အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : msm (myanmar shia muslim )
တနင်္လာနေ့

၁၃ ဇန်နဝါရီ ၂၀၁၄

၂၀:၃၀:၀၀
496799

ရှီအာတွေ (ရှီအာတွေအားလုံး) ခံယူချက်

    ၁။ တစ်ပါးတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်ကိုသာ ခပ်ဝပ်ကိုးကွယ်၏။ ၂။ တမန်တော်မြတ်(ဆွ) ကနောက်ဆုံးတမန်တော်ဖြစ်ပါတယ်။ အဲဒီအတွက် သူ့ ထက်သာလွန်တယ်။ ဒါမှမဟုတ် မတော်တဆ တမန်တော် ဖြစ်သွားတယ်လို့ လုံးဝမမှတ်ယူပါ။ လူ့သမိုင်းတလျှောက် ပညာ အရာမှာရော မြင့်မြတ်မှုပိုင်းမှာပါ ကိုယ် တော်မြတ်ထက် သာလွန်သူ (သို့) တူညီနိုင်တဲ့ သူလုံးဝမရှိ ပါ။ အေ မာမ်အ လီ(အ.စ)လည်းမပါပါ။ (တစ်ခုတော့ရှိတယ်ဗျ။ ရှီအာတွေက တမန်တော်မြတ် (ဆွ) ကနှစ်၄၀မှတ မန်တော်ခန့်အပ်ခံရတယ်ဆိုတာတော့မယုံကြည်ဘူး။ သူတို့က မွေးက တည်း ရှင်းရှင်းပြောရရင် ကမ္ဘာကြီး ဖန်ဆင်းကတည်းက သတ်မှတ်ထား တယ်လို့ယုံကြည် ကြတယ်။ တမန်တော်အီဆာ(အ.စ)တောင် မွေးကတည်းကငါတမန်တော်လို့စကားပြောတယ်ဆိုကျနော်တို့ တမန်တော်မြတ်(ဆွ)ကြီးကိုလည်း အသက်(၄၀)မှတမန်တော်ဖြစ်လာတာလို့ပြောရင်ရယ်စရာကြီးပေါ့နော်။ သတ်မှတ်တာဝန်ကိုအဲဒီအချိန်မှာစကြေငြာတာပဲဖြစ်မှာပါခင်ဗျားတို့ရော ဘယ်လို လက်ခံကြလဲဗျ။) ၃။ ကုရ်အာန်မှာ ပါတဲ့ စူရာဟ်တိုင်း၊ အာယသ်တိုင်း နံပါတ်တွေကအစ လုံးဝ အပြောင်းအလဲမရှိကြောင်း အပြည့်အ၀ ယုံကြည်ကြပါတယ်။ (ဒီလိုရှင်းရတာ ကိုက မေးခွန်းကတော်တော်အောက်တန်းကျနေပြီ ကုရ်အာန်ရဲ့ မြင့်မြတ်မှုနဲ့ ဘယ်လူသား မှပြောင်းလဲပြင်ဆင်နိုင်လိမ့်မည်မဟုတ်ဆိုတဲ့ အရှင်မြတ်ရဲ့ ကတိကို ပျက်ရယ်ပြုသ လိုဖြစ်နေကြပြီဆိုတာသိကြဦး)   ၄။တမန်တော်မြတ်(ဆွ)မရှိတဲ့နောက်ပိုင်းအေမာမ်အလီ(အ.စ)ဟာတမန် တော်မြတ်ကြီး(ဆွ)ကိုယ်တိုင်ခန့် အပ်ခဲ့တဲ့ခေါင်းဆောင်ဖြစ်တယ်၊တမန်တော်မြတ်ကြီး(ဆွ)မရှိတဲ့နောက်ပိုင်းပညာအရာမှာရောမြင့်မြတ်မှုပိုင်းမှာပါအေမာမ်အလီ(အ.စ)ထက်သာလွန်တဲ့သူ၊ တူညီနိုင်တဲ့သူလုံးဝမရှိပါ။ (တမန်တော် မြတ်ကြီး ဟဒီးစ်ကို ပြန်ကိုးကားဖို့လိုမလားတော့မသိဘူး။ ငါသည်ပညာ၏ မြို့တော် ဖြစ်ပြီး အလီသည် ထိုမြို့၏ တံခါးဝဖြစ်သည်တဲ့ တိုင်တွေ နံရံတွေ တော့လာ မထည့် လောက်ပါဘူးနော် :P) ၅။ ကိဘ်လာတစ်ခုတည်း၊ ကေယာမသ်တစ်နေ့တည်း ဖြစ်မယ်ဆိုတာယုံကြည်ပြီး မုစ်လင်မ်အားလုံး စွန်နီ (ဟနဖီ၊ ရှာဖီ၊ မလကီ၊ ဟန်ဘလီ) အားလုံးကို ညီအစ်ကို အဖြစ်မှတ်ယူပြီးစွန်နီ လို့ကိုယ် တိုင်ကြေငြာနေကြသော ၀ဟါဘီ၊ စလဖီ၊ သက်ဖီရီး၊ စေပါဟေဆာဘာနဲ့တခြား အစ္စလာမ်နံမည်နဲ့ ပလီတွေ ဗုံးခွဲ၊ မွစ်လင်မ်အ ချင်းချင်း ပြန်သတ်နေတဲ့လူတွေကို အမြဲလာနသ်ပို့နေပါ့မယ်။အဲဒီအတိုင်း ယဇီးဒ်နဲ့ အဟ်လေဘိုင်သ်(အ.စ)ကိုဒုက္ခပေးသတ်ဖြတ်ခဲ့တဲ့သူတွေကိုလာနသ်ပို့နေပါ့မယ်။ လာနသ်ဆိုတာကိုပြန်ရှင်းရရင်ဗုံးခွဲခေါင်းဖြတ်တာမဟုတ်ဘဲအရှင်မြတ်ရဲ့လက်ကိုအပ်နှံတာပါ။ကုရ်အာန်ထဲမှာပါသလိုပေါ့ဇွာလင်မ်တွေအပေါ်အရှင်မြတ်ရဲ့လာနသ် ကျရောက်ပါစေဆိုတာလေ။ ( Facebook ဆွေးနွေးခန်းတခုမှ) Hassan Razavi

MSM February 2014