အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : msm (myanmar shia muslim )
တနင်္ဂနွေနေ့

၁ ဒီဇင်ဘာ ၂၀၁၃

၂၀:၃၀:၀၀
485206

နဂျဖ် - ရှီအာမူဆလင်(မတို့ ၏ ပညာနှင့် အရည် အသွေး ၊ အစ္စလာမစ် ယဉ်ကျေးမှု ၏ မူလအစ တည်နေရာ

မြင့်မြတ်သောနဂျဖ်မြို့တော်သည်နှစ်ပေါင်းတစ်ထောင်အရင်တည်းကရှီအာပညာနှင့်အရည်အသွေး၏ကုန်းမြေ၊ အဟ်လူးလ်ဘိုင်တ်(အလိုင်ဟူမူစ္စလာမ်)၏နောက်လိုက်သူများခိုလှုံရာနေရာ ဌာန၊ ထင်ပေါ် ကျော်ကြားသော ရှီအာပုဂ္ဂိုလ်များအတွက်သန့်ရှင်းမွန်မြတ်သောနေရာဌာနနှင့်ပညာဆည်းပူးမှု ရင်းမြစ် များအတွက်လေ့ကျင့် ပေး ရာဌာနဖြစ်သည်။

  

 

 

ယင်းမြို့တော်၏ယဉ်ကျေးမှုပြုသည့်အခြေအနေကိုယနေ့တိုင်ထိမ်းသိမ်းထားပြီးကြီးကျယ်မြင့်မြတ်သောအစ္စလာမစ်ယဉ်ကျေးမှု၏အမှတ်အသားများကိုမြို့တော်တစ်ခုလုံးတွင်တွေ.နိုင်သည်။

 

 

နဂျဖ်မြို့တော်၏အဓိကကျသောနေရာသည်အီရားခ်နိုင်ငံ၏အထွတ်အမြတ်ထားသောနေရာများတွင်ပါဝင်သည်။

 

 

 

နဂျဖ်မြို့သည်ကမ္ဘာပေါ်ရှိသန့်ရှင်းမွန်မြတ်သောမြို့များတွင်ပါဝင်သည်။ လူသားတို့အခြေ စိုက်နေထိုင်ခဲ့သည်မှာ

 

နှစ်ပေါင်း ၆ သောင်းခန့်ရှိသည်။ နဂျဖ်မြို့သားအများစုသည်ခရစ်သက္ကရာဇ် ၄ရာစုတွင်ခရစ်ယာန်ဘာသာ ကိုလက်ခံခဲ့ပြီးယနေ့တိုင်ခရစ်ယာန်ဘုန်းကြီးကျောင်းများ၏အကြွင်းအကျန် များကျန်ရှိသေးသည်။ နဂျဖ်မြို့သည် ယခင်ကစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးအချက်အချာကျသောပင်လယ်ကမ်းခြေမြို့ဖြစ်သည်။နဂျဖ်

 

ပင်လယ်မခန်းမီအရင်နဂျဖ်ဆိပ်ကမ်း၌အန္ဒိယနှင့်တရုပ်ပြည်တို့မှသင်္ဘောများဆိုက်ကပ်လေ့ရှိသည်။ အရဘ် လက်ရေးလက်သားသည်နဂျဖ်နေသူများမှတဆင့်ဟီဂျားဇ် (ယခုဆော်ဒီအရေးဗျား)သို့ရောက်ရှိပြီး  တာအီးဖ်နှင့် ခူရိုင်းရှ်မှလူသူအများကသင်ယူခဲ့ကြသည်။ အစ္စလာမ်သာသနာပေါ်ထွန်းပြီးနောက်နဂျဖ်မြို့သားများအကောင်း ဆုံး စံထားလောက်အောင်ကြိုးပမ်းပြုပြင်ခဲ့သည့် ကူဖီ လက်ရေးစာ ရေးပုံရေးနည်းမှာယနေ့တိုင် အစ္စလာမစ် လက်ရေးနည်းအတတ်ပညာတွင်ဂုဏ်ယူဖွယ်ဖြစ်သည်။

 

 

 

ခရီဇ်သက္ကရာဇ် ၆၃၃၊ ဟီဂျရီ ၁၂ ခုနှစ်တွင်မူဆလင်(မ)စစ်တပ်များသည်နဂျဖ်နယ်မြေဒေသတွင်းဝင်ရောက်ခဲ့ပြီး

 

လေးနှစ်ကြာပြီးသော်ကူဖါမြို့တွင်တပ်စွဲကာနဂျဖ်သို့ဦးတည်ရာပတ်ဝန်းကျင်တွင်နေအိမ်များကိုရေရှည်နေထိုင်

 

ရန်အလို့ငှါတည်ဆောက်ခဲ့ပါသည်။  ကူဖါမြို့သည်စည်ကားလာပြီးဟီဂျရီ ၃၆ခုနှစ်တွင်အီမာမ်အလီ(အ.စ)သည် မဒီနာမြို့တော်မှကူဖါမြို့သို့ပြောင်းရွှေ.အခြေစိုက်ခဲ့သည်။

 

 

 

အီမာမ်အလီ(အ.စ)ရှဟီးဒ်ဖြစ်ပြီးသည့်နောက်နဂျဖ်ကိုအန်နဂျဖ်အလ်အရှ်ရဖ် (ထူးကဲစွာမြင့်မြတ်သောနဂျဖ်)ဟု

 

အမည်ပေးခဲ့ပါသည်။

 

 

 

နဂျဖ်မြို့သည်ဟီဂျရီ၅ရာစုနှစ်မှစ၍ကြီးပွားတိုးတက်လာရာဟီဂျရီး ၉ ရာစုနှစ်များတွင်အဆောက်အအုံများနှင့်စီး

 

ပွားရေးသည်ဖွံ.ဖြိုးလာပြီးကူဖါမြို့မှသိပ္ပံပညာရပ်များနှင့်အတူနေထိုင်သူများသည်လည်းနဂျဖ်မြို့တော်သို့ရွှေ.

