အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : msm (myanmar shia muslim )
အင်္ဂါနေ့

၁၀ ဒီဇင်ဘာ ၂၀၁၃

၂၀:၃၀:၀၀
487985

သင်ရွေးချယ်သင့်သော မိတ်ဆွေ

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန၊အဗ်နာ

အောက်ပါ အိန္ဒိယပုံပြင်လေးကို စာရေးသူကိုယ်တိုင် ကြိုက်နှစ်သက်သည့်အပြင် အီရန်နိုင်ငံ၊ ကွမ်းမြို့တော် တွင် ပညာဆည်းပူးသင်ကြားလေ့လာသင်ယူချိန်၌ အတန်းထဲတွင် ဆရာဖြစ်သူမှ အကြောင်းအရာတစ်ခုကို ဖာရစီလို ငါးမိနစ်ပြောရမည်ဟု ပြောခဲ့သဖြင့် ပြောကြားခဲ့ပါသည်။ ဆရာက သဘောကျသဖြင့် ထိုပုံပြင်၏ အနက်အဓိ ပ္ပာယ် ကို ကျောင်းသားများအား ပြန်လည်ရှင်းပြခဲ့ပြီး စာရေးသူကိုလည်း ဆုဒိုအာတောင်းပေးခဲ့ပါသည်။ စာရေးသူ ဖော်ပြလိုသော ပုံပြင်လေးမှာ -

 

တစ်ရံရောအခါက အိန္ဒိယဘုရင်တစ်ပါးသည် မိမိ၏မွေးနေ့မင်္ဂလာ ကျရောက်လာသဖြင့် မိမိ၏နန်းတော် တွင်း သို့ မောင်းကြေးနင်းခတ်လျက် ခုနစ်ရက်ခုနစ်ည အိမ်တိုင်းစေ့ မီးခိုးတိတ်စေပြီး တိုင်းသူပြည်သူများအား ဖိတ်ခေါ် ခဲ့လေသည်။  ထို့အပြင် အိမ်နီးချင်းဘုရင်များကိုလည်း မိမိ၏မွေးနေ့မင်္ဂလာသို့ ကြွရောက်ပါရန် ဖိတ်မန္တက ပြုခဲ့လေ၏။ အိမ်နီးချင်းဘုရင်တို့သည်လည်း မွေးနေ့ရှင်ဘုရင်ထံသို့ တံစိုးလက်ဆောင်များယူဆောင်လာကာ လာရောက်ကြလေ သည်။

 

တိုင်းသူပြည်သားများအတွင်းမှ လူကုံထံသူဌေးသူကြွယ်များကလည်း မိမိတို့၏ဘုရင်အား လက်ဆောင်ပစ္စည်း များ ဆက်သကြကုန်၏။ ဘုရင်ထံတွင် သားတော်တစ်ပါးရှိပြီး သားတော်မင်းသားလေးသည် မည်သည့်အလုပ်ကိုမျှ မလုပ်ကိုင်ဘဲ မိမိလက်၌ အမြဲဆိုသလို နှီးပြားတစ်ချောင်း ကိုင်ရမ်းလျက် သွားလာ၍သာ နေလေ၏။ ထို့ကြောင့်ပင် ဖခမည်းတော်ဘုရင်၏ ဆူပူမှုကို ခံရလေ့ရှိ၏။

 

တိုင်းနိုင်ငံအသီးသီးမှ တိုင်းသူပြည်သားများကလည်း အိမ်နီးချင်း မွေးနေ့ရှင်ဘုရင်၏ စားသောက်ပွဲသို့ တက်ရောက်ကြ ၏။ သို့သော် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံမှ ဘုရင်တစ်ပါးကမူ မွေးနေ့ပွဲသို့ တက်ရောက်နိုင်ခြင်း မရှိသည့် အတွက် မိမိ၏ ဆက်သားတစ်ဦးအား စေလွှတ်ခဲ့လေသည်။

 

