အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : မဇၩိမ
ဗုဒ္ဓဟူးနေ့

၁၉ မတ် ၂၀၁၄

၂၀:၃၀:၀၀
514470

ကျောင်းသား ၄ဝဝ ခန့် တက်ရောက် နိုင်မည့် ပညာဒါန ကျောင်း နာရေး ကူညီမှု အသင်း ဦးဆောင် ဖွင့်လှစ်

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ကျောင်းသား ၄ဝဝ ခန့် တက်ရောက်နိုင်သည့် သုခအလင်း ပညာဒါနကျောင်းကို မြောက်ဒဂုံ ၄၂ ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် ကျောင်းဆောင်သစ်ကို မတ်လ ၁၇ ရက်တွင် ဖွင့်လှစ်လိုက် သည်။ 

ယင်းကျောင်းကို ကျပ်သိန်းပေါင်း ၂၉ဝဝ ကျော်ဖြင့် တည်ဆောက်ခဲ့ပြီး စာသင်ခန်းပေါင်း ၁၃ ခန်းပါဝင်သော နှစ်ထပ်ကျောင်းဆောင်ဖြစ်ကာ ကျောင်းသား ၄ဝဝ ခန့်အထိ တက်ရောက် နိုင်မည်ဖြစ်သည်။

 

နားရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူက “ကျွန်တော်တို့နိုင်ငံကို ဦးဆောင်မယ့် ကလေးငယ်တွေ အနာဂတ်ခေါင်းဆောင်လေးတွေအတွက် လမ်းစတစ်ခုပွင့်သွားပြီ။ ဘာသာပေါင်းစုံကို သင်ကြားပေးမယ်။ လူမှုရေးစိတ်ဓာတ်တွေပါ သင်ကြားတဲ့ ဘာသာရပ်နဲ့ ဒွန်တွဲပြီးပါသွားလိမ့်မယ်” ဟု ပြောသည်။

 

ယင်းကျောင်းတွင် ကလေးများနွေရာသီ အင်္ဂလိပ်စာ 4-Skills သင်တန်း၊ ပန်းချီသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်း၊ တက္ကသိုလ် ဝင်တန်းနှင့်အထက် English 4- skills သင်တန်း၊ တက္ကသိုလ်ဝင်တန်း (ဘာသာစုံ) သင်ရိုးကုန် ပညာဒါန၊ ကွန်ပျူတာသင်တန်း တို့ကို ဆရာ၊ ဆရာမ ၃ဝ ကျော် ဖြင့် သင်ကြားပေးလျှက်ရှိသည်။

 

အတွင်းရေးမှူးဒေါ်မြင့်မြင့်ခင်က “ဒီကျောင်းက နာရေးကူညီမှုအသင်းငွေနဲ့ ဆောက်တာမဟုတ်ပါဘူး။ အများက လှူဒါန်းထားတဲ့ငွေနဲ့ ဆောက်ခဲ့တာပါ”ဟု ပြောသည်။

 

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နားရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အပြင် အသိပညာ ဖွံ့ဖြိုးရေးအတွက် သုခအလင်းပညာဒါနအနေဖြင့် ၂ဝ၁ဝ ခုနှစ်စတင်၍ စတင်ဆောင်ရွက်ခဲ့သည်။