အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
အင်္ဂါနေ့

၁၁ မတ် ၂၀၁၄

၂၀:၃၀:၀၀
513330

စင်ကာပူမှ မဒရ်ဆာ စာသင်ကျောင်းများတွင် အဆင်မြင့် သင်ရိုးဖြင့် သင်နိုင်အောင် အစိုးရ ထောက်ပံ့မည်။

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ စင်ကာပူနိုင်ငံ၏  အစ္စလာမ်ဘာသာရေး စာသင်ကျောင်း (မဒရ်ဆာ) များအတွက် အဆင့်မြှင့်တင်ထားသော သင်ရိုးညွှန်းတန်းများအား သင်ကြားနိုင်ရန်အတွက် ဆရာများအား သတင်ပေးသွားမည်ဟု စင်ကာပူနိုင်ငံ မွတ်စလင်ရေးရာဌာန ၀န်ကြီး ယာကွဘ် အီဗရာဟင်မ်က ပြောကြားခဲ့သည်။

စင်ကာပူရှိ မဒရ်ဆာ ကျောင်းများ၏သင်ရိုး အဆင့်မြှင့်တင်ရေးအစီအစဉ်ကို ၂၀၀၈ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး၊ ထိုစနစ်တွင် ဘာသာရပ် မျိုးစုံပါဝင်ပြီး မဒရ်ဆာ ပညာရေးစနစ် အတွက် ပုံသေ သတ်မှတ်ထားသည့် သင်ရိုးလည်းဖြစ်သည်။

 

ယခုနှစ်တွင် စင်ကာပူရှိ မဒရ်ဆာ ၃ ခုမှာ ထိုသင်ရိုးအတိုင်း သင်ကြားမည်ဖြစ်ပြီး၊ ထိုကဲ့သို့ သင်ကြားနိုင်ရန်အတွက် ဆရာများ လိုအပ်မည်ဟု ၀န်ကြီး အီဗရာဟင်မ်ကဆိုသည်။့  အချိန်ပိုင်းနှင့် အချိန်ပြည့်သင်ကြားသော အစ္စလာမ့်ဓမ္မ ပညာရေးစနစ်အား အကျိုးဖြစ်ထွန်းရေအတွက် စင်ကာပူ အစ္စလာမ်သာသနာရေးကောင်စီ MUIS မှ ပညာရေး အလှူငွေ စင်ကာပူ ဒေါ်လာ ၆.၃ သန်း မတည်သွားဖြစ်သည်။

 

အဆိုပါ ပညာရေးစနစ်၏ မြင့်တက်လာသော ကုန်ကျမှုများမှ မိဘများအား သက်သာစေရန်၊ မဒရ်ဆာ ကူညီထောက်ပံ့ရေး ရန်ပုံငွေတိုးမြှင့်မှု အစီအစဉ် PROMAS သို့ MUIS မှ ပေးအပ်နေသည့် ငွေများကိုလည်း ယခုနှစ်မှ စတင်ကာ ၅ ရာခိုင်နှုန်းတိုးမြှင့်သွားမည်ဟု သိရသည်။ ထို့ပြင် မဒရ်ဆာ ကျောင်းသားများ အတွက် စင်ကာပူ ပညာရေးဝန်ကြီးဌာန MOE ၏ ပညာရေးရန်ပုံငွေ Edusave Fund မှ စင်ကာပူဒေါ်လာ ၇ သိန်းနီးပါး ရရှိမည်ဟု ယာကွဘ်က ထည့်သွင်းပြောကြားခဲ့သည်။ ထိုငွေများကို ကလေးငယ်များ ပညာရေး အတွက် မိဘများက သုံးစွဲနိုင်မည်ဖြစ်သည်။

 

“MUIS ဟာ MOE နဲ့ နီးနီးကပ်ကပ်အလုပ် လုပ်သွားမှာဖြစ်ပြီး၊ အခုနှစ် ဒုတိယနှစ်ဝက်မှာ မဒရ်ဆာ  ၆ ခုအတွက် ဒီ ပညာရေးထောက်ပံ့မှု အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ကိုလည်း ဆောင်ရွက်သွားမှာပါ။ မဒရ်ဆာ တွေအကြား အာရုံစိုက် လုပ်ရမယ့် အလုပ်တွေအတွက် အားထုတ်ရာမှာ ကူညီဖို့နဲ့၊ ဒီရန်ပုံငွေတွေကို စနစ်တကျ အသုံးပြုဖို့အတွက် MUIS ကို ကျွန်တော်တောင်း ဆိုထားပြီး ပါပြီ။ ဥပမာအားဖြင့် ကျွန်တော်တို့ ကလေးတွေ အားနည်းတဲ့ သင်္ချာနဲ့ သိပ္ပံပညာရပ်တွေမှာ ပိုစိတ်ဝင်စားလောင်အောင် ဆောင်ရွက်ပေးတဲ့အစီအစဉ်တွေပေါ့” ဟု အီဗရာဟင်မ်က ထပ်လောင်းပြောကြားခဲ့သည်။ CNA Photo-(AFP/Roslan Rahman)