စေလွှတ်ခဲ့သည့် ဆက်သားသည် မွေးနေ့ရှင်ဘုရင်ထံတော်ပါးသို့ ရောက်ရှိသည်နှင့် မိမိ၏ဘုရင်မင်းမြတ်ထံမှ ပို့သသော လက်ဆောင်ပဏ္ဏာသေတ္တာငယ်လေးအား ပေးအပ်၍- “အို-အရှင်မင်းမြတ်၊ ဤသေတ္တာငယ်လေးအတွင်းတွင် ရှိသော အရုပ်များမှ ကြိုက်နှစ်သက်ရာအရုပ်တစ်ရုပ်အား ရွေးချယ်ပါ။ ကျန်အရုပ်နှစ်ရုပ်နှင့်အတူ သေတ္တာငယ်လေးအား နောက်နှစ်ရက်လွန်သော် လာယူပါမည်ဖြစ်ပါ သည်”ဟု ပြောဆို၍ ပြန် သွားလေ၏။

 

ထို့နောက် ထိုဆက်သားမင်းမှုထမ်းသည်လည်း ထိုနိုင်ငံရှိ ဆွေမျိုးသားချင်းများထံ သွားရောက်လည်ပတ် လေ ၏။ မွေးနေ့ ရှင်ဘုရင်ကြီးသည် ထိုနေ့နေ၀င်သွားသည်နှင့် ဆက်သားလာပေးခဲ့သော သေတ္တာလေးကို ယူဆောင် သွားပြီး မိမိအိပ်စက်အနားယူသည့် သလွန်ပေါ်သို့ လဲလျောင်းရင်း ထိုသေတ္တာငယ်လေးအား ဖွင့်ကြည့်လေ၏။

 

နောက်တစ်နေ့ မိုးစင်စင်လင်းသည့်အချိန်ရောက်ခဲ့သော်လည်း တိကျသည့်အဖြေ (သို့) ရွေးချယ်ရမည့်အရုပ် ကို မရွေးချယ်နိုင်ခဲ့ပေ။ ထို့ကြောင့် ဘုရင်သည် ပညာရှိမှူးမတ်များအား မောင်းကြေးနင်းထုကာ ညီလာခံသဘင်သို့ အလျင်အမြန်တက်ရောက်ရန် မိန့်တော်မူခဲ့လေသည်။ ဘုရင့်အမိန့်တော်ကို ကြားသည်နှင့် မှူးကြီးမတ်ရာပညာရှိများ သည်လည်း ညီလာခံသဘင်သို့ တက်ရောက်ခဲ့ကြလေသည်။ ဘုရင်ကြီးကလည်း သေတ္တာထဲရှိ အရုပ်တစ်ရုပ်ကို မိမိ ကိုယ်စား ရွေးချယ်ပေးရန်၊ အဘယ်ကြောင့် ထိုအရုပ်ကို ရွေးချယ်ရပါကြောင်း တိကျစွာအဖြေပေးရန်နှင့် အဖြေ ကို နောက် တစ်နေ့ နေမ၀င်ခင် ပေးရန် အချိန် သတ်မှတ်လေ၏။

 

အမတ်တို့လည်း အရုပ်များကို အထက်အောက်ပြောင်းပြန် စေ့စေ့စပ်စပ် ကိုင်တွယ်ကြည့်ရှုကြလေ၏။ သို့သော်လည်း ထိုအရုပ်များ၏ အဓိပ္ပာယ်ကို မသိရှိကြချေ။ အဘယ်ကြောင့်ဆိုသော် အရုပ်များသည် ပုံစံတူ၊ အရွယ်တူ၊ အရောင်တူ များဖြစ်နေခြင်းကြောင့်ဖြစ်သည်။

 

နောက်နေ့ သတ်မှတ်ထားသည့်အချိန်သို့ ရောက်ရှိလာသည့်အခါ ညီလာခံကြီးတစ်ခုလုံး ဆူညံနေလေသည်။ ဘုရင်ကြီးရောက်ရှိလာသည့်ပြီး ပလ္လင်ပေါ်တွင် ထိုင်သည့်အခါ မှူးကြီးမတ်ရာပညာရှိများအားလုံးသည် ခေါင်းငုံ့လျက် ဘုရင်ကြီး၏အမိန့်ကို စောင့်စားနေကြလေ၏။ ဘုရင်ကြီးက မေးမြန်းသည့်အခါ အားလုံးကိုယ်စား ၀န်မင်းက မတ်တပ် ရပ်၍ “အဖြေမှန်ကို မရရှိခဲ့ကြောင်းပါ။ အကြောင်းမှာ ထိုအရုပ်သုံးရုပ်သည် အရွယ်အစား၊ ပုံသဏ္ဌာန်အားလုံး အတူ တူပင် ဖြစ်နေသည့်အတွက် ရွေးချယ်ရာတွင် သို့လော၊ သို့လောဖြစ်နေရခြင်းကြောင့်ပါ” လျှောက်တင်ခဲ့လေ၏။

