အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
သောကြာနေ့

၂၄ ဇန်နဝါရီ ၂၀၁၄

၂၀:၃၀:၀၀
500124

၉၆၉ သီချင်းတွေ ဖွင့်ခွင့်ပိတ်လိုက်ရင် ထန်းကုန်းမှာလို ဗလီတွေ ကြေကုန်မယ်ဟု ဦးဝီရသူပြော

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ  

၉၆၉ ဦးဆောင် ဆရာတော် အမျိုးသားရေး ၀ါဒီ ဓမ္မကထိက ဦးဝိစိတ္တာ ဘိဝံသ၊ ဦးဝီရသူ (မစိုးရိမ်ကျောင်းတိုက်) နှင့် ငြိမ်းချမ်းရေး နှင့် ချစ်ကြည်ရေး သံတမန် ကွန်ယက်တို့ ပူးတွဲကျင်းပသည့် သံသယ ကင်းရှင်းရေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး အခမ်းအနားကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငါးကျမ်းပြန် ကျောင်းတိုက်တွင် ဇန်န၀ါရီလ ၂၃ ရက်နေ့က နေ့လည် ၁နာရီမှ ညနေ ၃နာရီထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

အဆိုပါ အခမ်းအနားတွင် အစ္စလာမ် ဘာသာဝင်များမှ မေးမြန်းခြင်း အစီအစဉ်တွင် အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးမှ ၀ီရသူအား မေးခွန်း လေးခု မေးမြန်းခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။  M-Media မှ ကြားတွေ့ခဲ့ရသော အဆိုအပါအမေးအဖြကို စာဖတ်ပရိတ်သတ်အတွက် တင်ဆက်လိုက်ပေးလိုက်ပါတယ်။

 

မေးခွန်း (၁)    ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု တွေနဲ့ ပတ်သက်ပြီး ရှေ့ဆက် အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရန် ဆရာတော်အနေနဲ့ ဘာသာနှစ်ခု စလုံးကို ဘာများ မိန့်ကြားလိုပါသလဲ။

 

ဦးဝီရသူဖြေ။    ။”နိုင်ငံသား၊ တိုင်းရင်းသား အခွင့်အရေးကို လိုချင်ရင် တိုင်းရင်သား လက္ခဏာ ပြည့်စုံအောင်နေပါ။ နိုင်ငံခြားကနေ ခိုးဝင်လာလာ၊ ဗြောင်ဝင်လာလာ ဘယ်လိုပုံစံနဲ့ ၀င်ဝင် ဦးဇင်းတို့ အပိုင်း မဟုတ်ဘူး အစိုးရအပိုင်း။ ဦးဇင်းတို့ ကတော့ ဒီနိုင်ငံထဲမှာ ဘယ်လိုပုံစံနဲ့ ရောက်လာရောက်လာ နိုင်ငံသား ဖြစ်ရင် နိုင်ငံသား လက္ခဏာနဲ့ ပြည့်စုံအောင် နေရင် ကြည်ဖြူမယ်။ နံပါတ် (၁) အဖြေက ငြိမ်းချမ်းစွာ အတူနေဖို့ မငြိမ်းချမ်းဘူး ဆိုတာ နိုင်ငံသား တိုင်းရင်းသား လက္ခဏာနဲ့ မပြည့်စုံသူတွေက ဒီဘက်က ဒေသခံ ပြည်သူတွေနဲ့ သဟဇတ ဖြစ်အောင် မနေနိုင်လို့ မငြိမ်းချမ်းတာ”

 

မေးခွန်း (၂)။    ။ သံဃာတော် ဆရာတော်တွေဟာ သာမာန် လူဝတ်ကြောင်ထက် ပိုပြီး နှုးညံ့ သိမ်မွေ့ကြသူ လို့ ထင်ပါတယ်။ဒါကြောင့် ပဋိပက္ခတွေ (အကြမ်းဖက်) မှုတွေကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ပြည်သူတွေအတွက် ဘယ်လိုများ ခံစားရပါသလဲ။ ဦးဝီရသူဖြေ။    ။”ဦးဇင်းတို့ လိုချင်တာက ကိုယ့်ကလည်း သူ့ကို ထိခိုက်နစ်နာအောင် မလုပ်နဲ့၊ ကိုယ့်ကိုလည်း သူတစ်ပါးထိခိုက်နစ်နာအောင် မလုပ်နိုင်ဖို့ အတွက် အခုထဲက ကာကွယ်တာ။ ဒါကြောင့်မို့ နှစ်ဦးနှစ်ဖက် နစ်နာ ဆုံးရှုံးသွားတဲ့ မည်သည့် ဒုက္ခသည် မဆို ဦးဇင်းတို့ တတွေက စာနာမှု အပြည့်ရှိပါတယ်”ဟု ဆိုသည်။

 

မေးခွန်း (၃)    ။    ။အခု စာရေးဆရာ မောင်သွေးချွန်တို့ အယ်ဒီတာ လုပ်ပြီး ထုတ်ဝေဖြန့်ချီနေတဲ့ အောင်ဇေယျတု စတဲ့ စာစောင်တွေဟာ ထုတ်လိုက်တိုင်း အစ္စလာမ်ဘာသာအပေါ် တဖက်သတ် စွပ်စွဲပြီး မုန်းတီးရေး စာတွေ၊ ဆောင်းပါးတွေကို ရေးနေတာကို တွေ့ရပါတယ်။ ဒီလို ရေးတဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေအတွက် ဘယ်လိုများ အကျိုးများ ရရှိနိုင်ပါသလဲ။

 

