အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : msm (myanmar shia muslim )
ကြာသပတေးနေ့

၉ ဇန်နဝါရီ ၂၀၁၄

၂၀:၃၀:၀၀
494636

အဖေတွေ ရဲ့ရင်တွင်း ခံစား မှု

   

သားသမီးတွေ အိမ်ပြန်လာတိုင်းကျုပ်ကဧည့်ခန်းထဲမှာထိုင်နေတယ်။သူ့အမေကိုမမြင်တော့အမေရောလို့မေးကြတယ်။ သူ့အမေငုတ်တုတ်ထိုင်နေတဲ့အခါကြ တော့အဖေရောလို့မမေးကြဘူး။ ကျုပ်ခံစားရတယ်ဗျ။သားသမီးတွေရဲ့ပါးစပ်ထဲကိုထမင်းခွံ့ကျွေးတဲ့အမေ။ထမင်းပန်းကန်ထဲကိုထမင်းခူးပေးတဲ့အမေ။

 

မီးဖိုချောင်ထဲတကုပ်ကုပ်နဲ့အလုပ်တွေရှုပ်နေတဲ့အမေ။သူတို့အမေကိုတော့ သားသမီးတွေက ချစ်လိုက်ကြတာ။ အဲဒီထမင်းတွေဖြစ်လာဖို့ကျုပ်တို့ ဘယ်လောက်အထိ သူတို့ကွယ် ရာမှာအလုပ်လုပ်နေရတယ် ဆိုတာသူတို့မတွေး မိဘူးဗျ။ သရက်သီးခူးကျွေးတဲ့သူတို့အမေကိုတော့သားသမီးတွေက ကျေးဇူးတင်လိုက်ကြတာ ချစ်လိုက်ကြတာ။ ဒီသရက်ပင် ကိုမိုးထဲလေထဲရွံ့ထဲဗွက်ထဲမှာအအေးမိခံပြီးစိုက်ပျိုးပေးခဲ့တဲ့ကျုပ်တို့လို ဖခင်တွေရဲ့နှလုံးသားကိုတော့ နားမလည် ကြဘူး။မမြင်ကြဘူး။ သားသမီးဆိုတာသူတို့အမေရဲ့နို့ဖိုးကိုသာမြင် လွယ်ကြတာပါဗျာ။ကျုပ်တို့လို ဖခင်တွေရဲ့ချွေးဖိုးကိုတော့ တန် ဖိုးထားရကောင်းမှန်းမသိကြပါဘူးဗျာ။တစ်သက်လုံးစို့နေတဲ့ချွေးကို နို့လောက်မချိုမြိန်ဘူးလို့ထင်တတ်ကြတယ်ဗျ။ ထီးမိုးပေးတဲ့အမေ့ရဲ့မေတ္တာကိုတော့ ချက်ချင်းသိတတ်လိုက်ကြတာ။လုံခြုံနွေးထွေး တဲ့ဘ၀ကိုဖန်တီးပေးနေတဲ့ဖခင် တစ်ယောက် ရဲ့ချစ်ခြင်းနဲ့မေတ္တာကိုတော့မသိကြ၊ မမြင်ကြဘူးဗျာ။ သားသမီးတွေကသောက်ရေအိုးထဲက ရေအေးအေးကိုခပ်ပြီး တိုက်တဲ့အမေ့ကိုတော့ချစ်ကြတယ်။ အဲဒီသောက် ရေအိုး ကိုရေအပြည့်ဖြည့် ပေးထားတာကျုပ်တို့အဖေတွေပါဗျာ။ ပန်းပန်ပေးတဲ့မိခင် ရဲ့အချစ်ကိုသာခံစားတတ်ကြတာပါ။ပန်းပင် ကိုပျိုးပြီးပန်းကလေး တွေပွင့်လာအောင်ရေ လောင်းပေါင်းသင်ပေးနေတဲ့ကျုပ်တို့လိုဖခင်တွေရဲ့အချစ်ကို တော့သူတို့လေးတွေမခံစား တတ်ကြပါဘူး။ သိစေချင်တယ်ဗျာ။

 

လူတစ်ဦးဟာသားသမီးအပေါ်၌ တည်ရှိတဲ့ဖခင်၏ရပိုင်ခွင့်များ မှာ အဘယ်နည်းဟု တမန် တော်မြတ်(ဆွ)ထံမှ မေးမြန်းခဲ့ရာ၊

 

لا يُسَمِّيهُ بِاسْمِهِ وَ لايَمْشِی بَيْنَ يَدَيهِ وَ لا يَجْلَسُ قَبْلَهُ وَلا يَسْتَسِبِّ لَهُ ဖခင်ကို အမည်တပ်၍မခေါ်ရ၊ ဖခင်၏ရှေ့မှလမ်းမသွားရ၊ ဖခင်ထက်အလျင် မထိုင်ရ၊ အခြားသူများ ဖခင်အပေါ် မကောင်းပြောဆိုလာစေမည့်အလုပ်ကိုမလုပ်ဆောင်ရ။ (အူဆူလေ ကာဖီ၊ အတွဲ၂၊ စာမျက်နှာ ၁၅၉၊ ၁၆ဝ။)

 

"မိကောင်းဖခင်" ဆိုတဲ့စကားကိုအိမ်က မိန်းမတွေ သဘောပေါက်သင့်တယ်။ မြန်မာစကားက အဓိပ္ပါယ်လေးနက် တယ်ဗျ။ မိကောင်းဖခင် ဆိုတာ အမိကောင်းမှအဖကိုခင် တယ်လို့ဆိုလိုတာဗျ။အဖကိုမခင် တွယ်တဲ့သား သမီးဖြစ် နေရင် အဲဒီသားသမီးရဲ့မိခင်မကောင်းလို့ပဲ။

 Aga Haider Mashedy