 

ဘုရင်ကြီးကလည်း နောက်နေ့တွင် သံတမန်ဆက်သားအား အဘယ်သို့အဖြေပေး၍ မည်သည့်အရုပ်ကို ယူထားရ မည်နည်းဟု တွေးနေစဉ် ရုတ်တရက်ဆိုသလို သားတော်မင်းသားလေးအား မတွေ့သဖြင့် အခေါ်ခိုင်းခဲ့လေ၏။ မင်းသားလေးရောက်လာသည်နှင့် အမတ်များအားလုံး၏ရှေ့၌ ထိုသေတ္တာငယ်အားပေးပြီး မနက်မိုးသောက်ချိန် အဖြေ မှန်ပေးကာ တစ်ရုပ်ကို ရွေးချယ်ရမည်ဖြစ်ကြောင်း မိန့်လေ၏။ မင်းသားလေးလည်း သေတ္တာငယ်အား လှမ်းယူ၍ ထိုညီလာခံမှ ထွက်သွားလေ၏။

 

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးခဲ့လေသည်။ နေလုံးကြီးပင် ထွက်ပြူလာ၏။ မွေးနေ့ရှင်ဘုရင်မင်းမြတ်ကြီး ၏ မွေးနေ့မင်္ဂလာလည်း နောက်ဆုံးရက်ပင် ရောက်လို့လာခဲ့လေသည်။ အခြားတိုင်းပြည်များမှ တိုင်းသူပြည်သား များ၊ နိုင်ငံအတွင်းနေထိုင်ကြသူများအားလုံးလည်း လာရောက်ကာ အဖြေမှန်ကို စောင့်စားလျက် ရှိနေကြကုန်၏။ အမှန်မှာ ညီလာခံစတင်ခေါ်ယူကတည်းကပင် မွေးနေ့သို့ တက်ရောက်လာသူများက ထိုသတင်းကို သိရှိပြီးဖြစ်သောကြောင့် ဖြစ် ၏။ တိုင်းတစ်ပါးမှ ဆက်သားလည်း ချိန်းထားသည့်အချိန်သို့ ဆိုက်ရောက်သည့်အခါ ညီလာခံသို့ ၀င်ခဲ့လေ၏။ ညီလာခံတွင် မှူးကြီးမတ်ရာ သေနာပတိအားလုံး ရောက်ရှိနေခဲ့သော်လည်း မင်းသားလေး ကား မရောက်ရှိလာခဲ့ပေ။ ဘုရင်မင်းမြတ်ကြီးလည်း စောင့်ဆိုင်းနေစဉ်တစ်ခဏ၌ပင် မင်းသားလေး သည် သေတ္တာငယ် အား ကိုင်ဆောင်ပြီး ရောက်ရှိလာခဲ့လေသည်။ ပြီးနောက် ဤသို့ ဆိုလေသည်-

 

“ဘုန်းတန်ခိုးနှင့်ပြည့်စုံသော ဘုရင်မင်းမြတ်ကြီးခင်ဗျား-

 

ဤသေတ္တာငယ်၌ရှိသော အရုပ်သုံးခုစလုံးသည် အရောင်တူ၊ အရွယ်တူ၊ ပုံစံတူများ ဖြစ်ကြပါသည်။ အမှန်တကယ်တွင် ကျွန်ုပ်သည်လည်း ထိုအရုပ်များ၏ အတွင်းလျှို့ဝှက်ချက်ကို မသိမြင်နိုင်ခဲ့ပါ။ ထို့ကြောင့် တစ်ညလုံး မအိပ်နိုင်ဘဲ ထိုအရုပ်များ၏အဖြေကိုစဉ်းစားနေခဲ့ပါသည်။ နောက်ဆုံးတွင် အဖြေကို ကျွန်တော်အမြဲတမ်းကိုင်ဆောင် လျက် ရှိသော နှီးပြားချောင်းက ဖော်ထုတ်ပေးခဲ့ပါသည်။ ပထမတစ်ရုပ်ကို နှီးပြားချောင်းကလေးနှင့် ထိုးကြည့်လိုက်ရာ အရုပ် ၏ တစ်ဖ