အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အကိုး အကား : myanmamuslim
အင်္ဂါနေ့
၁၀ ဒီဇင်ဘာ ၂၀၁၃
၂၀:၃၀:၀၀
487986
သမ္မတကြီး ဦးသိန်းစိန် ထံသို့ ရခိုင်ပြည်နယ်/သံတွဲမြို့ ဘာသာရေး အစွန်းရောက်သူ အကြမ်းဖက် သမားများ၏ အကြမ်းဖက်မှု ဖြစ်စဉ် အမှန်များအာ
အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန၊အဗ်နာ
သို့ /
သမ္မတ ဦးသိန်းစိန် နိုင်ငံတော်သမ္မတရုံး နေပြည်တော် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်
ရက်စွဲ။ ။ ၂၀၁၃ခုနှစ်/ နိုဝင်ဘာလ ၁၄ ရက်
အကြောင်းအရာ ။ ။ ရခိုင်ပြည်နယ်/သံတွဲမြို့တွင် ကမန်တိုင်းရင်းသား အစ္စလာမ် ဘာသာဝင်များအား ဘာသာရေး အစွန်းရောက်သူ အကြမ်းဖက် သမားများ၏ အကြမ်းဖက်မှု ဖြစ်စဉ် အမှန်များအား တင်ပြခြင်း။
သံတွဲမြို့ပေါ်တွင် နေထိုင်ကြသော အစ္စလာမ် ဘာသာဝင်များမှာ နိုင်ငံတော်မှ အသိအမှတ်ပြုထားသည့် ကမန် တိုင်းရင်းသားများ ဖြစ်ကြပါသည်။
ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်သော အစဉ်အလာ ရှိခဲ့သည့် သံတွဲမြို့ပေါ်၌ ၂၀၁၃ ဇွန်လ ၂၉ ရက်နေ့တွင် အဆိုပါ တိုင်းရင်းသား အစ္စလာမ်များအား ဘာသာရေးကို ခုတုံးလုပ်ပြီး အစွန်းရောက် ထွန်းသန်းကျော် (ရဲအောင်လံ ကျော်ကျော်) တို့ ဦးဆောင်သော ၉၆၉ အမည်ခံ အဖွဲ့နှင့် ဦးမောင်ပု ( RNDP ရခိုင် တိုးတက်ရေးပါတီ) တို့မှ စတင် အကြမ်းဖက်ခဲ့ကြပါသည်။
ဖြစ်စဉ်မှာ သံတွဲမြို့ အမှတ်၁ ကျောင်းရှေ့ နေထိုင်သူ သစ်စက် တင်ထွန်းသည် ထွန်းသန်းကျော် (ရဲအောင်လံ ကျော်ကျော်) ၏ စေခိုင်းမှုအရ တောင်ကုတ်မြို့နယ်မှ မကောင်းမှု အလုပ် တနည်း မိန်းမရွှင် လုပ်ငန်းဖြင့် အသက်မွေးသူ မစုစုမွန် ဆိုသူ အမျိုးသမီးငယ် လေးအား ၂၀၁၃ မေလ ၃၀ ရက်နေ့တွင် သံတွဲမြို့သို့  ခေါ်ဆောင်လာခဲ့ပါသည်။ သစ်စက် ဦးတင်ထွန်းသည် ၎င်း မစုစုမွန်အား သူ၏အိမ်၌ နေထိုင်စေခဲ့ပါသည်။ သစ်စက် ဦးတင်ထွန်းသည် ဦးထွန်းသန်းကျော် ( ရဲအောင်လံ ကျော်ကျော်) ဦးဆောင်သော ၉၆၉ အမည်ခံ အဖွဲ့နှင့် ဦးမောင်ပု ဦးဆောင်သော (RNDP ) တို့ ဖြင့်ပူးပေါင်းကာ သံတွဲမြို့ပေါ်၌ အကြမ်းဖက်ရန် အစီအစဉ်များ စတင် ဆွေးနွေး ကြပါတော့သည်။
ဆိုက်ကယ် တက်စီမောင်းနှင်သော သံတွဲမြို့နေ ဦးပြုံးမောင်မောင်၏ သား မောင်နိုင်သူ၏ ယဉ်အား မစုစုမွန်မှ ငှားရန်းပြီး မစုစုမွန်သည် မိန်းမရွှင် အလုပ် လုပ်ကိုင်စားသောက်သူ အမျိုးသမီးတစ်ဖြစ်သည့် အားလျှော်စွာ အရှက်တရား ကင်းမဲ့စွာဖြင့် သူမ၏ ရင်သားအား ကိုနိုင်သူမှ ကိုင်ပါသည်ဟု အနီးပတ်ဝန်းကျင်၌ အော်ဟစ် အကူအညီ တောင်းပြီး