အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
ဗုဒ္ဓဟူးနေ့

၁၁ ဒီဇင်ဘာ ၂၀၁၃

၂၀:၃၀:၀၀
488007

ကွယ်လွန်သူ မင်ဒဲလားအတွက် ဆုတောင်းပွဲများပြုလုပ်၊ ကမ္ဘာ့နိုင်ငံ (၉၀) မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြ

အဟ်လေ့ဘိုက် ၉အ.စ) သတင်းဌာန၊အဗ်နာ

ပြီးခဲ့သည့် ကြာသာပတေးနေ့က ကွယ်လွန်သွားခဲ့သည့် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားအတွက် ဂျိုဟန်နစ္စဘတ်ရှိ ဘောလုံးကွင်းတွင်ပြုလုပ်ခဲ့သည့် ဆုတောင်းပွဲတွင် ကမ္ဘာ့နိုင်ငံ ၉၀ မှ နိုင်ငံ့ခေါင်းဆောင်များတက်ရောက်ဂါရ၀ပြုခဲ့ကြကာ မင်ဒဲလား သက်ရှိထင်ရှားရှိစဉ်က ဆောင်ရွက်ခဲ့သည့် အသားအရောင်ခွဲခြားမှုပပျောက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်များအား ပြန်ပြောင်း ပြောကြားခဲ့ကြသည်။

 

ထိုပွဲသို့ တက်ရောက်လာခဲ့သည့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက မင်ဒဲလားမှာ ရုန်းကန်ခြင်း၊ ထက်မြက်ခြင်း၊ ဇွဲရှိခြင်းနှင့် ယုံကြည်ခြင်းတို့နှင့်အတူ သမိုင်းတွင် နေရာတစ်နေရာကို ရယူခဲ့ကြောင်း ပြောကြားခဲ့ပြီး၊ မဟတ္တမဂန္ဒီ၊ မာတင်လူသာကင်းနှင့် အေဗရာဟင်လင်ကွန်းတို့နှင့် နှိုင်းယှဉ်ပြောကြားခဲ့သည်။ ထို့ပြင်မင်ဒဲလားမှာ သမိုင်းတွင် ကြီးမားသောပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး နိုင်ငံအား တရားမျှတမှုဘက်သို့ ဆောင်ကျဉ်း ပေးနိုင်ခဲ့သည့် ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ဖော်ပြခဲ့သည်။

 

ထို့ပြင် ၁၉၆၁ ခုနှစ်ကတည်းက အမေရိကန်နှင့် သံတမန်ဆက်ဆံရေးမရှိခဲ့သည့် ကျူးဘားနိုင်ငံ နှစ်(၅၀) ကျော်အုပ်စိုးခဲ့သူ သမ္မတဟောင်း ကက်စထရိုအား အိုဘားမားက လက်ဆွဲနှုတ်ဆက်ခဲ့သည်။ Ref: aljazeera