အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား :
သောကြာနေ့

၁၁ ဧပြီ ၂၀၁၄

၁၇:၀၁:၃၄
601851

ဟဇရတ် ဖွာတေမာ (စ.အ) သခင်မ၏ ရှဟာဒတ် အပေါ် ဝမ်းနည်းကြေကွဲ ကြောင်း ၊ ပိုရ်စာ ပေးခြင်း

သခင်မကြီး (စ.အ) ၏ ဘဝ သက်တမ်းသည် တိုတောင်းလှပေသည်။သို့သော် အင်မတန် ကြီးမား သည့် စာရိတ္တ တော် နှင့် နာမ်ပိုင်းဆိုင်ရာ သင်ခန်းစာ အမြောက်အများ အား လက်တွေ့ ကျင့်သုံးပြီး သင်ကြားပြခဲ့ပါသည်။

အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန ၊ အဗ်နာ
သခင်မကြီး (စ.အ) ၏ ဘဝ သက်တမ်းသည် တိုတောင်းလှပေသည်။သို့သော် အင်မတန် ကြီးမား သည့် စာရိတ္တ တော် နှင့် နာမ်ပိုင်းဆိုင်ရာ သင်ခန်းစာ အမြောက်အများ အား လက်တွေ့ ကျင့်သုံးပြီး သင်ကြားပြခဲ့ပါသည်။
သခင်မကြီး ဟဇရတ် ဖွာတေမာ (စ.အ) အစ္စလာမ်စတင်ချိန်ကပင် အေးအတူ ပူအမျှ ကိုယ်တော်မြတ် (ဆွ) နှင့် မောင်လာ အလီ(အ.စ) တို့နှင့်အတူ ရှိနေပြီး ၎င်းတို့ အား ကိုယ်၊စိတ်၊နှလုံး သုံးပါး တို့ဖြင့် အပြည့်အဝ ထောက်ခံ အားပေး ၊ကူညီ ခဲ့ပေသည်။
သခင်မကြီး(အ.စ) သည် ကိုယ်တော်မြတ် (ဆွ) ၏ စစ်မှန်သည့် ဟဒီးစ်တော် အရ ဂျန္နတ်သီ လုလင်ပျိုတို့၏ ခေါင်းဆောင် ဖြစ်သည့် အေမာမ်ဟစန် (အ.စ) နှင့် အေမာမ် ဟိုစိုင်း(န) (အ.စ) တို့အား ပြုစု ပျိုးထောင်တော်မူခဲ့ သည့် မိခင်မွန် ကြီး ဖြစ်ပေသည်။
သခင်မကြီး (အ.စ) နှင့်ပတ်သက်ပြီး ကမ္ဘာ့ ပညာရှင်ကြီး များမှ ကောင်းမြတ်သည့် ၊ချီးမွန်သည့် အမြင်အများ အပြား ဖွင့်ဟ ခဲ့ကြ ၊ရေးသား သီကုံး ခဲ့ကြ ၊ဟောပြောခဲ့ကြပါ သည်။
သခင်မအား စစ်မှန် ပြီး အပြီးပြည့်စုံဆုံး မွတ်စလင်အမျိုးသမီး တစ်ယောက်အဖြင့် စံပြုထား ပါသည်။ မဟာတမန်တော်မြတ် ကြီး (ဆွ) ကိုယ်တော်တိုင် သခင်မ အား စကြာဝဠာအပေါင်း ရှိ အမျိုးသမီး တို့၏ ဦးသျှောင် အဖြင့် မိန့်တော်မူခဲ့ပေသည်။
မဟာတမန်တော်မြတ် ကြီး (ဆွ) ၏ သမီးတော် ၊မောင်လာ အလီ (အ.စ) ကြင်ယာတော် ဟဇရတ် ဖွာတေမာ (စ.အ) သခင်မကြီး ရှဟာဒတ် အချိန်အခါတွင် စကြာဝဠာအပေါင်း ရှိ မွတ်စလင်များ ၊ အထူးသဖြင့် မြန်မာမွတ်စလင်များ ၊ ရှီအာ အေမာမ်မီယာ များ ကို အထူး ဝမ်းနည်း ကြေကွဲ ကြောင်း ပိုရ်စာ ပေးကြောင်း တင်ဆက်လိုက်ပါသည်။
တဆက်တည်းမှာပင် မငြိမ်မသက်ဖြစ်ပြီး ဗုဒ္ဓဘာသာ ကို ခုံတုံးလုပ်ကာ အမြတ် ထုတ်နေ ၊ထုတ်ခဲ့ ၊ ထုတ်မည့် လူမဆန်သည့် သူယုတ်မာများ ၏ အန္တရာယ် အသွယ်သွယ်မှ မြန်မာ မွတ်စလင်များ အသက် ၊အိုးအိမ် ၊စီးပွား ၊အရှက် သိက္ခာ ၊ အခွင့်အရေး … စသည်တို့ လုံခြုံ ပြီး အေးအေးချမ်းချမ်း နှင့် အခြား ဘာသာဝင်များ နှင့်အတူ အတိတ်ကကဲ့သို့ မှီတင်းနေထိုင် နိုင်ပါစေ ဟု သခင်မကြီး (အ.စ) အား ဝစတာ ပေးပြီး မြတ် အလ္လာဟ်ထံတော် မှ တောင်းခံ လိုက်ပါသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံတော် သမ္မတကြီး ဦး သိန်းစိန် ၊ ဒေါ်အောင်ဆန်းစုကြည် နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ တပ်မတော် နှင့် ရဲတပ်ဖွဲ့ များ ကိုလည်း အမိမြန်မာ နိုင်ငံ၏ ဂုဏ် သိက္ခာ ကမ္ဘာ့အလယ်တွင် ကျဆင်းရန် ၊ ကမ္ဘာ့ အနှံ့တွင် အထူး သဖြင့် မွတ်စလင်နိုင်ငံ များတွင် အလုပ်လုပ်နေကြသည့် ဗုဒ္ဓဘာသာ မြန်မာလူမျိုး တို့အတွက် အသက် ၊ အလုပ် အကိုင် အန္တရာယ် ကို ဖြစ်အောင်ဖန်းတီးနေသည့် ၊ လူရမ်းကားများ ၊ဗုဒ္ဓဘာသာ ကို နာမည် ဖျက်နေသည့် လူမဆန်သူများ ၊ သင်္ကန်း အလွဲသုံးစားလုပ်နေသည့် ဗုဒ္ဓ သားတော် အတု များကို ပီပီ ပြင်ပြင် ထိန်းချုပ် ၊ နှိမ်နင်း နိုင်စွမ်း ၊ သတ္တိ နှင့် အင်အား ထာဝရ ဘုရားသခင်မှ ချီးမြှင့်ပါစေ ဟု ဆုမွန်ကောင်းတောင်းပြီး ဂါရဝ ပြုလိုက်ရပါသည်။
အဗ်နာ သတင်းဌာန