အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media / ABNA
သောကြာနေ့

၂၀ ဒီဇင်ဘာ ၂၀၁၃

၂၀:၃၀:၀၀
490141

အကြီးဆုံး လေတပ် စစ်ရေးလေ့ကျင့်မှု တစ်ခု အီရန်ပြုလုပ်

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ - Harim Velayat 4  ဟု အမည်ရသည့် လေတပ်ဆိုင်ရာ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုကို အီရန်နိုင်ငံက ပြုလုပ်နေပြီး ထိုစစ်ရေးလေ့ကျင့်မှုမှာ အီရန်လေတပ် IRIAF မှ ပြုလုပ်သော လေးကြိမ်မြောက် စစ်ရေးလေ့ကျင့်မှုဖြစ်သည်ဟု အီရန်လေတပ်အကြီးအကဲ ဗိုလ်မှူးချုပ် အလီရီဇာ ဘာခိုရ်က ပြောကြားခဲ့သည်။

 

ယမန်နေ့က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အီရန်တောင်ပိုင်းနှင့် Hormozgan ပြည်နယ်ရှိ ဝေဟင်ပြင်တွင် အဓိကပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စစ်ရေးလေ့ကျင့်မှုအား အဆင့်သုံးဆင့်ဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ပထမဆင့်တွင် ကင်းထောက်ကာ လေ့ကျင့်မည့် ပစ်မှတ်များကို ရှာဖွေခြင်း၊  ဒုတိယအဆင့်တွင် တိုက်လေယာဉ်များ၊ ဗုံကြဲလေယာဉ်များနှင့် ထိုပစ်မှတ်များအား ဖျက်စီးခြင်း၊ ထို့နောက် တတိယအဆင့်တွင် ပြည်သူ့ကာကွယ်ရေး နည်းစနစ်များကို လေ့ကျင့်ခြင်း စသဖြင့် စီစဉ်ထားကြောင်း  ဘာခိုရ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

 

အီရန်နိုင်ငံမှာ ပြီးခဲ့သည့် အောက်တိုဘာလကလည်း နိုင်ငံအနောက်မြောက်ပိုင်းဒေသတွင် လေတပ်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတစ်ခုကိုပြုလုပ်ခဲ့ပြီး ထိုလေ့ကျင့်မှုတွင် အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ တပ်သား ၁၂၀၀၀ ပါဝင်ခဲ့ကာ သတ်မှတ်ထားသည့် လေ့ကျင့်ခန်းများကို အပြည့်အ၀ဆောင်ရွက်နိုင်သည်ဟု အီရန်လေတပ်မှ ပြောကြားခဲ့သည်။

 

Ref:Tasnimnews.com

.........................

မာရှာအလ္လာဟ် ... အချိန်မရွေး ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံမှအမေရိကန်၊အစ္စရေးတို့နှင့်၎င်းတို့၏မဟာမိတ်

နိုင်ငံများ၏တိုက်ခိုက်လာရင် ထိထိမိမိအဖြေပြန်ပေးနိုင်သည့်

အနေအထားတွင်ရှိနေပါသည်။ တဆက်တည်းမှာတည်းယနေ့အီရန် အနေဖြင့်စစ်ရေး၊ကြည်းရေ၊လေ အင်အားကမ္ဘာ ကိုတရား

ဝင်ပြသနေမှုသည် အီရန်နိုင်ငံ စစ်အင်အား၏ ၂၀ % သာရှိသေးကြောင်း သိထားစေလိုပါသည်။ အဗ်နာ