အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : မဇၩိမ
ကြာသပတေးနေ့

၆ ဖေဖော်ဝါရီ ၂၀၁၄

၂၀:၃၀:၀၀
503965

အများစုက ပြင်ဆင်ရန် တောင်းဆိုနေသည့် ပုဒ်မ ၅၉(စ) မပြင်သင့်ဟု ဟောပြော

အဟ်လေ့ဘိုက် (အ.စ)သတင်းဌာန ၊အဗ်နာ Written by  တင်ဇာအောင်၊ ယုဝေ

အများစုက ပြင်ဆင်ရန်တောင်းဆိုနေသော၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသည့် နိုင်ငံတော် သမ္မတနှင့် ဒုသမ္မတများ၏ အရည်အချင်းသတ်မှတ်ချက်များတွင် ပါဝင်သော ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန် မသင့်ဟု မြန်မာ့အမျိုးသားရေးကွန်ရက် (Myanmar National Network) မှဦးစီးကာ ရန်ကုန်မြို့၊ ဗဟန်း မြို့နယ်ရှိ ဗိုလ်စိန်မှန်အားကစားကွင်းတွင် ဖေဖော်ဝါရီ ၂ ရက်က ဟောပြောပွဲ ပြုလုပ်ခဲ့သည်။

နေ့လယ် တစ်နာရီခန့်မှ စတင်ကျင်းပခဲ့သည့် ဟောပြောပွဲသို့ လူဦးရေ ၁,၀၀၀ ခန့် တက်ရောက်ခဲ့ကာ အဓိကအားဖြင့် ပုဒ်မ ၅၉ ကိုမပြင်ရန် ဟောပြောပွဲပြုလုပ်ခြင်းဖြစ်သည်။ ယင်းပွဲကိုစီစဉ်ခြင်းနှင့်ပတ်သက် ၍ မြန်မာ့အမျိုးသားရေးကွန်ရက်မှ နာယကဦးသီရိမောင်က “ဘာကြောင့်များ ၅၉ (စ)ကို မပြင်ဖို့ပြောရ တာလဲဆိုရင် ကျွန်တော်တို့ နိုင်ငံရေးကူးပြောင်းတဲ့အခါမှာ ၅၉ ပုဒ်မကို ပြင်လိုက်မယ်ဆိုရင် ဒီပြင်နိုင်ငံ သားတွေ ပြောင်းလာနိုင်မလားဆိုတာ ပြောလို့မရဘူး။ အဲ့ဒီအတွက်ကြောင့် အရှည်ကိုကြည့်မယ်ဆိုလို့ရှိ ရင် ဒီပုဒ်မက လုံးဝမပြင်သင့်တဲ့ ပုဒ်မပါ”ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါဟောပြောပွဲကို “အမျိုးသားရေးရှုထောင့်မှ ကာကွယ်စောင့်ရှောက်ရမည့် ပုဒ်မ၅၉ ဖွဲ့စည်းပုံအခြေ ခံဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ဟု အမည်တပ်ထားပြီး မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေ၊ရှေ့နေဦးအေးပိုင်၊ ဓမ္မစက္ကဦးမောင်မောင်၊ မြန်မာ့အမျိုးသားရေးကွန်ရက်မှ နောင်တော်လေး နှင့် ဦးသီရိမောင်၊ ကိုဟန်မျိုးမွန်နှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဒေါ်ခင်ဝိုင်းကြည်တို့က ဟောပြောခဲ့သည်။

ဟောပြောပွဲတွင် ဟောပြောမည့် ဒေါ်ခင်ဝိုင်းကြည်က ၅၉ (စ) ပုဒ်မနှင့်ပတ်သက်၍ “ဒါဟာ တစ်ယောက် တည်းအတွက်လုပ်တဲ့ နိုင်ငံရေးမဟုတ်ဘူးလေ။ အများအတွက်လုပ်တဲ့နိုင်ငံရေး၊ ပြီးတော့ အရှည်ကြီးကို ကြည့်ရမယ်လေ။ ပုဂိ္ဂုလ်စွဲပြီး နိုင်ငံရေးလုပ်ခဲ့မယ်ဆိုရင်တော့ ဒါအဂတိလိုက်စားတာပဲ။ ဒါမှမဟုတ် ပြည် သူလူထုက ချစ်တာမုန်းတာကို ကြည့်ပြီးလုပ်မယ်ဆိုရင်လည်း အဂတိလိုက်စားတာပဲ”ဟု ပြောသည်။

