အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : msm (myanmar shia muslim )
ဗုဒ္ဓဟူးနေ့

၁၁ ဒီဇင်ဘာ ၂၀၁၃

၂၀:၃၀:၀၀
488249

ရင်ထဲကခံစားချက်

  ကျွန်မတို့ တွေ မိဘဆွေမျိုးသားချင်းတွေ ကွယ်လွန်ပြီးရင် နှစ်ပေါင်းဘယ်လောက်အထိ မျက်ရည်ကျလည်း။ ကျွန်မ ကတော့ မိဘတွေ လက်ရှိအချိန်အထိ ရှိနေသေးတဲ့ အတွက် ဒီအဖြေကို မဖြေနိုင်သေးပါဘူး။ ဒါပေမယ့် မိဘကဲ့သို့  အရမ်းချစ်ရတဲ့ အဖိုး အဖွား တွေအတွက်တော့ သည်းသည်းထန်ထန် ငိုကြွေးခဲ့ဖူးပါတယ်။ ဆုံးခါစ တစ်နှစ်လောက် အတွင်းထိတော့ အဖိုး အဖွားအကြောင်းကို စဉ်းစားလိုက်တာနဲ့ မျက်ရည်က အလိုလို ကျလာပါတယ်။ ခုတော့ သတိရ တယ်။ တွေ့ချင်တယ်။ ဓါတ်ပုံထုတ်ကြည့်တယ်။ မျက်ရည်တော့ မထွက်တော့ဘူး။ ဒီအဖိုး အဖွားဆိုတာ မွေးကတည်းက တစ်အိမ်ထဲနေလာတာ။ ခုချိန်ထိလည်း အရမ်းသတိရတယ်။ အရမ်းလည်း ချစ်တယ်။ ဒီလောက် နှစ်ပေါင်း ၂၅ နှစ်ကျော် အတူနေထိုင်လာခဲ့တဲ့ အဖိုးအဖွားတွေ အတွက် ကျွန်မတို့ အလွန်ဆုံး ဘယ်နှစ်နှစ် မျက်ရည်ကျမလည်း အလွန်ဆုံး ၄/၅ နှစ်ပေါ့။ ဘာလည်း မချစ်တော့လို့ လား။ ဘယ်ဟုတ်မလည်း ကိုယ့် အဖိုးအဖွားတွေပဲ။ ချစ်တာပေါ့။ ဒါပေမယ့် မျက်ရည်တော့ မကျတော့ဘူး။ မိဘ ဆုံးရှုံးဖူးတဲ့ သူတွေရော။ ဘယ်နှစ်နှစ် မိဘတွေအတွက် မျက်ရည်ကျမလည်း။ အဓိကပြောချင်တာကတော့ ကျွန်မတို့ ရှီအာဟ်တွေ Imam (as) တွေ နာမည် ကြားတာနဲ့ ရင်ထဲမှာ လှိုက်ကနဲ ဝမ်းနည်းလာတယ်။ မျက်ရည်တွေ ထိန်းမရအောင်ကျလာတယ်။ ဒါဘာကြောင့်လည်း။ ဒီ Imam (as) တွေကို ကျွန်မတို့ မြင်တောင်မှ မမြင်ဖူးပဲ ဘာလို့ ဒီလိုမျိုးတွေဖြစ်ရတာလည်း။ မထူးဆန်းဖူးလား။ Imam (as) တွေ ရှဟီးဒ် ဖြစ်ခဲ့တာ နှစ်ပေါင်းဘယ်လောက်ကြာပြီလည်း။ ဒီနေ့ဒီအချိန်အထိ ကျွန်မတို့ ရှီအာဟ်တွေ ဝမ်းနည်းနေတုန်းပဲ။ ငိုကြွေးနေကြတုန်းပဲ။ ဒါဟာ အလ္လာဟိုအရှင်မြတ်ဖက်ကနေ ကျွန်မတို့ ရှီအာဟ်တွေရဲ့နှလုံးသား ထဲမှာ ထည့်ပေးထားတဲ့ ဆုလာဘ် တစ်ခုပဲ။ ရှီအာဟ် မိဘ နှစ်ပါးကနေ မွေးဖွားခံရပြီး လက်ရှိအချိန်ထိ ရှီအာဟ် တစ်ယောက် ဖြစ်ခွင့်ရတဲ့ အပေါ်မှာ အများကြီး ရှိုကိုရ် လုပ်ပါတယ်။ နောက်ဆုံးထွက်သက်အ ထိ မြေကြီးထဲ ဝင် ရင်တောင် ရှီအာဟ်တစ်ယောက် အဖြစ်ရှိနေဖို့အခွင့်အရေးပေးသနားတော်မူပါ။ အာမီးန် Mahjubah Mishkee