မေးခွန်း (၄)    ။    ။အဲဒီစာစောင်တွေမှာရော အစ္စလာမ် ဘာသာဝင်တွေက ပြန်လည် ဖြေရှင်းတာမျိုး ထည့်ပေးသင့်တယ်လို့ ဆရာတော်အနေနဲ့ မြင်ပါသလား။

 

ဦးဝီရသူဖြေ။    ။” ဦးဇင်း Facebook မှာ မုဒိန်းမှုတွေ ဆိုရင် နာမည် တိုက်ရိုက်ရေးတယ်။ နှစ်ဦးနှစ်ဖက် စလုံးကို လိပ်စာ အပြည့်ထည့်တယ်။ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ်တွေပါ ထည့်ပြီး အဲဒီလို အချက်အလက် ခိုင်မာရင် ဦးဇင်း နာမည်နဲ့ တိုက်ရိုက်ရေးတဲ့ အတွက် ပြည်သူလူထု အကုန်လက်ခံတယ်။ အဲဒီလို အချက်အလက်မှန်မှန် ကန်ကန်ရေးတဲ့ မည့်သည့် ဂျာနယ်မဆို မွတ်စလင်မ် ဂျာနယ်လည်း လက်ခံတယ်။ ဒါပေမယ့် အချက်အလက်လည်း ဘယ်ဆီနေမှန်း မသိဘူး။ ရင်ထဲက ခံစားချက်တွေကို ရေးထားတဲ့ စာတွေ တွေ့ရတယ်။ ပြည်တွင်းစာစောင်တွေကို ရေးထားတဲ့ စာတွေ တွေ့ရတယ်။ ပြည်တွင်း စာစောင်တစ်ခု ဆိုရင် ၀ီရသူ အကြမ်းဖက်၊ ၀ီရသူ အစွန်းရောက်၊ ၀ီရသူ လူသတ်သမား၊ ၀ီရသူ တရားခံ အထောက်အထားမဲ့တဲ့  သက်သေမဲ့တဲ့ စာတွေကို မည်သည့် ဂျာနယ်တွေမှ မရေးစေချင်ပါဘူး။ အထောက်အထား ရှိရှိရေးမယ်ဆိုရင် ဦးဇင်းတို့ မှားတဲ့ အကြောင်း ထောက်ပြပါ။ လက်ခံတယ်။

 

အဲလိုရေးတဲ့ အတွက်ကြောင့် ဦးဇင်းတို့ ဘက်မှာ နောင်ကြဉ်စရာ၊ နောင် ရှောင်စရာတွေ၊ သင်ခန်းစာ ယူစရာတွေ၊ ကိုယ့်လူကိုယ် ဆုံးမစရာ အချက်အလက်တွေ တိုးပွားလာတာပေါ့။

 

အဲဒီလိုပဲ မွတ်စလင်မ်ဂျာနယ်တွေက ရေးရင် အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ရေးပါ။ ဦးဇင်းတို့တတွေလည်း ရေးလို့ရှိရင် အထောက်အထား အပြည့်အစုံနဲ့ ရေးပါမယ်။

 

အထောက်အထား မပြည့်စုံတဲ့ မည်သည့် ဂျာနယ်၊ မဂ္ဂဇင်းမဆို နစ်နာတဲ့ သူတွေက တရားစွဲကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟုဆိုသည်။

 

ဆက်လက်၍ အခမ်းအနားမှူး ဦးသန်းတင်မှ လမ်းတွေလမ်းတွေမှာ တရားပွဲတွေ၊ အလှူမဏမ်တွေမှာ သွေးအေးနေလို့ မနေသင့်ပြီ ဒို့တွေ နိုးကြားဖို့ အချိန်တန်ပြီလို့ အခွေတွေကို မဖွင့်ပေးဖို့ တပည့်တော်အနေနဲ့ မေတ္တာရပ်ခံ ခဲ့သည့်အပေါ်ဦးဇင်း ၀ီရသူမှ အောက်ပါအတိုင်း ဖြေကြားခဲ့သည်။

 

“ဒီသီချင်းမှာ မွတ်စလင်မ်ဆိုတာ ပါလား၊ ၇၈၆ ဆိုတာ ပါလား၊ အစ္စလာမ်ဘာသာဝင်ဆိုတာ ပါလား၊ ကုလား ဆိုတာ ပါလား ဒကာကြီးတို့ ဘာသာ၊ ဒကာကြီးတို့ လူမျိုးကို ဘယ်လို ထိခိုက်လဲ၊ တိုက်ခိုက်သလဲ အဲဒါတွေ မပါဘဲနဲ့ ဦးဇင်းတို့က အမိန့်အာဏာနဲ့ ဒီသီချင်းကို ရုတ်သိမ်းရင် ဦးဇင်းနဲ့ ပြည်သူနဲ့ ပဋိပက္ခ ဖြစ်မှာပေါ့။ သူပြောတဲ့ စကားက ဘောင်ဝင်တယ်။ ဒါကြောင့် ဒီသီချင်းတွေကို လွတ်လွတ်လပ်လပ် သူတို့တွေ ပေါက်ကွဲနိုင်အောင် ဖွင့်တာကို ခွင့်ပြုတယ်။

 

ဒီသီချင်းကို သူတို့တွေ ခံစားမှ၊ သူတို့ တွေရဲ့ ရင်ထဲက အစိုင်အခဲတွေက ကြေသွားတာ။ တကယ်လို့သာ ဒီသီချင်းတောင်မှ ဖွင့်ခွင့်မရဘူးဆိုရင် သူတို့ရင်ထဲမှာ အစိုင်အခဲတွေ ဖြစ်နေပြီး ထန်းကုန်းလို ဗလီတွေ ကြေကုန်မယ်” ဟုဖြေကြားခဲ့သည်။