 

ပြောင်းလာခဲ့ကြပါသည်။  သူပုန်များ၊ လူမျိုးစုများ၏ကျူးကျော်တိုက်ခိုက်မှုများနှင့်အုပ်ချုပ်သည့်ဘုရင်များ၏ရန် မှလွတ်မြောက်ရန်အီမာမ်အလီ(အ.စ)၏ရောင်ဇာရှိပြီးတံတိုင်းများနှင့်ကာရံထားသော မက်ရှ်ဟဒ်(နဂျဖ်)သို့ ပြောင်းရွှေ.လာကြသည်။ ဟဂျရီ၄၄၈ ခုနှစ်တွင်ရှီအာအာလီမ် ရှေးခ် တူစီ Shaikh  Tusi နဂျဖ်မြို့သို့ပြောင်းရွှေ.

 

လာပြီးသည့်နောက်အစ္စလာမ်ဘာသာရေးသိပ္ပံကျောင်းများလည်းတိုးတက်ဖွံ.ဖြိုးလာပါသည်။

 

နဂျဖ်၏အဓိပ္ပါယ်

 

 

 

အလ် ဂျူဟာရီ ရေးသားသည့်" စဟာဟ် " တွင် နဂျဖ်မြို့တော်ကို " ရေမတက်သောမြင့်သည့်နေရာ" ဟုအနက်

 

ဖွင့်ထားသည်။ အာရဗ်စကားပြောသူများအတွင်းမှာမူ နဂ်ျဖါ ( ထိုစကားလုံးမှသည် နဂျဖ် ဟူ၍ဆင်းသက်လာ သည် ) သည်တောင်ကုန်းကဲ့သို့သောမြင့်မားသည့်နေရာများ ကိုရည်ညွန်းကြသည်။

 

 

 

နဂျဖ်မြို့တော်၏အခြားအမည်များ။

 

 

 

သမိုင်းကျမ်းများ၌ဖေါ်ပြထားသောနဂျဖ်မြို့တော်၏လူအသိနည်းသောအခြားအမည်များမှာ - ကာရီ သို့မဟုတ် ကာရီယန် Qari ( Qarian ) ၊ မက်ရှ်ဟဒ် Mashhad ၊ အသ် သူးရ်  At Tur ၊ အသ် သဟရ် At  Tahr ၊ အလ် ဂျူဒီ  Al Judi ၊ အလ်ရဘ်ဘွာ Al Rabwa ၊ ဘန်ကီယား Banqia ၊ နှင့် အလ် လီစားန် Al Lisan တို့ဖြစ်ပါသည်။

 

 

 

အချို့သောသမိုင်းမှတ်တမ်းများအရ နူဟ် (အ.စ)၏ လှေသည်ဤနေရာ၌ဆိုက်ကပ်ခဲ့ပြီး နူဟ် (အ.စ) ၏ သား သမီးများသည်နဂျဖ်တွင်အခြေစိုက်ပြီးတစ်ကမ္ဘာလုံးသို့ပျံ့နှံ့ခဲ့သည်။တမန်တော်အီဗရာဟီးမ်(အ.စ)သည်လည်း နဂျဖ်မြို့တွင်နေထိုင်ခဲ့သည်ဟုဆိုထားသည်။

 

နဂျဖ်မြို့တော်၏ပထ၀ီအနေအထား။

 

နဂျဖ်သည်နဂျဖ်ပြည်နယ်၏မြို့တော်ဖြစ်သည်။အီရားခ်နိုင်ငံ၏ဗဟိုတွင်တည်ရှိပြီးမြို့တော်ဘဂ္ဂဒါးဒ်၏အနောက်

 

တောင်ဖက်ကီလိုမီတာ၁၆၀အကွာအဝေးတွင်တည်ရှိသည်။ နဂျဖ်ပြည်နယ်သည်ဆော်ဒီအရေးဗျားနှင့်တောင် ဖက်တွင်နယ်နမိတ်ဆက်စပ်လျှက်ရှိသည်။ မြောက်ဖက်တွင် ၀ါစီးသ် ဘာဘီးလ် Wasit Babil ပြည်နယ် နှင့် ကရ်ဘလာပြည်နယ်တို့ရှိပြီးအရှေ့ဖက်တွင် အလ်ကဒီစီယား Al Qadisiyyah နှင့် အလ်မူသန်ဟ်နာ Al  Muthanna ၊ အနောက်ဖက်တွင် အလ်အန်ဘရ် Al  Anbar ပြည်နယ်