အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
တနင်္ဂနွေနေ့

၂ မတ် ၂၀၁၄

၂၀:၃၀:၀၀
510713

ယူကရိန်းရှိ ရုရှနွယ်ဖွားများအား ကာကွယ်ရန် အခွင့်ရေးရှိဟု ပူတင်က အိုဘားမားကို ပြော၊ ယူကရိန်းစစ်တပ် တပ်လှန့်ထား

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

- ယူကရိန်းနိုင်ငံတွင် ရုရှားစစ်တပ်အား အသုံးပြုရန်အခွင့်အာဏာကို ရုရှား အထက်လွှတ်တော်က သမ္မတ ပူတင်ကိုအပ်နှင်းခဲ့ပြီးနောက် ယူကရိန်းနိုင်ငံကလည်း ၎င်း၏စစ်တပ်ကို အမြင့်ဆုံးအဆင့်တပ်လှန့်နှိုးဆော်ထားသည်ဟု သိရသည်။

 

နိုင်ငံ၏ လုံခြုံရေး၊ ကာကွယ်ရေးအကြီးအကဲများနှင့် ယမန်နေ့က ၃ နာရီကြာ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် ရုရှားနိုင်ငံနေဖြင့် ယူကရိန်းအား ၀င်ရာက်ကျူးကျော်သည်မှာ မှန်ကန်သည့် အကြောင်းချင်းရာမဟုတ်ဘဲ၊ ထိုကဲ့သို့ ကျေူးကျော်ဝင်ရောက်ခြင်းက စစ်ပွဲဆီသို့ ဦးတည်နိုင်သည်ဟု ယူကရိန်း၏ ယာယီသမ္မတ အိုလက်ဆန်ဒါ တာချီနော့ဗ်က ပြောကြားခဲ့သည်။

 

ထို့ပြင် နိုင်ငံအတွင်းရှိ နျူးကလီးယားအဆောက်အအုံများ၊ လေဆိပ်များနှင့် အခြားသော မဟာဗျူဟာကျသည့် နေရာများတစ်ဝိုက်တွင်လည်း လုံခြုံရေးကို တာန်ဝန်ရှိသူများမှ တိုးမြှင့်ဆောင်ရွက်ထားသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

 

ရုရှားဝန်ကြီးချုပ် မက်ဗီဒက်နှင့် ဖုန်းပြောဆိုမှုတွင် ယူကရိန်းဝန်ကြီးချုပ် အာဆင် ယက်ဆန်ယွတ်က ခရိုင်းမီးယားဒေသရှိ ရုရှားစစ်သားများအား ရုပ်သိမ်းရန်နှင့် ဆွေးနွေးမှုများပြုလုပ်ရန်အတွက် ရုရှားအား တိုက်တွန်းပြောာကြားခဲ့သည်ဟု သိရသည်။

 

ယမန်နေ့တွင် ရုရှားသမ္မတပူတင်နှင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားတို့ ယူကရိန်းအရေးအတွက် မိနစ် ၉၀ ကြာ ဖုန်းဖြင့်ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ အရှေ့ယူကရိန်း၊ သို့မဟုတ် ခရိုင်းမီယားဒေသတွင် အကြမ်းဖက်မှုများဖြစ်ပွားလာလျှင် ထိုဒေသရှိ ရုရှားနွယ်ဖွားများ၏ အကျိုးစီးပွားအား ကာကွယ်ရန် ရုရှား၌ အခွင့်အရေးရှိသည်ဟု ပူတင်က အိုဘားမားအား ပြောကြားခဲ့ကြောင်း ရုရှားသတင်းဌာန RIA Novisti သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

 

ထိုကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံကလည်း ယမန်နေ့တွင် နယူးယောက်မြို့၌ အရေးပေါ် အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး၊ ရုရှားအနေဖြင့် ထိုကဲ့သို့ ဆက်လက်လုပ်ဆောင်နေပါက ဆိုချီတွင် ပြုလုပ်ရန်ရှိနေသော G8 အစည်းအဝေးသို့ တက်ရောက်မည်မဟုတ်ဟု အမေရိကန်နှင့် ကနေဒါနိုင်ငံတို့က ပြောကြားခဲ့သည်။

 

ခရိုင်းမီးယားဒေသတွင် ဖေဖော်ဝါရီ နှောင်းပိုင်းမှစ၍ ရုရှားထောက်ခံသူများနှင့် ဆန့်ကျင်သူများကြား တင်းမာမှုများမြင့်တက်လာခဲ့ပြီး၊ ရုရှားစစ်တပ်မှ စစ်သား ၂၀၀၀ နီးပါးဝင်ရောက်လာကာ ဒေသရှိ အဓိကလေယာဉ်ကွင်း ၂ ခုကို သိမ်းပိုက်ထားသည်ဟု ယူကရိန်းအစိုးရက ပြောဆိုခဲ့သည်။

 

Ref: Al Jazeera and agencies