ထွန်းသန်းကျော်နှင့် ဦးမောင်ပုတို့ နှစ်ဖွဲ့မှ တိုင်ပင်ထားသည့် ဇါတ်လမ်းအတိုင်း သရုပ်ဆောင်ပါ တော့သည်။ မစုစုမွန်မှ အကူအညီ မတောင်းမှီ အချိန်ကတည်းက ရောက်နှင့်ပြီး ဖြစ်နေသည့် ၉၆၉ အမည်ခံ အဖွဲ့နှင့် RNDP အဖွဲ့သားများမှ မောင်နိုင်သူအား ရိုက်နှက် ထိုးကြိတ် ကြပါလေတော့သည်။ ယင်းအား သံတွဲ ရဲစခန်းမှ ရဲများ ရောက်ရှိလာပြီး မောင်နိုင်သူအား ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြပါသည်။ အကြမ်းဖက်ရန် စီစဉ်ထားသည့် အစွန်းရောက် များသည် စီစဉ်ထားသည့် အတိုင်း ရဲစခန်းရှေ့တွင် လူအင်အားပြကာ အဆိုပါ မောင်နိုင်သူအား ထုတ်ပေးပါရန် တောင်းဆိုခဲ့ကြပါ သည်။
နိုင်ငံတော်၌ ဥပဒေရှိကာ လူရမ်းကား အကြမ်းဖက် အုပ်စုများ၏ လက်တွင်းသို့ မောင်နိုင်သူအား ထည့်မပေးခြင်းကို အကြောင်းပြပြီး သံတွဲမြို့ အံတော် ကွက်သစ်နေ မွတ်ဆလင်မ် အိမ်များကို မီးရှို့ ဖျက်ဆီးခြင်းများ စတင်ပြုလုပ် လေတော့သည်။ ၎င်းအကြမ်းဖက်ခံရသော ဒွါရာဝတီ ကွက်သစ်နေ မွတ်ဆလင်မ်များနှင့် မောင်နိုင်သူတို့သည် တစ်စုံတရာ ဆွေမျိုးတော်စပ်ခြင်းများ မရှိသည့်အပြင် အဆိုပါ ပဋိပက္ခ၌လည်း ပါဝင်ပတ်သက်ခြင်း မရှိခဲ့ပါ။ နိုင်ငံတော်သမ္မတ အမိန့်ဖြင့် သံတွဲမြို့ပေါ်၌ ၁၄၄ အမိန့် ထုတ်ပြန်ထားသော်လည်း အကြမ်းဖက် အုပ်စု ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးထွန်းသန်းကျော်/ မောင်ပု (RNDP)/ မြင့်မိုး (ရခိုင်လူမှုကွန်ရက်) နှင့် အပေါင်းအပါ များသည် နိုင်ငံတော် အမိန့် ၁၄၄ အား ဗြောင်ကျကျ ဖီဆန် လျှစ်လျှူရှုကာ အကြမ်းဖက်ရန် လူအင်အားစုများအား ညအချိန်မတော်တွင် လိုက်လံ စည်းရုံး နေခဲ့ကြပါသည်။
သံတွဲမြို့တွင် ကမန် တိုင်းရင်းသားများအား အကြမ်းဖက်ခဲ့သည့် ၎င်း ၉၆၉ အမည်ခံအဖွဲ့နှင့် RNDP ရခိုင်တိုးတက်ရေး ပါတီဝင်များမှာ စာရိတ္တပိုင်း ဆိုင်ရာများ ယခင်ကတည်းက ချွတ်ယွင်းနေခဲ့ကြသူများသာ ဖြစ်ပါကြောင်း သံတွဲမြို့ပေါ်ရှိ သံဃာတော်များ / မြို့မိမြို့ဖများ / သံတွဲမြို့ပေါ်မှ ငြိမ်းချမ်းရေး လိုလားသူ ဗုဒ္ဓဘာသာဝင်များ အားလုံး သိရှိပြီး ဖြစ်ပါသည်။
နိုင်ငံတော်မှ ချမှတ်ထားသည့် ၁၄၄ အမိန့်ရှိနေရကား သံတွဲမြို့နေ ကမန် တိုင်းရင်းသား အစ္စလာမ်ဘာသာဝင် များသည် ဥပဒေအား လေးစားနာခံသမှုဖြင့် အိမ်ထဲမှ အိမ်ပြင်မထွက်ဝံ့ခဲ့ကြပေ။
