အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
သောကြာနေ့

၃၁ ဇန်နဝါရီ ၂၀၁၄

၂၀:၃၀:၀၀
502051

ကမ္ဘာ့ဟိဂျဗ်န့အား ဂုဏ်ပြုသောအားဖြင့် ကနေဒါတွင် ဟိဂျဗ်အကြောင်း ပညာပေးသည့် ပြပွဲတစ်ခုပြုလုပ်မည်

  အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန၊အဗ်နာ 

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဟိဂျဗ်န့အား ဂုဏ်ပြုသောအားဖြင့် ကနေဒါရှိ မွတ်စလင်အမျိုးသမီးများက အစ္စလာမ်ဘာသာဝင် အမျိုးသမီးများ၏ အခွင့်အရေးတစ်ခုဖြစ်သည့် ဟိဂျဗ်ဝတ်ဆင်ခွင့်နှင့်ပတ်သက်သည့် ပညာပေးသည့် ပြပွဲတစ်ခု ပြုလုပ်မည်ဟု သိရသည်။

 

ထိုအခမ်းအနားအား နိုင်ငံအလယ်ပိုင်း အလ်ဘာတာ ပြည်နယ်ရှိ ဖော့တ်မြို့ရှိ Peter Pond ရှော့ပင်းမောလ်တွင် ဖေဖော်ဝါရီ ၁ ရက်နေ့ (စနေနေ့)တွင် ကျင်းပပြုမည်ဖြစ်ပြီး၊ ပြီခဲ့သည့်နှစ်က ပထမဆုံး အကြိမ်အဖြစ် ကျင်းပခဲ့သည်။

 

“လူတိုင်းလူတိုင်း ဒီကိုလာပြီး ဟိဂျဗ်ကို စမ်းသပ်ဝတ်ဆင်ကြည့်စေချင်တာပါ” ဟု ပွဲစီစဉ်သူ ကီရန်မာလစ်ခန်းက Fort McMurray Day သတင်းစာသို့ ဇန်န၀ါရီ ၂၉ ရက် (ဗုဒ္ဓဟူးနေ့) တွင် ပြောကြားခဲ့သည်။

 

ထို့ပြင် အချို့သောသူများ၏ ဟီဂျဗ်ဝတ်ဆင်ခြင်းအပေါ် ထားရှိသည့် အမြင်များနှင့်ပက်သက်၍ ”လူတွေရဲ့ အကြီးမားဆုံး အမြင်မှားယွင်းမှုကတော့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတွေကိုအတင်းအကျပ် ဟိဂျဗ် ၀တ်ဆင်ခိုင်းတယ်ဆိုတာပါပဲ။ ဒါဟာ မမှန်ပါဘူး။ ဟိဂျဗ်ဆိုတာ အိနြေ္ဒ၊ သိက္ခာနဲ့ လှပမှု တို့ရဲ့ အမှတ်အသားပါ။ ”

 

စနေနေ့တွင်ပြုလုပ်မည့် ထိုအခမ်းအနားသို့ တက်ရောက်သူများအနေဖြင့် ဟိဂျဗ်ဝတ်ဆင်ရခြင်း အကြောင်းအရင်းအပြင် အစ္စလာမ်သာသနာ အကြောင်း ကိုလည်း သိရှိခွင့်ရမည်ဖြစ်သည်။

 

အစ္စလာမ်သာသနာမှာ ကနေဒါတွင် အလျဉ်မြန်ဆုံး ပြန့်ပွားနေသည့် သာသနာဖြစ်သည်ဟု နိုင်ငံ၏ တရားဝင်ကိန်းဂဏန်းများအရသိရသည်။ ထို့ပြင် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း အစ္စလာမ်သာသနာ ပြန့်ပွားမှုမှာ ၈၂ ရာခိုင်နှုန်းအထိတိုးတက်ခဲ့ပြီး နိုင်ငံလူဦးရေ၏ ၃.၂ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။

 

Ref : Onislam