အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား :
သောကြာနေ့

၁၈ ဧပြီ ၂၀၁၄

၀၇:၁၄:၁၆
603178

ဘော်စတွန် ဗုံးကွဲခဲ့သည့်နေရာတွင် ဗုံးထောင်သည့်ပုံစံ လုပ်ကြံသော လူတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထား

ယမန်နှစ်က ဗုံးပေါက်ကွဲခဲ့သည့် ဘော်စတွန်မာရသွန်ပြိုပ်ပွဲ ပန်းဝင်သည့်နေရာတွင် ဗုံးထောင်သော ပုံစံ လုပ်ကြံသည့် လူတစ်ဦးကို ဖမ်းဆီးလိုက်သည်ဟု ဘော်စတွန် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန၊ အဗ်နာ
ယမန်နှစ်က ဗုံးပေါက်ကွဲခဲ့သည့် ဘော်စတွန်မာရသွန်ပြိုပ်ပွဲ ပန်းဝင်သည့်နေရာတွင် ဗုံးထောင်သော ပုံစံ လုပ်ကြံသည့် လူတစ်ဦးကို ဖမ်းဆီးလိုက်သည်ဟု ဘော်စတွန် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် ဧပြီ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သော ဘော်စတွန်ဗုံးပေါက်ကွဲမှု တစ်နှစ်ပြည့် ၀မ်းနည်းခြင်းအခမ်းအနားပြီးနောက် ယမန်နေ့ ညပိုင်းတွင် ဗုံးပေါက်ကွဲခဲ့ရာ ပန်းဝင်သည့်နေရာ၌ လူတစ်ဦးက ကျောပိုးအိတ်တစ်လုံးကို ပစ်ချခဲ့ပြီး ရဲအရာရှိတစ်ဦးက မသင်္ကာသောကြောင့် ထိုသူအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ရဲမှူး ရန်ဒဲလ် ဟဲလ်စတီဒ်က ပြောကြားခဲ့သည်။ ထိုကျောပိုးအိတ်ထဲတွင် ထမင်းပေါင်းအိုးတစ်လုံးကို တွေ့ရှိခဲ့သည်။
လူသုံးဦးသေဆုံးပြီး ၂၆၀ ခန့် ဒဏ်ရာရရှိခဲ့သည့် ယမန်နှစ်က ဗုံးပေါက်ကွဲမှုတွင် ပြစ်မှုကျူးလွန်သူများမှာ ထမင်းပေါင်းအိုးထဲသို့ သံတိုသံစများ၊ ချွန်ထက်သော အရာတ္ထုများကို ထည့်သွင်း၍ ဗုံးကဲ့သို့ ပြုလုပ်ကာ ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဗုံးပုံစံ လုပ်ကြံထားသည့် ထိုသူမှာ ငြိမ်းချမ်းရေးကို နှောက်ယှက်ခြင်း၊ မငြိမ်မသက်ဖြစ်အောင် ပြုလုပ်ခြင်း စသည့်စွဲချက်များဖြင့် တရားစွဲဆိုခြင်းကို ရင်ဆိုင်ရမည်ဖြစ်သည်ဟု ဟဲလ်စတီဒ်က ဆိုသည်။
ထိုကျောပိုးအိတ်အား ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖောက်ခွဲခဲ့ပြီး အခြားသော ကျောပိုးအိတ်တစ်ခုကိုလည်း အနီးအနားတွင် ထပ်မံတွေ့ရှိခဲ့သည်။ ဒုတိယကျောပိုးအိတ်အား မည်သူပိုင်ဆိုင်သည်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိဘဲ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေသည်ဟု သိရသည်။ ထိုဖြစ်ရပ်ကြောင့် ဘောစတွန်ဗုံးပေါက်ကွဲမှု နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်လာကြသည့် လူပေါင်း ၂၅၀၀ ခန့်မှာ  ထိတ်လန့်ခဲ့ကြသည်။
ပြီးခဲ့သည့်နှစ် ဘော်စတွန်ဗုံးပေါက်ဖောက်ခွဲမှုအား ကျူးလွန်သူမှာ ညီအကိုနှစ်ဦးဖြစ်ပြီး ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးစဉ် အကိုဖြစ်သူမှာ သေနတ်မှန်၍ သေဆုံးခဲ့သည်။ ညီဖြစ်သူမှာ ယခုလက်ရှိတွင် တရားရင်ဆိုင်နေရပြီး သေဒဏ်ကျဖွယ်ရှိနေသည်။
Ref : M-Media