အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : The Voice Journal
ဗုဒ္ဓဟူးနေ့

၂၉ ဇန်နဝါရီ ၂၀၁၄

၂၀:၃၀:၀၀
501615

မြန်မာ့ပိုင်နက်ကို အိန္ဒိယ ကျူးကျော်ဟု နိုင်ငံတော်သမ္မတက သဝဏ်လွှာပေးပို့

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန၊ အဗ်နာ  

မြန်မာ -အိန္ဒိယ နယ်စပ်တွင် အိန္ဒိယနိုင်ငံဘက်က လူနေအိမ်၊ အားကစားကွင်းနှင့် ကားလမ်းများ နယ်နိမိတ် ကျူးကျော် ဆောက်လုပ် ထားသောကြောင့် နှစ်နိုင်ငံ ပူးပေါင်း စစ်ဆေးဖယ်ရှားနေ ရကြောင်း နိုင်ငံတော် သမ္မတက ဇန်နဝါရီ ၂၈ ရက်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့လိုက်သည်။

 

ကျူးကျော် ဆောက်လုပ် ထားသည် များမှာ နှစ်နိုင်ငံကြား နယ်နိမိတ် မှတ်တိုင် စိုက်ထူခြင်း မပြုရသေးသော နယ်ခြားမှတ်တိုင် BP (boundary Pillar) ၇၆ နှင့် စိုက်ထူပြီးသော BP ၇၇ ကြားရှိ အိန္ဒိယနိုင်ငံ ဟောင်လင်းဖိုင်ရွာမှ နေအိမ်၊ ကစားကွင်းနှင့် ကားလမ်းတို့ ဖြစ်ကြောင်း၊ ယင်းအပြင် BP ၇၈ နှင့် BP ၇၉ ကြားရှိ လူနေအိမ်နှင့် ခြံဝင်းအချို့ အပါအဝင် မီးတိုင် ၃ တိုင်လည်း ကျူးကျော် တည်ရှိနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဖယ်ရှားရေးကို ဆက်လက် လုပ်ဆောင်နေရကြောင်း သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

 

ထို့အပြင် နှစ်နိုင်ငံကြားတိုင်းတာ သတ်မှတ်ပြီးဖြစ်သော နယ်နိမိတ်အတွင်းမှ ၁၀ မီတာဇုန်အတွင်း (မြန်မာ ပိုင်နက်အတွင်း) အိန္ဒိယဘက်မှ ကျူးကျော်ထားသည်ကို တွေ့ရှိရပြီး နယ်စပ်ကြား အငြင်းပွားနေရသည့် နယ်မြေဒေသများကို နှစ်နိုင်ငံ နယ်နိမိတ် သတ်မှတ်လုပ်ငန်း အဖွဲ့အစည်းများက ဖြေရှင်းနေရကြောင်း ဆက်လက် ဖော်ပြထားသည်။ အဆိုပါ လုပ်ငန်း ဆောင်ရွက်ချက်များကို ပြည်ထောင်စု လွှတ်တော်က မှတ်တမ်း တင်ကြောင်း လွှတ်တော်နာယက သူရဦးရွှေမန်းက ကြေညာခဲ့သည်။

 

မြန်မာ-အိန္ဒိယ နယ်စပ်သည် ဘင်္ဂလားဒေ့ရှ်မှ တရုတ်နယ်စပ် အထိ ၉၀၃ မိုင် ရှည်လျားပြီး နယ်စပ်မှတ်တိုင် စိုက်ထူရာတွင် နှစ်နိုင်ငံ နယ်စပ်ကြား အချင်းများမှုများ ဖြစ်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း ကျူးကျော်ထားသည့် ကိစ္စကြောင့် မြန်မာဘက်မှ ကန့်ကွက်စာ ၁၁ ကြိမ် ပေးပို့ထားကြောင်း တမူးခရိုင်မှ နယ်စပ်သတ်မှတ်ရေး စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇောလင်းက ပြောကြားသည်။