သို့သော် အကြမ်းဖက် အုပ်စုများသည် နိုင်ငံတော် အစိုးရမှ ချမှတ်ထားသည့် ၁၄၄ အမိန့်အား ဗြောင်ကျကျ လျစ်လျှူရှုကာ ညအချိန်မတော်တွင် လူစုပြီး ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်စွာ တိုင်းရင်းသား ဘာသာခြား အစ္စလာမ်များ၏ နေအိမ် အဆောက်အဦးများနှင့် ဈေးဆိုင်များ မီးရှို့ ဖျက်စီး ခဲ့ ကြပါသည်။ သံတွဲရဲတပ်ဖွဲ့မှ ၎င်းအား အချိန်မှီ တစ်စုံတရာ ဟန့်တားခြင်းများ အလျင်းမရှိခဲ့ပါ။ ၎င်းတို့ပင်လျှင် နိုင်ငံတော်နှင့် နိုင်ငံတော် သမ္မတမှ ချမှတ်ထားသည့် အမိန့်အား အလိုတူ အလိုပါ သဘောဖြင့် နှုတ်ဆိပ် နေခဲ့ကြပါသည်။ အကြောင်းမှာ ညအချိန်မတော် ၁၄၄ အမိန့်အား ဖီဆန်ပြီး လူစုနေခြင်းများအား ရဲတပ်ဖွဲ့မှ အချိန်မှီ အရေးယူခဲ့လျင် ဤကဲ့သို့ အနိဌါရုံ မြင်ကွင်းများ သံတွဲမြို့ပေါ်၌ ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိပေ။ ဥပဒေ ဘက်တော်သားများဖြစ်ကြသည့် သံတွဲရဲ ရခိုင်အများစုမှာ သူခိုး ဓါးရိုးကမ်း အပြုအမူများ ကြောင့်သာ အကြမ်းဖက် အဖွဲ့ များမှ အကြမ်းဖက်ခွင့် ရရှိခဲ့သည်မှာ ထင်ရှားလှပေသည်။
၂၀၁၃ စက်တင်ဘာလ ၂၈ရက်နေ့တွင် စတင်ပြီး သံတွဲမြို့၌ ဒုတိယအကြိမ် ထပ်မံ အကြမ်းဖက်ခဲ့ကြပါသည်။ ဖြစ်စဉ်မှာ သံတွဲမြို့ အမှတ်၃ ရပ်ကွက်နေ ဦးကျော်ဇံလှ( ကုန်သည် ) ၏ နေအိမ်ရှေ့၌ နိုင်ငံတော်မှ အသိအမှတ်ပြုထားခြင်း မရှိသည့် ၉၆၉ အလံ စိုက်ထူထားသော ဆိုက္ကားတစ်စီးသည် အိမ်ရှေ့တွင် လမ်းပိတ်ရပ်ကာ ဂိတ်ထိုးထားပါသည်။ ၎င်းအား အိမ်ရှင်ဖြစ်သူ ဦးကျော်ဇံလှမှ မိမိတို့ ကုန်တင်ကုန်ချရန် ရှိနေ၍ ဆိုက္ကားသမားအား အကျိုးသင့် အကြောင်းသင့် ပြောဆို ကာ ဖယ်ရှားခိုင်းခဲ့ပါသည်။ ယင်းအား အဆိုပါ ဆိုက္ကားသမားမှ ၉၆၉ အလံ လွင့်ထူထားခြင်းအား မလေးမစားပြုသည်ဟု လီဆယ်ကာ အကြမ်းဖက်မှု ဖြစ်စဉ်များ ဖန်တီးနိုင်ရန် ဦးကျော်ဇံလှအား ထိုးကြိတ်ခဲ့ကြပါသည်။ ယင်း အချိန် အကြမ်းဖက်အုပ်စုများ အနီးတွင် အဆင်သင့် ရောက်နှင့်ပြီးဖြစ်ပါသည်။
၎င်းနောက် ယင်းအမှုအခင်းများနှင့် တစ်စုံတရာ ဆက်စပ် ပတ်သက်မှု မရှိသည့်အပြင် တစ်စုံတရာ ဆွေးမျိုးတော်စပ်ခြင်း လည်းမရှိသည့် သံတွဲမြို့ပေါ်၌ ဂုဏ်သရေရှိမြို့မိမြို့ဖ တစ်ဦးဖြစ်သူ တရားလွှတ်တော် ရှေ့နေ့  ဦးခင်မောင် ပိုင်ဆိုင်သည့် ရှေးဟောင်း အိမ်မည်းကြီးအား ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်သမားများမှ စိတ်ကြိုက် မီးတင်ရှို့ခဲ့ကြပါသည်။ အဆိုပါ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင် ပိုင်ဆိုင်သည့် အိမ် နှင့် သံတွဲမြို့လုံခြုံရေး ကင်းစခန်းချထားရာ မြို့နယ်ခန်းမ နေရာသည် ကိုက် ၁၀၀ /၁၅၀ ခန့်သာ ကွာဝေးပါသည်။ ၎င်းအား မြို့လုံခြုံရေး တာဝန်ယူထားသူများမှ အချိန်မှီ လာရောက်ဟန့်တား နိုင်သော်လည်း ၎င်းတို့မှ မသိကျိုးကျွန် ပြုခဲ့ကြပါသည်။