အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
သောကြာနေ့

၆ ဒီဇင်ဘာ ၂၀၁၃

၂၀:၃၀:၀၀
486812

တောင်ကြီးမြို့ ၉၆၉ တရားပွဲ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို တိုက်ခိုက် လှုံ့ဆော်စာများ တရားဝင်ဝေငှ

အဟ်လေ့ဘိုက် (အ.စ)သတင်းဌာန၊အဗ်နာ

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်ညဥ့်၊ တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိစာသင်တိုက်၌ ဓမ္မရောင်စဉ်အဖွဲ့မှ ကြီးမှူးကျင်းပသော တရားပွဲတွင် အညတရဘိက္ခူ (မဟာဓမ္မာစရိယ)အမည်ဖြင့် ရေးသားထားသော “ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် ကျွန်ုပ်တို့၏အနာဂတ်များ” စာရွက်စာတမ်းများအား တရားနာရန် လာရောက်သူများကို ကြောင်း သိရသည်။

 

၎င်းစာရွက်စာတမ်းပါအကြောင်းအရာများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်ပါတီဝင်များအပေါ် ဗုဒ္ဓဘာသာဝင်ပြည်သူများအနေဖြင့် အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ တမင်လုပ်ကြံဖန်တီးရေးသားထားသည်များကို တွေ့ရှိရသည့်အပြင် အဆိုပါစာရွက်စာတမ်းပါ အချက်အလက် အကြောင်းအရာများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၃၆၄ နှင့်ဆန့်ကျင်နေသည့်အတွက် တောင်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း၊ စာဖြန့်ဝေသူများကို ဖော်ထုတ်အရေးယူပေးပါမည့်အကြောင်း တောင်ကြီးမြို့၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌထံသို့ စာအမှတ် ၀၁၂/(မြို့နယ်စည်း)/၁၁/၂၀၁၃ ဖြင့် ရေးသားပေးပို့ခဲ့သည်ဟု သတင်းရရှိသည်။

 

အညတရဘိက္ခူ (မဟာဓမ္မာစရိယ)အမည်ဖြင့် ရေးသားထားသော “ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် ကျွန်ုပ်တို့၏အနာဂတ်များ” စာရွက်စာတမ်းအတွင်း ပါရှိသည့်စာသားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 

ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် ကျွန်ုပ်တို့၏အနာဂတ်များ ————————————————————– ၂၀၁၅ ခုနှစ်မှာ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ချင်တယ်လို့ ပြောလိုက်ပါပြီ။ အရင်အခြေအနေအတိုင်းဆို သူမ သမ္မတဖြစ်မှာကို အားလုံးက လိုလားနေကြတာပါ။ ဒီအထဲမှာ ရဟန်းသံဃာတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အခုအခြေအနေတွေက ပြောင်းလဲသွားပါပြီ။ သူမ သမ္မတ ဖြစ်မယ်မဖြစ်ဘူးဆိုတာကိုတော့ သံဃာတော်တစ်ပါးအနေနဲ့ ဘာမှမပြောတတ်ပါဘူး။ ဒါပေမယ့် အခုအချိန်မှာ သံဃာတော်တွေ ဘာကို တွေးနေမလဲဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို သိစေချင်ပါတယ်။

 

အမှန်တကယ် သံဃာတော်တွေ တွေးနေတာကတော့ ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် မဲနိုင်လို့ အာဏာရပြီး သမ္မတဖြစ်လာခဲ့ရင် သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာရဲ့အခြေအနေ ဘယ်လိုရှိမလဲ ? ဆိုတာပါပဲ။ တကယ်ဆို ဒီအတွေးကို စတွေးဖြစ်ခဲ့ကြတာလည်း မကြာသေးပါဘူး။ အရင်တုန်းကတော့ သံဃာတော်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အကြွင်းမဲ့ထောက်ခံသူတွေပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အတွက် သံဃာတော်တွေ အသက်ပေးခဲ့ကြတယ်ဆိုတာ ရွှေဝါရောင်တော်လှန်ရေးက သာဓကပါ။ ဒါပေမယ့် အခုအချိန်မှာတော့ သံဃာတော်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဟာ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်မှန်းမသိ ဖြစ်လာနေပါပြီ။ ဒါတွေဖြစ်တာ ဘယ်သူ့ကြောင့်ပါလဲ ? ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ပါပဲ။

