အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : myanmamuslim
တနင်္ဂနွေနေ့

၁ ဒီဇင်ဘာ ၂၀၁၃

၂၀:၃၀:၀၀
485304

မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး ကူညီပေးမည်ပာု အစ္စလာမ် ဘာသာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် OIC ကိုယ်စားလှယ်များ ပြောကြား

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအခြေအနေ တည်ငြိမ်အေးချမ်းရန်၊ အခြေခံလူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ ဘက်ပေါင်းစုံတိုးတက်ဖွံ့ဖြိုးစေရေး အတွက် တစိုက်မတ်မတ် ကူညီပေးရန် အစ္စလာမ် ဘာသာရေး အဖွဲ့များမှ ခေါင်းဆောင်များက OIC အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပြီး OIC ကလည်း အဆိုပါ အချက်များကို လုပ်ဆောင် သွားနိုင်ရန် အတွက်အခက်အခဲ ပေါင်းစုံကြားမှ ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နေကြောင်း OIC ကိုယ်စားလှယ်များနှင့် တွေဆုံခဲ့သူ တစ်ဦးဖြစ်သည့် အစ္စလာမ် ဘာသာရေးရာ ကောင်စီ မှ အတွင်းရေးမှုးချုပ် ဦးတင်မောင်သန်းက မြန်မာ မွတ်စလင်မ်မီဒီယာသို့ ပြောသည်။

 

“ကျွန်တော်တို့ ထွေထွေထူးထူး မပြောလိုက်ရပါဘူး၊ ကျွန်တော်တို့ တိုက်တွန်း အကြံပြု ချင်တာတွေနဲ့ သူတို့ လုပ်မယ်လို့ ပြောတာတွေက ၉၀ ရာခိုင်နှုန်း လောက် တူနေပါတယ်” ပာု OIC အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သူ တစ်ဦးဖြစ်သည့် ဦးတင်မောင်သန်းက ပြောသည်။

 

မြန်မာနိုင်ငံအတွင်း လူမျိုးမရွေးဘာသာမရွေး ထောက်ပံ့ ပေးနိုင်ရန် စီစဉ်နေကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များအပေါ် အလေးထား ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အဓိက အားဖြင့် ရခိုင်ပြည်နယ် အတွင်းဖွံ့ဖြိုးရေးအတွက် ရေရှည်လုပ်ငန်းစဉ်များကို အဓိကဆောင်ရွက်သွားမည် ဖြစ်ကြောင်း စသည့် အချက်များကို OIC ကိုယ်စားလှယ်များက အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း အစ္စလာမ်သာသနာ ရေးရာကောင်စီဌာနချုပ် အတွင်းရေးမှုးချုပ် ဦးတင်မောင်သန်းက မြန်မာမွတ်စလင်မ် မီဒီယာသို့ပြောသည်။

 

ထို့အပြင် OIC အဖွဲ့အနေဖြင့် ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်များကို မြန်မာအစိုးရအနေဖြင့် အရေးယူ ဆောင်ရွက်ရန် တိုက်တွန်းထားကြာင်းလည်း အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး ၄ ဖွဲ့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် OICအဖွဲ့ ကိုယ်စားလှယ်များက ပြောကြားခဲ့ကြောင်းလည်း သိရသည်။

 

OIC လာတာ ကောင်းတဲ့လက္ခဏာပဲ၊ နိုင်ငံတော်အစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်မယ် ဆိုရင်ကောင်းပါတယ်။ လုပ်ဖြစ်မလုပ်ဖြစ်တော့ မသိဘူး၊ လုပ်နိုင်ဖို့အတွက် ဆုတောင်းပါတယ်” ပာု OIC အဖွဲ့နှင့် တွေ့ဆုံခဲ့သူတစ်ဦးဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့ ဥက္ကဌ ဟာဂျီဦးမြင့်ထွန်းက မြန်မာမွတ်စလင်မ် မီဒီယာသို့ပြောသည်။

 

OIC အဖွဲ့ဝင်များနှင့် အစ္စလာမ် ဘာသာရေးအဖွဲ့ကြီး ၄ ဖွဲ့မှ ကိုယ်စားပြုပုဂ္ဂိုလ် ၆ ဦးတို့တွေ့ဆုံပွဲကို နိုဝင်ဘာလ ၁၆ ရက်နေ့ည ၈:၀၀ နာရီမှ ည ၁၁:၀၀ နာရီအထိ ရန်ကုန်မြို့ အင်းလျားလိတ်ပိာုတယ် တွင်ပြုလုပ်ခဲ့သည်။

 

အထက်ပါတွေ့ဆုံပွဲသို့ အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်မှ ဦးတင်မောင်သန်းနှင့် ဦးဝဏ္ဏရွှေ၊ အိုလမာ အစ္စလာမ်သာသနာ့ ပညာရှင်များအဖွဲ့ချုပ်မှ ဦးကျော်ဆန်း၊ မြန်မာမွတ်စလင်မ် အမျိုးသားရေးရာအဖွဲ့ ဌာနချုပ်မှ ဦးကျော်ခင်နှင့် ဦးကိုကိုလတ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့မှ ဦးမြင့်ထွန်း တို့ တက်ရောက် ခဲ့ကြကြောင်းလည်း သတင်းရရှိသည်။

 

သတင်း – ပိာန်းအောင်၊ ပန်းနုဝေ (MMM)