အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
စနေနေ့

၈ မတ် ၂၀၁၄

၂၀:၃၀:၀၀
512360

မြောက်ကိုရီးယား၏ ရန်လိုမှုများအတွက် တရုတ်သတိပေး

 အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန၊ အဗ်နာ  

မြောက်ကိုရီးယား၏ ရန်လိုမှုများအတွက် တရုတ်သတိပေး၊ ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော နည်းလမ်းမှာ နျူဖျက်သိမ်းရေးဖြစ်သည်ဟုဆို

 

- ကိုရီးယားကျွန်းဆွယ်အတွင်း စစ်ပွဲ သို့မဟုတ် ပဋိပက္ခများကို တရုတ်နိုင်ငံအနေဖြင့် ခွင့်ပြုမည် မဟုတ်ေကြောင်းနှင့် နျူးလက်နက် စွန့်လွှတ်ရေးက သာလျှင် ငြိမ်းချမ်းရေးရရှိရန်အတွက် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း တရုတ်နိုင်ငံမှ မြောက်ကိုရီယားသို့ သတိပေး ပြောဆိုလိုက်သည်။

 

နျူးကလီးယားဗုံးစွန့်လွှတ်ရေးကို ငြင်းဆန်ထားသည့်အတွက် ကုလ၏ ပိတ်ဆို့မှုများကို ရင်ဆိုင်နေရပြီး ဖယ်ကျဉ်ခြင်း ခံထားရသည့် မြောက်ကိုရီးယား နိုင်ငံအတွက် တရုတ်နိုင်ငံမှာ သံတမန်မန်ရေးနှင့် စီးပွားရေးကို့ အဓိက ထောက်ပံ့ပေးနေသောနိုင်ငံဖြစ်သော်လည်း၊ မြောက်ကိုရီးယားနိုင်ငံဘက်မှ နျူးကလီးယားစပ်းသပ်မှု သုံးခုနှင် ဒုံကျည်များ ပစ်လွှတ်စမ်းသပ်ခြင်းတို့အပါအ၀င် စစ်ရေးအရ ငြိမ်းခြောက်မှုများရှိလသောကြောင့် မြောက်ကိုရီးယား အပေါ် ထားရှိသည့် တရုတ်နိုင်ငံ၏ သည်းခံမှုမှာ လျော့နည်းလာခဲ့သည်။

 

ယခုလ ၇ ရက်နေ့ကလည်း မြောက်ကိုရီးယားမှ ပစ်လွှတ်သော ဒုံးကျည်တစ်စင်းမှာ တရုတ်ခရီးသည်တင်လေယာဉ်တစ်ဦးအနားမှ ဖြတ်သွားပြီး နောက်ပိုင်း တရုတ်နိုင်ငံ မြောက်ကိုရီးယားလုပ်ရပ်အတွက် အလွန်စိုးရိမ်မိသည်ဟု ပြောဆိုခဲ့ကြောင်း Reuters သတင်းဌာနမှ ဖော်ပြခဲ့သည်။

 

“ကိုရီးယားကျွန်းဆွယ်ဆိုတာ တရုတ်နိုင်ငံရဲ့ တံခါးတစ်ချပ်ပါ။ ကျွန်တော်တို့မှာ ကန့်သတ်ချက်စည်းမဉ်းတစ်ခုရှိပြီး အဲဒီစည်းမျဉ်းကတော့ စစ်ပွဲနဲ့ ကိုရီးယားကျွန်းဆွယ် မတည်ငြိမ်မှုကို ခွင့်မပြုဖို့ပါပဲ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀န်ယီက သတင်းထောက်များအား ယမန်နေ့တွင်ပြောကြားခဲ့သည်။

 

ထို့ပြင် အဖွဲ့အားလုံးအနေဖြင့် မိမိတို့၏ အပြုအမူများကို ထိန်းသိမ်းရန် တိုက်တွန်းခဲ့ပြီး၊ ကျွန်းဆွယ်အတွင်း စစ်မှန်၏ ရေရည်ခံသော ငြိမ်းချမ်းရေးရန် တစ်ခုထည်သော ဖြစ်နိုင်ခြေမှာ နျူးကလီးယား ဖျက်သိမ်းရေးသာဖြစ်သည်ဟု ၀မ်က ထည့်သွင်းပြောကြားခဲ့သည်။

 

Ref : Aljazeera