 

ဆရာတော် ဦးဘိစိတ္တာဘိဝံသ(၀ီရသူ)က ခွပ်ဒေါင်းကနေ မွတ်ဒေါင်း ဖြစ်သွားပြီလို့ တရားဟောလိုက်တဲ့အချိန်မှာ အစ္စလာမ်နဲ့မူဆလင်တွေ လွှမ်းမိုးနေတဲ့ မိမိတို့ပါတီကို မပြုပြင်ဘဲ NLD ပါတီဝင်တွေဟာ ဦးဝီရသူကို ရန်သူကြီးတစ်ယောက်လို အဆက်မပြတ် တိုက်ခိုက်လာတော့တာပါပဲ။ ဒီတိုက်ခိုက်မှုဟာ နောက်ပိုင်းကြတော့ သံဃာတော်အားလုံးကို တိုက်ခိုက်တဲ့ပုံစံမျိုး အသွင်ဆောင်ပြီး NLD ပါတီဝင်တွေက သံဃာတော်တွေရဲ့ဂုဏ်ကျေးဇူးမဲ့ကို ဗုဒ္ဓဘာသာတစ်ယောက်နဲ့ မတူလောက်အောင်ကိုသံဃာတော်တွေအပေါ်ကို တိုက်ခိုက်လာခဲ့ပါတယ်။ ဒီအချိန်မှာ သံဃာထုဘက်က မနေနိုင်တော့လို့ ပြည်တွင်းပြည်ပမှာရှိတဲ့ သံဃာတော်တွေပါ NLD နဲ့တိုက်တဲ့တိုက်ပွဲမှာ ပါဝင်လာခဲ့ကြတာပေါ့။

 

ဒီတိုက်ပွဲကို အရှိန်မြှင့်ပေးလိုက်တာကတော့ “မျိုးစောင့်ဥပဒေ” ကိစ္စပါ။ မှော်ဘီသံဃာ့အစည်းအဝေးမှာ ဦးဝီရသူက “အမျိုးစောင့်ဥပဒေ” တင်သွင်းမယ်လို့ မီဒီယာတွေမှာဖော်ပြပြီး၊ အမျိုးသမီးတွေရဲ့ ထင်မြင်ယူဆချက်(opinion) ကို မီဒီယာတွေ မေးမြန်းကြတဲ့အခါ ဒေါ်ဇီးကွက်၊ ဒ်ါဇင်မာအောင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြတယ်။

 

“လူ့အခွင့်အရေးချိုးဖောက်တယ်” လို့ ပြောခဲ့ကြတာပါ။ ဒီအခါမှာတော့ နှစ်ဖက် (Online) တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာခဲ့တယ်။ NLD က ခွန်ဒီးယမ် ခေါ် မေဇင်အေးရဲ့ ဗုဒ္ဓဘာသာအပေါ် တိုက်ခိုက်မှုတွေက ဗုဒ္ဓဘာသာတွေက လက်ခံနိုင်စရာအဆင့်ကို ကျော်လွန်ခဲ့ပါတယ်။

 

