အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား :
စနေနေ့

၃ မေ ၂၀၁၄

၀၂:၄၇:၁၈
606152

ယူကရိန်းအရေး လုံခြုံရေးကောင်စီတွင် အရေးပေါ် ဆွေးနွေးရန် ရုရှတောင်းဆိုထား

ယူကရိန်းနိုင်ငံအရှေ့ပိုင်း Slovyansk မြို့တွင် ယူကရိန်း စစ်ဘက်သုံးရဟတ်ယာဉ်များ ယနေ့တွင် ပစ်ချခံခဲ့ရကာ စစ်သား ၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

 

အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန ၊ အဗ်နာ
ယူကရိန်းနိုင်ငံအရှေ့ပိုင်း Slovyansk မြို့တွင် ယူကရိန်း စစ်ဘက်သုံးရဟတ်ယာဉ်များ ယနေ့တွင် ပစ်ချခံခဲ့ရကာ စစ်သား ၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

လက်နက်များတင်ဆောင်သည့် Mi-24 ရဟတ်ယာဉ် ၂ စင်းနှင့် Mi-8 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တို့အား အမည်မသိအဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပိုက်လော့တစ်ဦးမှာ သေဆုံးခဲ့ရကာ တစ်ဦးမှာ ဖမ်းဆီးခြင်းခံထားရကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် ထိုတိုက်ခိုက်မှု ကိုလည်း ရှုတ်ချခဲ့သည်။  Slovyansk မြို့မှာ ရုရှားလိုလားသူ ခွဲထွက်ရေးသမားများ ကြီးစိုးရာဒေသဖြစ်သည်။
Odessa မြို့တွင်လည်း ယူကရိန်းထောက်ခံသူများ၏ ဆန္ဒပြမှုကို ခွဲထွက်ရေးသမားများက အင်အားသုံးဖြိုခွင်းခဲ့ပြီး ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့သည်။
ယူကရိန်းအရေး အရေးပေါ်ဆွေးနွေးမှုပြုလုပ်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ရုရှားက တောင်းဆိုထားပြီး၊ လုံခြုံရေးကောင်စီကလည်း အစည်းအဝေးပြုလုပ်ရန် ရှိနေသည်။
ယူကရိန်း ယာယီသမ္မတ တာချီနော့ဗ်ကမူ ရုရှားလက်နက်ကိုင် သောင်းကျန်းသူများမှာ ယမန်နေ့ညက ယူကရိန်းနိုင်ငံအတွင်းသို့ ၀င်ရောက်ရန်ကြိုးစားခဲ့ပြီး နယ်စပ်မှ ယူကရိန်းတပ်များက ပြန်လည်ခုခံခဲ့ရသည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။
live.aljazeera / M-Media