အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၀ ဇန်နဝါရီ ၂၀၁၄

၂၀:၃၀:၀၀
498768

အေမာမ်(အ.စ)၏ ပညာဆိုင်ရာ အမျိုးအစားများ

အေမာမ်(အ.စ)၏ ပညာဆိုင်ရာ အမျိုးအစားများ عِلْمُنٰا عَلٰى ثَلٰاثَةِ اَوْ جُهٍ ... بَعْدَ نبشيِّنَا စကားပြေအဓိပ္ပာယ် ကျွန်ုပ်(အလ်လေ့ဘိုက်(သ) (အ.စ) ၏ပညာသည်သုံးမျိုးသုံးစားရှိလေသည်။ အတိတ်နှင့် ပတ်သက်သည့် ပညာ၊ အနာဂတ်နှင့်နွယ်သည့် ပညာနှင့်ဖြစ်ပျက်မှုနှင့်ဆိုင်သည့် ပညာ တို့ဖြစ်ပေသည်။ အတိတ်နှင့်ပတ်သက်သည့်ပညာသည် သဖ်စီးရ်ပညာဖြစ်ပြီး အနာဂတ် နှင့်နွယ်သည့်ပညာသည် မောင်ကူဖ်ပညာဖြစ်ပြီး အဖြစ်အပျက်နှင့် ဆိုင်သည့်ပညာ သည် နှလုံးသားများတွင် ဖြည့်စီးရပြီး နားများတွင် ညီညီညာညာလိုက်ဆိုပေး ရခြင်း ဖြစ်ပါသည်။ ပညာ၏ဤအပိုင်းသည် အမြင့်မြတ်တကာ အမြင့်မြတ်ဆုံးပညာဖြစ်ပြီး ကျွန်ုပ်တို့၏ တမန်တော်မြတ်ကြီး()ပြီးနောက် မည်သည့်တမန်တော်မျှ ပွင့်လိမ်မည် မဟုတ်ချေ။ ရှင်းလင်းချက် ဤစာစုများသည် အေမာမ်(အ.စ)၏ ပညာနှင့် ပတ်သက်ပြီး အလီဗင်မိုဟမ္မဒ်စမရီ၏ မေးခွန်းကို အေမာမ်ဇမာန်(အ.ဂျ)၏အဖြေမှ အစိတ်အပိုင်းတစ်ချို့ဖြစ်ပါသည်။ အလာမာမရ်ဟွမ်မဂျလေစီ(ရဟ)အနေဖြင့် မိမိ၏ကျမ်း မေရ်အာသိုလ် အိုကူးလ် ကျမ်းတွင် ဤပညာသုံးမျိုးနှင့်ပတ်သက်ပြီး အကျယ်ဖွင့်ဆိုရေးသားသီကုံးထားပါသည်။ အတိတ်နှင့်ပတ်သက်သည့်ပညာဆိုသည်မှာ ထိုအကြောင်းအရာများကိုမြတ်တမန် တော်ကြီး(ဆွ)မှ မိမိ၏အဟ်လေ့ဘိုက်(သ)(အ.စ)အား အကျယ်ဖွင့်ဆိုပြခဲ့သည့်ပညာဖြစ်ပါသည်။ ပြီးနောက် ဤပညာ၌အတိတ်က နဗီတမန်တော်မြတ်(ဆွ)နှင့်အွန်မသ်များ၏ အဖြစ် အပျက် ဖြစ်ရပ်မှန်များအကြောင်းနှင့် စကြ၀ဠာ၏ ဖန်ဆင်းမှုအစ ပထမ အတိတ်က အရာ များ၏ အစပထမအကြောင်းလည်း ပါဝင်ပေသည်။ အေလ်မေဂါပေရ်ဆိုသည်မှာ အနာဂတ်တွင်ဖြစ်ပျက်လာမည့်အကြောင်းအရာများကို ခေါ်ဆိုပါသည်။ အကြောင်းမှာ ဂါပေရ်၏အဓိပ္ပာယ်မှာ အကြွင်းအကျန်၊ အဂျန်ဟု ဖြစ်ပါသည်။ ဂါပေရ်ဆိုသည်မှာ ကမ္ဘာ လောကကြီး၌ မလွဲမသွေအနာဂတ်တွင် ဖြစ်ပေါ်လာရ မည့်သတင်းများ ရှေ့ပြေး သတင်းများကို ခေါ်ဆိုပါသည်။ ဤအတွက်ကြောင့် အေမာမ်(အ.စ)အနေဖြင့် မောင်ကူဖ်ဟု အမည်ပေးတော်မူခဲ့ခြင်း ဖြစ်ပါသည်။ စကြ၀ဠာ၏ အနာဂတ်ဖြစ်ရပ်များနှင့်ပတ်သက်နေသည့်ပညာများသည် သီးသန့်အထူးအဟ်လေ့ဘိုက်(သ)နှင့်သာသက်ဆိုင်ပေသည်။ မောင်ကူဖ်၏ အဓိပ္ပာယ်မှာ သီးသန့်အထူးဖြစ်လေသည်။ အေလ်မေဟာဒေစ်အဖြစ်အပျက်များနှင့်ဆိုင်သည့်ပညာဆိုသည်မှာ- သက်ရှိများ၏ အခြေအနေနှင့်အတူ ပြောင်းလဲမှုများဆိုင်ရာပြ ပညာကို ခေါ်ဆိုပါသည်။ (သို့မဟုတ်)မရှင်းလင်းမပြတ်သားသည့်အရာများ၏ အကျယ်ဖွင့်ဆိုချက်ပညာကိုခေါ်ဆို ပါသည်။ فَذْفُ فِيْ العلُوبِ ဆိုသည်မှာ မြတ်အလ္လာဟ်ချီးမြှင့်တော်မူသည့် (အေလ် ဟာမ်)ကို ခေါ်ဆိုပါသည်။ (ထို့အေလ်ဟာမ်)သည် မည်သည့်ကောင်းကင်တမန်မှ ကြား မခံဘဲ တိုက်ရိုက်ရရှိခဲ့ သည် ဖြစ်ပေသည်။ نَقْرُ في الأسْماع ဆိုသည်မှာ ကောင်းကင်တမန်တပါးပါးကို အကြောင်းခံပြီး ရရှိသည့် မြတ်အလ္လာဟ်ဖက်မှ အေလ်ဟာမ်ဖြစ်ပါသည်။ ဤသုံးခုမြောက်ပညာ၏ မြင့်မြတ်ရသည့်သက်သေ အထောက်အထားမှာ အေလ်ဟာမ်(တိုက်ရိုက်ရသည်ဖြစ်စေ၊ သွယ်ဝိုက်ရသည်ဖြစ်စေ၊ အဟ်လေ့ဘိုက် (သ) (အ.စ)အတွက် အထူးသီးသန့်ဖြစ်လေသည်။ အလ္လာဟ်ဟိုအရှင်မြတ်သခင်ဖက်မှ အေလ်ဟာမ်ကြကြောင်း သက်သေ ထွက်ဆို ပြီးနောက်မနုဿလူသားအနေဖြင့် (အဟ်လေ့ဘိုက်(သ) (အ.စ) အား နဗူဝသ်ရထားသည်ဟု ထင် ယောင်ထင်မှားဖြစ်နိုင်ပေသည်။ရှိက်ခ် ဂျမားလ်(ကွမ်း) မှတ်ချက် ...  شرح چهل حدیث حضرت مهدی  عج  မှ ကောက်နှုတ်ဖော်ပြ အပ်ပါသည်။