တစ်ချိန်ထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ မေဇင်အေးတို့ နှစ်ယောက်အတူ တွဲရိုက်ထားတဲ့ပုံတွေ အင်တာနက်မှာ ပျံ့နှံ့လာတဲ့အခါမှာတော့ NLD က ဗုဒ္ဓဘာသာနဲ့ သံဃာတော်တွေကို ရှုတ်ချအပုပ်ချတဲ့နေရာမှာဒေါ်အောင်ဆန်းစုကြည်ကပါ အလိုတူအလိုပါ လုပ်ခဲ့တယ်လို့ သံဃာတော်တွေက ယုံကြည်လာကြပါတယ်။ အဲ့ဒီမှာပဲ သံဃာတော်တွေက သူတို့ ဗုဒ္ဓဘာသာရဲ့အနာဂတ်ကို စတင်စဉ်းစားလာခဲ့ကြတာပါ။ အကယ်၍ ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခဲ့ရင် သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာအတွက် ဘယ်လောက်အာမခံချက် ရှိနိုင်မလဲ ? ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ကို မေးချင်တာပါ။ အဲဒီလို ဘာလို့ မေးရတာလဲဆိုရင် – ယနေ့အချိန်ထိ ဒေါ်အောင်ဆန်းစုကြည်က သံဃာတော်တွေနဲ့ဗုဒ္ဓဘာသာကို အကာအကွယ်ပေးတဲ့စကား (လုံးဝ) မပြောသေးပါဘူး။ ဒါပေမယ့် မူဆလင်နဲ့အစ္စလာမ်ကို အကာအကွယ်ပေးတဲ့စကားကို သွယ်ဝိုက်ပြီးပြောနေတယ်လို့ သံဃာတော်တွေက ယူဆနေကြတာပါ။

 

ဒီအယူအဆဟာ Time မဂ္ဂဇင်းက ဦးဝီရသူအပါအ၀င် သံဃာတော်တွေနဲ့ မြန်မာဗုဒ္ဓဘာသာတွေကို (The Face of Buddhist Terror)  ဆိုတဲ့ မျက်နှာဖုံးဆောင်းပါး ပါလာချိန်မှာ ပိုပြီးတော့ ခိုင်မာစေခဲ့ပါတယ်။ ဒီ (The Face of Buddhist Terror)ဆောင်းပါးနဲ့ပတ်သက်ပြီး သမ္မတရုံးအပါအ၀င် မြန်မာမီဒီယာအများစုက Time မဂ္ဂဇင်းကို ကန့်ကွက်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဗုဒ္ဓဘာသာဝင်အမည်ခံထားပါလျက် ဗုဒ္ဓဘာသာအတွက် မည်သည့်ကာကွယ်ပြောဆိုမှုများ တစ်ခုမျှ မလုပ်သည့်အပြင် NLD ပါတီဝင်တွေက Time မဂ္ဂဇင်းကိုကန့်ကွက်တဲ့ campaign ကို ရှုတ်ချခဲ့ပါသေးတယ်။ ဗုဒ္ဓဘာသာဘက်ကနေ အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေကို အစ္စလာမ်တွေရဲ့ လွှမ်းမိုးမှုကြောင့်လို့ ယူဆနေကြတာပါ။

 

ရှင်းရှင်းပြောရရင် အာဏာတောင်မရသေးဘူး။ သံဃာကို အာခံချင်နေပြီ။ အာဏာသာရရင် သံဃာတော်တွေကို ဟာလာလုပ်ပစ်မလားတောင် မသိဘူးလို့ ပြောနေကြပါပြီ။ ဒါက ဘာကိုပြသလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တွေအပေါ် အစ္စလာမ်တွေရဲ့ လွှမ်းမိုးမှုရှိနေတာကို ပြတာပါပဲ။ ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေက ရဟန်းသံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာအပေါ် လျစ်လျူရှုနေတာကို ပြနေတယ်လို့ သံဃာတော်တွေက ခံစားနေရပါတယ်။ ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ OIC နဲ့ အဆက်အသွယ်ရှိနေပါတယ်။ OIC ရုံးခွဲ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ခွင့် သမ္မတ ဦးသိန်းစိန်လက်ထက်မှာ မရခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၅ ခုနှစ်မှာ OIC ရုံးခွဲဖွင့်လှစ်ခွင့်ကို ဒေါ်အောင်ဆန်းစုကြည်က ကျိန်းသေပေါက် ပေးလိမ့်မယ်လို့ ထင်နေပါတယ်။