မကျော်နိုင်ကြောင်းဆိုသည့်အချက်ကိုမေ့မရချေ။ ၀မ်းနည်းစရာဤမျှအဆင့် သရ်ဂျာကြီးကျယ်မြင့်မြတ်သည့်ရှီအာအားယနေ့ မိမိ ကိုယ်မိမိ မွတ်စလင်မ်ဟု ခံယူထားသူ အရေခြုံအတုများအနေဖြင့် သူခိုးကလူပြန်ဟစ် ဆိုသည့် အခြေအနေသို့ ရောက်နေလုပ်နေကြလေသည်။ REF : ရှီအာစစ်၊ ရှီအာမှန်တို့၏ ဂုဏ်ရည်များပြ ဟဒီးစ်တော် အပါး(၄၀) စာအုပ်မှ