အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : myit makha
တနင်္ဂနွေနေ့

၈ ဒီဇင်ဘာ ၂၀၁၃

၂၀:၃၀:၀၀
487353

ငြိမ်းချမ်းရေးနိုဗယ်လ်ဆု ဓာတုလက်နက်ဖျက်သိမ်းရေးအဖွဲ့ရရှိ

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန၊အဗ်နာ

မြန်မာနိုင်ငံ၏သမ္မတဦးသိန်းစိန်အပါအ၀င် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုအတွက် ရည်မှန်းထားသောအဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် ၂၅၉ ဦးအနက် ၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကိုဓာတုလက်နက်ဖျက်သိမ်းရေး အဖွဲ့က  ရရှိသွားကြောင်း ငြိမ်းချမ်းရေးနိုဗယ်လ်ဆုကော်မတီမှ သိရှိရသည်။

 

ဓာတုလက်နက်ဖျက်သိမ်းရေးအဖွဲ့ (OPCW-Organization for the Prohibition of Chemical Weapons )သည် ဆီးရီးယား စစ်ပွဲအပါအ၀င်၊ အမေရိကန်နှင့် ရုရှားတို့ ဓါတုလက်သိမ်းဆည်းမှုတို့ကို ဆန့်ကျင်ခဲ့ပြီး အဆိုပါလက်နက်များ ဖျက်သိမ်းရေးသည်လည်း ဒိုင်းနမိုက်တီထွင်ခဲ့သူ Alfred Nobel ၏ ဆန္ဒဖြစ်သောကြောင့် ယခုကဲ့သို့ ဆုပေးရခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေး နိုဗယ်လ်ဆုကော်မတီမှ သတင်းထုတ်ပြန်သည်။

 

 ၂၀၁၂ ခုနှစ်ကလည်း ငြိမ်းချမ်းရေးနိုဗယ်လ်ဆုအား European Union (EU-ဥရောပသမဂ္ဂ)မှ ငြိမ်းချမ်းရေးပြန်လည်သင့်မြတ် စေရေး၊ လူအခွင့်အရေးနှင့်ဒီမိုကရေစီကြိုးပမ်းမှုတို့အတွက် ရရှိခဲ့သည်။

 

၂၀၀၈ ခုနှစ်မှစ၍ သမ္မတအိုဘားမားအပါအ၀င် လူပုဂ္ဂိုလ်ငါးဦးကို ဆက်တိုက် ငြိမ်းချမ်းရေးနိုဗယ်လ် ဆုပေးခဲ့ပြီးနောက် ယခု ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်တို့တွင် အဖွဲ့အစည်းများမှနှစ်ကြိမ်ဆက်တိုက်ရရှိခဲ့ခြင်း ဖြစ်သည်။

 

၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုမပေးမီအချိန်များ၌ ပါကစ္စတန်နိုင်ငံတွင် အမျိုးသမီးများပညာရေး အတွက် တိုက်ပွဲဝင်ခဲ့သူ ကျောင်းသူမာလာလာမှ ဆုရရှိရန် ရေပန်းစားခဲ့သော်လည်း ဆုနှင့်လွဲချော် ခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်အနေဖြင့်လည်း ဆုရရှိနိုင်မည့် ၂၉၅ ဦးစာရင်းတွင် ပါဝင်ခဲ့သောကြောင့် မြန်မာနိုင်ငံမှ ပြည်သူအချို့ကလည်း သမ္မတဦးသိန်းစိန်အားဆုရရှိစေလိုကြသည်ဟု ကမာရွတ်မြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

 

“ကျွန်တော်တို့ကတော့ ကိုယ့်နိုင်ငံက သမ္မတကို ငြိမ်းချမ်းရေးနိုဗယ်လ်ဆုတော့ရစေချင်ပါတယ်၊ ဘာလို့လဲဆိုတော့ မြန်မာဆိုတဲ့အစွဲနဲ့ပါ။ သမ္မတဦးသိန်းစိန်ကလည်း သူတက်လာပြီးနောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းတွေဆက်တိုက်လုပ်နေတာ အခုဆိုရင် လက်နက်ကိုင်အဖွဲ့အတော်များများနဲ့တောင် အပစ်အခတ်ရပ်စဲရေး စာချုပ်တွေ ချုပ်ပြီးသွားပြီ” ဟု ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်အတွင်းနေထိုင်သည့် အသက် ၂၅ နှစ်အရွယ် ကျောင်းသားတစ်ဦးက ပြောသည်။

အဗ်နာအမြင်

သမ္မတကြီးဦးသိန်းစိန်ကြောင့် ဘာသာရေးခုတုံးလုပ်ပြီး အသက်ပေါင်းများ အပြစ်မဲ့သူများ (နှစ်ဖက်စလုံး)မှသွေးမြေကျခဲ့

ရသည့်အချက်နှင့် ပီပီပြင်ပြင်မထိန်းသိမ်းနိုင်သည့်အချက်ကိုလည်း ထည့်စဉ်းစားသင့်ပါသည်။