အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : By ရိုးရာလေး
သောကြာနေ့

၂၁ မတ် ၂၀၁၄

၂၀:၃၀:၀၀
514519

တိုဟူးကို စားသင့်တဲ့ အကြောင်းများနှင့် အခြား

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ   

တကယ်တော့ တိုဟူး သက်သတ်လွတ်စားချင်တဲ့ သူတွေအတွက် အဟာရဓာတ် ပြည့်ဝတဲ့ အစားအစာ တစ်မျိုး ဖြစ်ပါတယ်။

 

ဒါ့အပြင် နှလုံးသွေးကြော ရောဂါများအတွက် အထူးပင် ကောင်းမွန်ပြီး သွေးဆုံး အကြိုဝေဒနာနဲ့ သွေးဆုံး ဝေဒနာ တွေကို သက်သာ စေပါတယ်။ ကိုလက်စရောဓာတ်ကို လျော့ချပေးနိုင်စွမ်း ရှိလို့ အ၀လွန်သူများ စားပါ။

 

ဒီထက်ကောင်းတာက ကင်ဆာဖြစ်မယ့် ဆဲလ်များကို တိုက်ဖျက်ပေးနိုင်ပါတယ်။ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အရိုးများအတွက် ကောင်းမွန်ပါတယ်။ အထူးသဖြင့် ချွေးထွက် လွန်ပြီး ပူနွေးတဲ့ ဝေဒနာကို သက်သာ စေပါတယ်။