အဆိုပါဥပဒေသည် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ပိတ်ပင်ထားပြီး ပြင်ရန်ထောက်ပြပြောဆို မှုများလည်း ရှိနေသည်။ သို့သော် အဆိုပါဥပဒေကို မပြင်စေခြင်းမှာ အမျိုးသားရေးအတွက်သာဖြစ်ပြီး တစ်ဦးတစ်ယောက်ကို ရည်ရွယ်ခြင်းမရှိဟုလည်း ဦးသီရိမောင်က ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ရယ်မဟုတ်ပါဘူး။ ဒီဥပဒေမပြင်ရေးဆိုတာ ပုဂိ္ဂုလ်ရေးမပါပါဘူး။ ကျွန်တော်တို့ ရဲ့ သဘောထားလည်း ထုတ်ဖော်ခွင့်ရှိမယ်လို့ ထင်ပါတယ်”ဟု ဆိုသည်။ ဟောပြောပွဲသို့ တက်ရောက် လာသူ ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)တွင် တတိယနှစ် တက်ရောက်နေသည့် အရှင်မာဝဏက “၅၉ ဥပဒေကို မပြင်ဖို့ ထောက်ခံဖို့ရည်ရွယ်ချက်နဲ့ လာတာပါ။ ဘုန်းကြီးတို့က ပုဂိ္ဂုလ်စွဲမရှိပါဘူး။ ဘုန်းကြီးတို့တိုင်းပြည် က ရေရှည် နှစ် ၁၀၀၊ နှစ် ၁,၀၀၀ သွားရမှာဆိုတော့ တစ်ဦးတစ်ယောက် ခေါင်းဆောင်မှာကို မကြည့်ပါ ဘူး။ နိုင်ငံတကာက တိုင်းပြည်အတွက် တိုးတက်ဖို့ ကျန်တဲ့ဥပဒေတွေကို အကြံပြုတာတွေကိုမလုပ်ဘဲ ဒါလေးတစ်ခုပဲ ဘာလို့ ပြင်ခိုင်းတာလဲဆိုတာ စဉ်းစားလို့မရဘူး”ဟု ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး လွှတ်တော် လေ့လာသုံးသပ်ရေးကော်မတီသို့ ဒီဇင် ဘာ ၃၁ ရက်အထိ ပေးပို့လာသော အကြံပြုချက်များအရ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်သမ္မတ အရည်အချင်းဆိုင်ရာ ပုဒ်မ ၅၉ (စ) ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၃ ကို ပြင်ဆင်ရန် အကြံ ပြုချက် ၃,၃၆၉ ချက် ရှိသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပေးပို့သည့် အကြံပြုစာတွင်မူ ပုဒ်မ ၅၉(စ) ကို ပယ်ဖျက်ခဲ့ ခင်းမရှိသော်လည်း အနည်းငယ်ပြင်ဆင်သင့်သည်ဟု တင်ပြထားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်ပေါင်း ၁၆၈ ချက်အား ပြင်ဆင်သင့်သည်ဟု သုံးသပ် တင်ပြထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတနှင့် ဒုသမ္မတ အရည်အချင်းသတ်မှတ်ချက်များတွင် ပါဝင်သည့် ပုဒ်မ ၅၉ (စ) တွင် ပါဝင်သည့် မိဘ၊ ဇနီး၊ ခင်ပွန်း၊ တရားဝင် သားသမီးတစ်ဦးဦး၊ ယင်းသားသမီးများ၏ ဇနီး၊ ခင်ပွန်းများသည် တိုင်းတစ်ပါးနိုင်ငံသားမဖြစ်စေရဆိုသည့် အချက်ပါဝင်သည်။

