အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : msm (myanmar shia muslim )
စနေနေ့

၇ ဒီဇင်ဘာ ၂၀၁၃

၂၀:၃၀:၀၀
487145

အေမာမ်ဇမာန်(အ.ဂျ)သခင်သည် မြေပထ၀ီပေါ်ရှိ ကမ္ဘာသူကမ္ဘာသားများအတွက် ငြိမ်းချမ်း ချမ်းမြေ့မှု

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာနာ၊အဗ်နာ   အေမာမ်ဇမာန်(အ.ဂျ)သခင်သည် မြေပထ၀ီပေါ်ရှိ ကမ္ဘာသူကမ္ဘာသားများအတွက် ငြိမ်းချမ်း ချမ်းမြေ့မှုကို ဖြစ်စေသည်။ ِانّى لَأَمٰانُلِأَهْلِ الْأرْضِ كَمٰا أَنَّ النُّجُوْمَ أَمٰانُ لِأَهْلِ اسَّمٰاءِ စကားပြေအဓိပ္ပာယ် ဧကန်မုချ ကျွန်ုပ်သည် မြေပထ၀ီရှိသူများအတွက် ငြိမ်းချမ်းလုံခြုံမှုကို ဖြစ်စေပါ သည်။ ကြယ်တာရာများသည် ကောင်းကင်နေသူများအတွက် ငြိမ်းချမ်းမှု၊ လုံခြုံမှုကို ဖြစ်ထွန်းစေ သကဲ့သို့ပင်တည်း။ ရှင်းလင်းချက် ဤဟဒီးစ်တော် စကားစုသည် အစ်ဟာက်ဗင် ယာအ်ကူဘ်အား ပေးသည့် အေမာမ် (အ.ဂျ)၏ အဖြေများမှ အစိတ်အပိုင်း တစ်ခု ဖြစ်ပါသည်။ အစ်ဟာက်အနေဖြင့် အေမာမ်(အ.ဂျ)ထံ ရိုက်ဘသ်နှင့်စပ်လျဉ်းပြီး မေးခွန်းအား စာဖြင့် မေးမြန်းထားလေသည်။ အေမာမ်(အ.ဂျ)မှ ရိုက်ဘသ်အကြောင်း အဖြေပေးတော်မူပြီးနောက် ရိုက်ဘသ်၏ ခေတ်ကာလ(အေမာမ်(အ.ဂျ)အကွယ်၌ ရှိနေသည့်ကာလ)၌လည်း အေမာမ်(အ.ဂျ)၏ တည်ရှိမှု သည် အကျိုးမဲ့၊ အာနိသင်မဲ့ မဟုတ်ကြောင်း ညွှန်ပြခဲ့လေသည်။ အေမာမ်(အ.ဂျ)၏ တည်ရှိနေမှု၏ အကျိုးအမြတ်များမှ အကျိုးအမြတ် တစ်ခုမှာ မြေ ပထ၀ီပေါ်ရှိသူများအတွက် ငြိမ်းချမ်းမှုနှင့် လုံခြုံစိတ်ချရမှုကို ဖြစ်စေလေသည်။ ကြယ် တာရာများသည် ကောင်းကင်ပေါ်ရှိသူများအတွက် ငြိမ်းချမ်းမှု လုံခြုံစိတ်ချမှုကို ဖြစ်ထွန်း စေသကဲ့သို့ ဖြစ်ပေသည်။ အခြားစစ်မှန် မှန်ကန်သည့် ရီဝါယတ်တော်တစ်ခု၌လည်း ဤကဲ့သို့သော အကြောင်း တရားနှင့် စပ်လျဉ်းပြီး လမ်းညွှန်ထားလေသည်။ ထိုရီဝါယတ်တော်၌ လာရှိပါသည်။ "အကယ်၍ မြတ်အလ္လာဟ်၏ ဟွဂ်ျဂျ(သ)စံမှတ်ကျောက်သည် မြေပထ၀ီပေါ်၌ မရှိ မည်ဆိုလျှင် မြေပထ၀ီနှင့် ၎င်းပေါ်ရှိ သက်ရှိများ ကြေမွပျက်စီးမှု၊ သောကပင်လယ်ဝေမှု နှင့် ရင်ဆိုင်ရပေလိမ့်မည်။" အေမာမ်ဇမာန်(အ.ဂျ)သခင်သည် မြေပထ၀ီပေါ်ရှိသူများအတွက် ငြိမ်းချမ်းမှုနှင့် လုံခြုံ မှုကို ဖြစ်ကြောင်းကို ကြယ်တာရာများ ကောင်းကင်ရှိသူများအတွက် ငြိမ်းချမ်းမှုနှင့် လုံခြုံမှုကို ပေးသည့်ပမာ သာဓကပြုခိုင်းနှိုင်းထားပေသည်။ ဤခိုင်းနှိုင်းထားမှုကိစ္စနှင့် စပ်လျဉ်းပြီး အချို့တူညီနေရသည့် အချက်အလက်များ ရှိနေရာ အချက် ၂ ခုဖက်သာ ညွှန်ပြတော့ပါ မည်။ ပထမအချက်။ ဖန်ဆင်းမှုသဘောတရားအရ ကြယ်တာရာများတည်ရှိနေခြင်း၊ ၎င်းတို့၏ နေရာများ၌ ထားရှိထားခြင်း အခြေအနေနှင့် သဘောတရားသည် ဂြိုဟ်၊ နက္ခတ်များ အားလုံးအတွက် လုံခြုံရမှု၊ သာယာအေးချမ်းမှုကို ဖြစ်စေသည့် အကြောင်း တရား ဖြစ်သကဲ့သို့ မြေပထ၀ီရှိ သက်ရှိများအတွက်လည်း အေမာမ်ဇမာန်(အ.ဂျ)ရှိနေ တော် မူခြင်း ဖြစ်ပါသည်။ ဒုတိယအချက်။ ကြယ်တာရာများကို အကြောင်းပြုပြီး မိုးကောင်းကင်ရှိ ရှိုင်တွာန်များ ကို မောင်းထုတ်ပြီး မိုးကောင်းကင်ရှိသူများအတွက် ကောင်းကင် တမန်များပါ အပါ အ၀င် လုံခြုံမှု၊ အေးချမ်းသာယာမှုကို ဖြစ်ထွန်း စေသကဲ့သို့ အေမာမ်ဇမာန်(အ.ဂျ)သခင်၏ တည်ရှိ နေမှုသည်လည်း သက်က၀ီးနီ သဘောအရရော၊ သရှ်ရီအီးသဘောအရရော မြေ ပထ၀ီရှိ သက်ရှိများ၊ အထူးသဖြင့် မနုဿလူသားများအတွက် ရှိုင်တွာန်ကို မောင်းပေးသည့် အကြောင်းတရား ဖြစ်ပေသည်။ သက်က၀ီးနီး(تكوينى)ဆိုသည် ဖန်ဆင်းမှုသဘောတရားကို ဆိုလိုပြီး သရှ်ရီအီး(تشريعي)ဆိုသည်မှာ ရှရီအတ်သ်သဘောတရားကို ဆိုလိုပါသည်။ (ဘာသာပြန်သူ) REF : အေမာမ်မဟ်ဒီ(အ.ဂျ)သခင်ကြီး၏ ဟဒီးစ်တော် အပါး(၄၀)နှင့် ရှင်းလင်းချက် စာအုပ်မှ