အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : လင်းရောင်ခြည်
ဗုဒ္ဓဟူးနေ့

၂၆ ဖေဖော်ဝါရီ ၂၀၁၄

၂၀:၃၀:၀၀
509561

၉၆၉ ဗုဒ္ဓ၀ါဒီများကို အားဖြည့်ကူညီပေးမည့် "မြန်မာ မွတ်စ်လင်မ်"

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ သန်းခေါင်စာရင်း လူမျိုးနေရာ၌ "မြန်မာမွတ်စ်လင်မ်"ဟု ရွေးချယ်ပါက ဗမာလူမျိုး ဗုဒ္ဓ၀ါဒီ ၉၆၉အကြမ်းဖက်သမားများအား အားဖြည့်ပေးလိုက်သလို ဖြစ်သွားမည်။...±±±±±±±±±±±±±±±±±±±±±±±လက်ရှိ ဖွဲ့စည်းပုံအရ တိုင်းတစ်တိုင်း ပြည်နယ်တစ်ခုတွင် လူမျိုးစု တစ်စုသည် မြန်မာတစ်နိုင်ငံလုံးရှိ လူဦးရေ၏ (0.1%)ရှိပါက ထိုတိုင်း/ပြည်နယ်တွင် လူမျိုးရေးရာ ၀န်ကြီးတစ်နေရာ ရရှိမည် ဖြစ်သည်။{ဥပမာ- လူဦးရေ သန်း(၇၀)ရှိပါက (၇)သောင်းရှိရမည်ဖြစ်ပြီး လူဦးရေ သန်း(၆၀)သန်းရှိပါက (၆)သောင်းသော အရေအတွက် ရှိရမည် ဖြစ်သည်}သန်းခေါင်စာရင်း လူမျိုးရွေးချယ်ရာတွင်ကချင်,ကယား,ကရင်,ချင်း,ဗမာ စသော တိုင်းရင်းသားများနှင့် သွေးနှောထားတဲ့ မွတ်စ်လင်မ်တွေဟာ…ကချင် မွတ်စ်လင်မ်,ကယား မွတ်စ်လင်မ်,ကရင် မွတ်စ်လင်မ်,ချင်း မွတ်စ်လင်မ် များဖြစ်သည့်အတွက် ထိုကဲ့သို့ဖြည့်စွက်မည်ဆိုပါက ၄င်းတို့ သွေးနှောထားရာ လူမျိုးများထဲ၌ အကျုံးဝင်သွားမှာ ဖြစ်သလို ဗမာ/မြန်မာ မွတ်စ်လင်မ် များသည်လဲ "ဗမာ" လူမျိုးခေါင်းစဉ်အောက်သို့ ရောက်ရှိသွားမည် ဖြစ်သည်။{ထို့ကြောင့် သန်းခေါင်စာရင်းတွင် မြန်မာ မွတ်စ်လင်မ် ဟု ရွေးချယ်လိုက်မည်ဆိုပါက ဗုဒ္ဓဘာသာ အများစုရှိသည့် "ဗမာ"လူမျိုးကို အားဖြည့်ပေးလိုက်သကဲ့သို့ ဖြစ်သွားတော့သည်}"ဗမာ"လူမျိုး ဗုဒ္ဓဘာသာဝင်များထဲတွင် ၉၆၉ ဗုဒ္ဓ၀ါဒီအများစုရှိနေပြီး မွတ်စ်လင်မ်များ၏ ဗလီဝတ်ကျောင်းတော်များ|အိမ်များကို ဖျက်ဆီးမီးရှို့ခဲ့သော...ရက်စက်စွာ သတ်ဖြတ်ညှဉ်းဆဲခဲ့သော...မိတကွဲ ဖတကွဲနှင့် ဒုက္ခသည်စခန်းသို့ ပို့ဆောင်ပေးခဲ့သော ၉၆၉အကြမ်းဖက်သမားများ၏အင်အားကိုဖြည့်တင်းပေးလိုက်သလို ဖြစ်သွားတော့မည်။အဘယ့်ကြောင့်ဆိုသော် ကျနော်တို့ရွေးချယ်လိုက်သည့် လူမျိုးစာရင်းသည် မွတ်စ်လင်မ်လူမျိုးများကို ကိုယ်စားမပြုဘဲ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်များထဲ၌ အကျုံးဝင်သွားသောကြောင့်ဖြစ်သည်။"မြန်မာ မွတ်စ်လင်မ်"လို့ ရွေးချယ်လိုက်၍ တိုင်းရင်းသားမွတ်စ်လင်မ် လူမျိုး တစ်ခုခုကို ကိုယ်စားပြုခြင်းမရှိတော့ဘဲ မွတ်စ်လင်မ်အကျိုးသယ်ပိုးတောင်းဆိုပေးမယ့် ကိုယ်စားလှယ်များ ပေါ်ထွက်လာမည့်အရေးကို နှောင့်ယှက်ရာ ရောက်သွားသလို၉၆၉အကြမ်းဖက်သမားများအား ထောက်ပံ့ကူညီ ပေးလိုက်ခြင်းဆီသို့ ဦးတည်သွားတော့သည်။"မြန်မာမွတ်စ်လင်မ်"လို့ ရွေးချယ်မှုကြောင့် မွတ်စ်လင်မ် တိုင်းရင်းသားများဖြစ်သည့် (ပသီ,ကမန်,ပသျှူး,ပန်းပေး,ရိုဟင်ဂျာ)လူမျိုးတို့ရဲ့ အင်အား အရေအတွက်လဲ လျော့နည်းသွားမည်ဖြစ်ကာ တိုင်း/ပြည်နယ်တစ်ခုတွင် မွတ်စ်လင်မ်လူမျိုး(0.1%)အရေအတွက် ပြည့်မီလျှင် တိုင်းရင်းသား မွတ်စ်လင်မ် လူမျိုးရေးရာ ၀န်ကြီးများ ပေါ်ထွက်လာဖို့ အခွင့်အရေးသည်လဲ လက်လွတ်ဆုံးရှူံးသွားနိုင်သည်။သို့ဖြစ်၍ "မြန်မာ မွတ်စ်လင်မ်" ရွေးချယ်ခြင်းဟာ ၉၆၉အကြမ်းဖက်သမားများကို ကူညီအားဖြည့်ပေးရာရောက်သွားသလို တိုင်းရင်းသား မွတ်စ်လင်မ် လူမျိုးများရဲ့ ရပိုင်ခွင့်အကျိုးကိုလဲ ဖျက်ဆီးလိုက်ရာကျသွားတော့မည် ဖြစ်သည်။"၉၆၉ အကြမ်းဖက်သမားများကို ကူညီအားဖြည့်ပေးခြင်းမှ ရှောင်ကြဉ်နိုင်ကြပါစေ"Mahar Herokinghttps://www.facebook.com/mahar.herokingg