၅၉ (ဃ) တွင်မူ “နိုင်ငံတော်၏ အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့် အမြင်များ ရှိရမည်”ဟု ပါရှိသည်။ အဆိုပါပုဒ်မများနှင့်ပတ်သက်ပြီး နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် အမျိုးသမီးတစ်ယောက်ကို ဦးတည်ရေးဆွဲခြင်းသည် မသင့်လျော် ကြောင်းနှင့် ယင်းကဲ့သို့ ရေးဆွဲထားခြင်းသည် သိက္ခာကျသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၉ ရက်က ချင်းပြည်နယ် ဟားခါးမြို့တွင် ကျင်းပခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဟောပြောပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါပုဒ်မကို ပြင်ဆင်ရေးနှင့်ပတ်သက်၍လည်း ဗြိတိန်နိုင်ငံခြားရေးရုံး အာရှရေးရာဝန်ကြီး Hugo Swire က ရန်ကုန်မြို့၊ ဗြိတိသျှကောင်စီတွင် ဇန်န၀ါရီ ၃၀ က မြန်မာလူထုနှင့်တွေ့ဆုံစဉ်က “နိုင်ငံသူ၊ နိုင်ငံသားများအနေနဲ့ သူတို့ကို ဘယ်သူအုပ်ချုပ်စေချင်သလဲဆိုတာ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ သို့တိုင် အောင် အဓိက အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ပါတီက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ လွှတ်တော်နေရာ အများစုကို အနိုင်ရခဲ့ရင်တောင် သူသမ္မတမဖြစ်လာအောင် တားဆီး ထားပါတယ်”ဟု ပြောဆိုခဲ့သည်။

 

ပုဒ်မ ၅၉ ပြင်ဆင်ရေးနှင့် သူတို့အမြင်

ဓမ္မစက္က ဦးမောင်မောင် (သဘာပတိ ၂၊ ထေရ၀ါဒ ဓမ္မကွန်ရက်)

“၅၉ နဲ့ပတ်သတ်ပြီးတော့ သမ္မတဖြစ်ထိုက်တဲ့အရည်အချင်းတွေဆိုတော့ အငြင်းပွားနေသလိုမျိုးပေါ့။ လူ တစ်ဦးတစ်ယောက်ကိုပဲ ရည်ရွယ်ပြီးရေးထားသလား။ အမျိုးသားရှေ့ရေးကိုပဲ ဦးတည်ပြီး ရေးထားသ လား ပြည်သူတွေကိုယ်တိုင် ဦးနှောက်နဲ့ ရွေးချယ်နိုင်အောင် ချပြနိုင်အောင် ပြောပြပေးမှာပါ။ တစ်ခုခုကို ဆန့်ကျင်တာမျိုး မဟုတ်ပါဘူး။ တစ်ဦးပုဂ္ဂလအနေနဲ့ကတော့ တိုင်းပြည်ရဲ့အနာဂတ်အတွက် ကြည့်ရမှာ ဆိုတော့ အမျိုးသားရေးအမြင်အရ ပြောမယ်ဆိုရင် ဆက်ပြီးတော့ ရှိသင့်ပါတယ်။”

ဦးကိုနီ

(တရားလွှတ်တော်ရှေ့နေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အကူပြုအဖွဲ့)

“၅၉ (စ)ကို မပြင်ရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်မရှိပါဘူး။ ဒီဟာကို စတင်ရေးဆွဲကတည်း က ရည်ရွယ်ချက်ရှိရှိ ရေးဆွဲခဲ့တာပါ။ အရင်က ၁၉၄၇-၁၉၇၄ ဥပဒေမှာ အဲ့ဒီအချက်တွေ မပါဝင်ပါဘူး။ နိုင်ငံခြားရဲ့ ကျေးဇူးတော်ခံမဖြစ်ရဘူးဆိုတာပဲ ပါပါတယ်။ ဒါကလည်း အဲ့ဒီပုဂိ္ဂုလ်နဲ့ပဲဆိုင်ပါတယ်။သမ္မတ ဆိုတာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တာပါ။ အခု ဒီဥပဒေက ပြည်သူလူထုရဲ့ ရွေးချယ်တင် မြှောက်ခွင့်ကို ပိတ်ပင်နေပါတယ်။ အဲ့ဒါကြောင့် ဒီဥပဒေကို ပြင်ကိုပြင်ရပါမယ်။”

ဦးထွန်းရီ

(ဗဟိုအလုပ်အမှုဆောင်ကော်မတီ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)

“အခြေခံဥပဒေနဲ့ပတ်သက်ပြီး ပြင်သင့်တာကိုမပြင်ဘဲ ခက်အောင်လုပ်တာကိုလည်း လက်မခံသ