အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : လင်းရောင်ခြည်
အင်္ဂါနေ့

၁၁ မတ် ၂၀၁၄

၂၀:၃၀:၀၀
513163

မြန်မာနိုင်ငံသား မွတ်စလင်များ အတွက် ၂၀၁၄ သန်းခေါင် စာရင်းဖြည့်သွင်းရာ တွင် ဆောင်ရန် ရှောင်ရန် များ အပိုင်း ... (၁ + ၂ စဆုံး)

  အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ (လွတ်လပ်စွာ တိုက်ရိုက် ရှယ်နိုင်ပါတယ်။ကူးယူပြီး ရှယ်နိုင်ပါတယ်။ လိုတာဆွဲယူ၊ မလိုတာဖြုတ်ပြီး ပြုပြင် မွမ်းမံကာ မရှယ်ပါရန် မေတ္တာရပ်ခံပါတယ်။)မြန်မာနိုင်ငံသား မွတ်စလင်များအတွက် ၂၀၁၄ သန်းခေါင်စာရင်းဖြည့်သွင်းရာတွင် ဆောင်ရန် ရှောင်ရန်များ အပိုင်း ......  (၁ + ၂ စဆုံး)---------------------------------------------ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းလုံးမှာ နိုင်ငံတော်အစိုးရက လူဦးရေနှင့် အိမ်သန်းခေါင်စာရင်းကောက်ယူခြင်းကို ၃၀-၃-၂၀၁၄ မှ ၁၀-၄-၂၀၁၄ ရက်အတွင်း ကောက်ခံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလို စာရင်းကောက်ယူရာမှာ လူတစ်ဦးချင်းစီနဲ့ မိသားစုတစ်ခုချင်းစီကို လူဦးရေနှင့် အိမ်သန်းခေါင်စာရင်းဆိုင်ရာ မေးခွန်း (၄၁) ခု တိတိကို မေးမြန်းသွားမှာ ဖြစ်ပါတယ်။အဲဒီမေးခွန်းတွေကို တိကျသေချာစွာ ဖြေကြားတဲ့နေရာမှာ အထောက်အကူတစ်ဖက်တစ်လမ်းမှ ရရှိနိုင်စေဖို့ မေးမယ့် အမေးတွေနဲ့ ဖြေရမယ့် အဖြေတွေကို (လင်းရောင်ခြည်အဖွဲ့သားများမှ) စုစည်း အကြံဥာဏ်ပေးကာ မျှဝေပါတယ်။ အရေးကြီးဆုံးက ဘာမေးမေး အနီးစပ်နိုင်ဆုံး ကိုယ့်မှာ အရှိအတိုင်းဖြေပါ။ လုံးဝ လိမ်ညာပြီး မဖြေပါနဲ့။၁။ စဉ် ၁၊ ၂၊ ၃၊ ၄ လူဦးရေ အမှတ်စဉ် ဖြစ်ပါတယ်။၂။ အမည်မှတ်ပုံတင်မှာ ပါတဲ့ ကိုယ့်အမည်ရင်းကို ဖြေပေးပါ။ မြန်မာအမည် တစ်မျိုးတည်းကိုသာ ဖြေပေးပါ။ မှတ်ပုံတင်မှာ မပါတဲ့ မွတ်စလင်အမည်ကို မဖြေပါနဲ့။(၂၉၊ ၃၊ ၂၀၁၄ နေ့ ညဖက် ၁၂ နာရီ မှာ ကိုယ့်အိမ်မှာ ရှိနေတဲ့ မွေးစကလေး၊ သက်ကြီးရွယ်အို၊ ဧည့်သည်၊ အိမ်ဖော် အားလုံးရဲ့ အမည်တွေကို ဖြေပေးရမှာပါ။)၃။ အိမ်ထောင်ဦးစီးနဲ့ တော်စပ်ပုံလူတိုင်းအတွက် ဖြေပေးရမှာပါ။ ဇနီး တော်ရင် ဇနီး၊ ခင်ပွန်းတော်ရင် ခင်ပွန်း၊ သား၊ သမီး၊ သားမက်၊ ချွေးမ၊ မြေး၊ မြစ်၊ မိဘ၊ ယောက္ခမ၊ မောင်နှမ၊ အဘိုး၊ အဘွား၊ ဆွေမျိုး၊ မွေးစားသား၊ မွေးစားသမီး၊ စသည်ဖြင့် တော်စပ်ပုံကို ဖြေပေးပါ။၎။ ကျား / မလူတိုင်းအတွက် ဖြေပေးရမှာပါ။ ယောက်ျား၊ ယောက်ျားလေး ကို "ကျား"လို့ ဖြေပေးပါ။ မိန်းမ၊ မိန်းကလေး ကို "မ" လို့ ဖြေပေးပါ။၅။ ပြည့်ပြီးအသက်လူတိုင်းအတွက် ဖြေပေးရမှာပါ။ ပြည့်ပြီးတဲ့ အသက် "နှစ်" ကို ပဲ ဖြေပေးပါ။ ခုနှစ် သက္ကရာဇ်ကို မဖြေပါနဲ့။ အသက် အတိအကျ မသိရင် အနီးစပ်ဆုံး ခန့်မှန်းဖြေပေးပါ။၆။ အိမ်ထောင်ရေးလူတိုင်းအတွက် ဖြေပေးရမှာပါ။ အိမ်ထောင် မရှိသေးရင် "အပျို/လူပျို"၊ အိမ်ထောင်ရှိရင် "အိမ်ထောင်ရှိ / မုဆိုးဖို/မ၊ ကွဲကွာ"စသည်ဖြင့် တစ်ခုကိုသာဖြေပါ။၇။ ကိုးကွယ်သည့် ဘာသာကိုးကွယ်သည့် ဘာသာကို မေးရင် "အစ္စလာမ်" လို့ တစ်မျိုးတည်းသာဖြေပါ။ စွန်နီ၊ ရှီအာ၊ ဟနဖီ၊ မဟာမေဒင်၊ မွတ်စမန်၊ မွတ်စလင် စတဲ့ အခြားအမည်တွေကို "လုံးဝ"မဖြေပါနဲ့။၈။ လူမျိုး (ပြသနာ အများဆုံး မေးခွန်းပါ။ သေသေချာချာ နှစ်ခါတိတိ ဖတ်ပေးပါ။)# မြန်မာနိုင်ငံထဲက တိုင်းရင်းသား ၁၃၅ မျိုး စာရင်းဝင် တိုင်းရင်းသားဘိုးဘွားမိဘတွေက ဆင်းသက်တဲ့ တိုင်းရင်းသားမွတ်စလင်တွေအနေနဲ့ ကိုယ့်တိုင်းရင်းသားလူမျိုးကုဒ် အတိုင်း တိုက်ရိုက်ထည့်ပါ။ လူမျိုးစုကြီး(၈)မျိုးဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ လူမျိုးစု(၁၃၅)မျိုးကို ကချင်စုတွက် ကုဒ်နံပါတ် (101 မှ 833)၊ ကယားစုအတွက် (201 မှ 209)၊ ကရင်စုအတွက် (301 မှ 311)၊ ချင်းစုအတွက် (401 မှ 453)၊ ဗမာစုအတွက် (501 မှ 509)၊ မွန်စု(601)၊ ရခိုင်စု(701 မှ 707)၊ ရှမ်းစု (801 မှ 833) စသည်ဖြင့် နံပါတ်တွေနဲ့ ခွဲခြားသတ်မှတ်ထားပြီး ဖြစ်ပါတယ်။ ကိုယ့်လူမျိုး သင်္ကေတကုဒ်နံပါတ်ကို မသိသေးရင် မေးမြန်းပြီး သိအောင် လုပ်ထားကြပါ။# လူမျိုးနေရာမှာ "မြန်မာ မွတ်စလင်"လူမျိုး ဒါမှမဟုတ် "မွတ်စလင်"လူမျိုး လို့ "လုံးဝ" မဖြေပါနဲ့။ မူစလင် (သို့) မြန်မာမွတ်စလင် အသုံးအနှုန်းဟာ လူမျိုးအမည် မဟုတ်သလို အစိုးရကလည်း ထည့်ခွင့် မပေးခဲ့ပါဘူး။ အစ္စလာမ် ဘာသာ ကိုးကွယ်သူကို မွတ်စလင် လို့ ခေါ်ပါတယ်။ ကိုးကွယ်တဲ့ ဘာသာဝင် အမည်ကို လူမျိုးအမည်အဖြစ် အသုံးပြုလို့ "လုံးဝ" မရပါနိုင်ဘူး။ ထပ်ရှင်းပြပါ့မယ်။ ခရစ်တော် ယုံကြည်သူကို ခရစ်ယာန်ခေါ်ပါတယ်။ ခရစ်ယာန်ဟာ လူမျိုးအမည် မဟုတ်ပါဘူး။ ဘာသာဝင်အမည်ဖြစ်ပါတယ်။# မှတ်ပုံတင်မှာ ၃ မျိုးစပ် (မွန်+ကရင်+ဘင်္ဂလီ) ဖြစ်နေရင် (ဘိုးဘွားထဲမှာ တိုင်းရင်းသားနှစ်မျိုးစပ်ထားရင် ဘယ်ဟာကို ပိုနီးစပ်သလဲ စဉ်းစားကြည့်ပါ။ ပြီးမှ) မွန်လူမျိုး ကုဒ် (သို့မဟုတ်) ကရင်လူမျိုး ကုဒ် နှစ်မျိုးထဲက (တစ်မျိုးတည်းကိုပဲ) လူမျိုးနေရာမှာ ဖြည့်ပါ။ နှစ်မျိုးလုံး ရွေးတာနဲ့ ကပြားကုဒ် ၉၁၄ အောက် ပြန်ရောက်သွားမှာဖြစ်လို့ နှစ်မျိုးထဲက တစ်မျိုးတည်းကိုပဲ ရွေးချယ်ပါ။# မှတ်ပုံတင်မှာ ၃ မျိုးစပ် (မွန်+ကျုလီယာ+အိန္ဒိယ)ဖြစ်နေရင် ( ဘိုးဘွားထဲမှာ တိုင်းရင်းသား တစ်မျိုးစပ်ထားရင်) "မွန်" တစ်မျိုးတည်းကိုပဲ ရွေးပြီး မွန်လူမျိုး ကုဒ်နံပါတ်ကို လူမျိုးနေရာမှာ ဖြည့်ပါ။# မှတ်ပုံတင်မှာ လူမျိုးနေရာမှာ ဘယ်နှစ်မျိုးပဲ စပ်နေပါစေ။ ဘိုးဘွားတစ်ယောက်ယောက်ထဲမှာ တိုင်းရင်းသားတစ်ဦးမှ "မစပ်ထားရင်" တိုင်းရင်းသားလူမျိုးကုဒ် မဟုတ်တဲ့ ကပြားလို့ အဓိပ္ပာယ်ထွက်တဲ့ "အခြားလူမျိုး" ကုဒ်သင်္ကေတအမှတ် ၉၁၄ အောက်ကို ၀င်သွားမှာပါ။# ကျူလီယာ၊ ဘင်္ဂလီ၊ ပန်းသေး၊ မေမန်၊ စူရသီ၊ ပထန်၊ ပသျှူးအမည်တွေကို လူမျိုးနေရာမှာ ထည့်ချင်ရင် မိမိဆန္ဒအတိုင်း ထည့်ပါ။ "အခြားလူမျိုး" ကပြားကုဒ် သင်္ကေတအမှတ် ၉၁၄ အောက်ကိုဝင်သွားမှာ သေချာပါတယ်။# ရိုဟင်ဂျာ လို့ သတ္တိရှိရှိခံယူချင်သူတွေအတွက်လည်း ရိုဟင်ဂျာကိုပဲ ရွေးပါ။ တစ်ချိန်က တရားဝင်ခဲ့ပြီး ခုတော့ အစိုးရကိုယ်တိုင်က တရားဝင်လိုက်၊ မ၀င်လိုက် လုပ်နေတဲ့အတွက် ပြသနာဖြစ်နေရခြင်းသာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ ရွေးရင် ကုဒ် သင်္ကေတအမှတ် ၉၁၄ အောက်ကို ၀င်သွားမှာပါ။# လင်းရောင်ခြည် ဟာ "ပသီ" မဟုတ်သလို "ပသီ" ထောက်ခံအားပေးတဲ့ ပသီ လော်ဘီ လည်း မဟုတ်ပါ။ ဒါပေမယ့် ရေရှည်ကို မျှော်တွေးရင် မြန်မာနိုင်ငံသားမွတ်စလင်ကပြားတွေအတွက်"ပသီ"အမည် ရွေးချယ်တာကို နှစ်သက်ပါတယ်။ လောလောဆယ် "ပသီ" အမည်လည်း တရားဝင်နေလို့လား မေးလာရင် "ဟင့်အင်း" လို့ပဲ ဖြေရဦးမှာပါ။ တရားဝင်ဖို့တော့ အများကြီး တိုက်ပွဲဝင်ရဦးမှာပါ။ ဒါပေမယ့် မြန်မာဘုရင်တွေ လက်ထက်ကတည်းက တရားဝင်ရှိခဲ့ပြီး ဒီဖက်ခေတ်မြန်မာအစိုးရတွေရဲ့ ဖြုတ်ချခြင်းကို ခံခဲ့ရတဲ့ ဒီ"ပသီ" အမည်ဟာ အခြား အမည်တွေထက်စာရင် "ပသီ"က ပိုအားကောင်းတာ ဘယ်သူမှ မငြင်းနိုင်သေးပါဘူး။# တရားဝင်မှာ မဟုတ်မယ့်အတူတူ၊ "အခြားလူမျိုး" ကပြားသင်္ကေတကုဒ် အမှတ် ၉၁၄ အောက်ကို ရောက်မယ့်အတူတူ "ပသီ" ထည့်ချင်ရင်လည်း တစ်မျိုးကောင်းပါတယ်လို့ လင်းရောင်ခြည်မှ ထောက်ခံပါတယ်။"ပသီ" ဆိုတာ [[ "မြန်မာပြည်မှာ ရှိတဲ့ ရှေးမြန်မာမွတ်ဆလင်တွေကို စုပေါင်းပြီး ခေါ်တဲ့ အမည်"]] တစ်မျိုးဖြစ်တဲ့အတွက် "ပသီ" မဟုတ်ဘဲ "ပသီ" အမည်နဲ့ လိမ်ညာတယ်ဆိုတဲ့ ပြသနာလည်း မရှိပါဘူး။ ကိုယ့်ကိုကိုယ် မျိုးစပ်တာများပြီး ဘာအနွယ်မှန်း မပြောနိုင်တော့ရင် (ဒါမှမဟုတ်) ကျူလီယာ၊ ဘင်္ဂလီ၊ ပန်းသေး၊ မေမန်၊ စူရသီအမည်တွေကို မခံယူချ