အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား :
သောကြာနေ့

၂၅ ဧပြီ ၂၀၁၄

၀၉:၁၇:၁၃
604633

၂၀၁၂ ခုနှစ်က အခမ်းအနား တစ်ခုတွင် ဂျာမဏီဆိုင်ရာ မြန်မာသံအမတ်မှ ရွှေတိဂုံ ပုံစံတူ ကိတ်မုန့် ခွဲခဲ့သည့် ဓါတ်ပုံ ဆိုရှယ်မီဒီယာတွင် ပြ

အဆိုပါ အခမ်းအနား ပြုလုပ်ပြီး ၂ နှစ်ကျော် အကြာ ယခု ရက်ပိုင်းအတွင်း အဆိုပါဓါတ်ပုံမှာ ဆိုရှယ်မီဒီယာ အသုံးပြုသူများ အကြားပြန့်နှံ့ခဲ့ခြင်းဖြစ်ပြီး ဤကဲ့သို့ ပြုလုပ်ခြင်းမှာ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးကို မရိုမသေ၊ မလေးမစားဖြင့် အ,ဂါရ၀ပြုရာ ရောက်သောကြောင့် ဗုဒ္ဓဘာသာဝင်များ အကြားဝေဖန်မှုများ ထွက်ပေါ်နေသည်။

 

အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန၊ အဗ်နာ
၂၀၁၂ ခုနှစ် နိုဝင်ဘာလက ဂျာမနီနိုင်ငံအခြေစိုက် လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Condor လေကြောင်းလိုင်းက ဖရန့်ဖတ်နှင့်ရန်ကုန်မြို့သို့  အပတ်စဉ် လေကြောင်း ခရီးစဉ် ပြေးဆွဲရန် သဘောတူညီချက် ရပြီးနောက် ပြုလုပ်သည့် အခမ်းအနားတွင် ရွှေတိဂုံစေတီတော်မြတ်၏ ပုံစံတူ ကိတ်မုန့်အား ခွဲခဲ့သည့် သတင်းဓါတ်ပုံ ယခုရက်ပိုင်းအတွင်း ပြန့်နှံ့ခဲ့ပြီးနောက် ဗုဒ္ဓဘာသာဝင်များ အကြား မကျေနပ်သည့် သဘောထားဝေဖန်မှုများ ဆိုရှယ်မီဒီယာတွင် ပြန့်နှံ့လျက်ရှိသည်။
Condor လေကြောင်းလိုင်း နှင့် သဘောတူညီချက်မှ မြန်မာနိုင်ငံနှင့် တိုက်ရိုက်ပျံသန်းသည့် ပထမဆုံး ဥရောပလေကြောင်းလိုင်း ဖြစ်သည်။
လွန်ခဲ့သည့် ၂ နှစ် ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ဖရန့်ဖတ်-ရန်ကုန် လေကြောင်းခရီးစဉ် ပြေးဆွဲမှု သဘောတူညီချက် ရရှိခဲ့သော အထိမ်းအမှတ်ဖြင့် ပြုလုပ်သော အခမ်းအနားတွင် မြန်မာနိုင်ငံ၏ အမှတ်သညာဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တို့ အတွက် အထွဋ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်မြတ်၏ ပုံစံတူ ကိတ်မုန့်လုပ်၍ Fraport လေကြောင်းပို့ဆောင်ရေး ကုမ္ပဏီမှ တာဝန်ရှိသူနှစ်ဦးဖြစ်သော Pierre Dominique Prümm နှင့် Marie-Luise Thüne၊ Condor လေကြောင်းလိုင်းမှ အကြီးတန်းအရာရှိ Marie-Luise Thüne နှင့် ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးစိုးနွယ်တို့က အဆိုပါကိတ်မုန့်အား ဓားဖြင့် ခွဲပြီး အခမ်းအနားပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အခမ်းအနား ပြုလုပ်ပြီး ၂ နှစ်ကျော် အကြာ ယခု ရက်ပိုင်းအတွင်း အဆိုပါဓါတ်ပုံမှာ ဆိုရှယ်မီဒီယာ အသုံးပြုသူများ အကြားပြန့်နှံ့ခဲ့ခြင်းဖြစ်ပြီး  ဤကဲ့သို့ ပြုလုပ်ခြင်းမှာ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးကို  မရိုမသေ၊ မလေးမစားဖြင့် အ,ဂါရ၀ပြုရာ ရောက်သောကြောင့် ဗုဒ္ဓဘာသာဝင်များ အကြားဝေဖန်မှုများ ထွက်ပေါ်နေသည်။
ဂျာမဏီမှ မြန်မာသံရုံး ဝဘ်ဆိုဒ်-http://www.botschaft-myanmar.de/2.html
ကိုးကား - Airline Route News / M-Media / ဝေယံ