အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား :
တနင်္လာနေ့

၅ မေ ၂၀၁၄

၀၂:၁၁:၂၃
606563

အာဖရိနိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ အဖုအထစ်များရှိနေသည်ဟု တရုတ်ဝန်ကြီးချုပ် ၀န်ခံ

စီးပွားရေး၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ မိမိတို့နှင့် အာဖရိကနိုင်ငံများ အကြား အဖုအထစ်များရှိနေသည်ဟု အာဖရိကသို့ အလည်အပတ် သွားရောက်မည့် တရုတ်ဝန်ကြီးချုပ် Li Keqiang က ပြောကြားလိုက်သည်။

 

အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန ၊ အဗ်နာ

စီးပွားရေး၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ မိမိတို့နှင့် အာဖရိကနိုင်ငံများ အကြား အဖုအထစ်များရှိနေသည်ဟု အာဖရိကသို့ အလည်အပတ် သွားရောက်မည့် တရုတ်ဝန်ကြီးချုပ်  Li Keqiang က ပြောကြားလိုက်သည်။
ယမန်နေ့က ပြောကြားခဲ့ခြင်းဖြစ်ပြီး တရုတ်ကုမ္ပဏီများအနေဖြင့် အာဖရိက နိုင်ငံများ၏ ဥပဒေများကို လိုက်နာရန် လီက တိုက်တွန်းခဲ့ကြောင်း တရုတ်သတင်းဌာနများက ဖော်ပြခဲ့သည်။ ထို့ပြင် မိမိတို့ဆောင်ရွက်သည့် ပရောဂျက်များ၊ ထုတ်လုပ်သည့် ကုန်ပစ္စည်းများနှင့် စားသုံးသူများအတွက် ၀န်ဆောင်မှု လုပ်ငန်းများတွင် တာဝန်ယူမှုရှိရန်နှင့် ဒေသတွင်း လူ့အဖွဲ့အစည်း၊ သဘာဝ ပတ်ဝန်းကျင် စသည်တို့ မထိခိုက်ရေးအတွက် ဂရုတစိုက် လုပ်ဆောင်ရန်လည်း ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်-အာဖရိက ကုန်သွယ်ရေးမှာ ယမန်နှစ်တွင် ကန်ဒေါ်လာ ၂၁၀ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး တရုတ်ကုမ္ပဏီ ၂၅၀၀ ကျော်မှာ အာဖရိကတိုက်တစ်ဝှမ်းတွင် လုပ်ငန်းများဆောင်ရွက်လျက် ရှိနေသည်။
သို့သော်လည်း ဆောက်လုပ်ရေး လုပ်ငန်းများမှာ ညံ့ဖျင်းပြီး ထိုလုပ်ငန်းအတွင်း လုပ်ကိုင်နေကြသည့် တရုတ်လူမျိုးများမှာ ဒေသခံအလုပ်သမားများနှင့် တည်ဆဲဥပဒေများအား လေးစားမှုမရှိ စွပ်စွဲခံနေရကာ တင်းမာမှုများလည်း ရှိနေသည်။ ထို့ပြင် အာဖရိကနိုင်ငံများတွင် ရောင်းချသည့် တရုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးမှာ စံမီခြင်းမရှိဟုလည်း ဝေဖန်ခံနေရသည်။
လီကမူ တရုတ်ကုမ္ပဏီများ ရင်ဆိုင်နေရသည့် ပြဿနာများမှာ ကြီးထွားလာနေပြီး တရုတ်အစိုးရအနေဖြင့် ထိုကိစ္စအား အသေအချာ ကိုင်တွယ်နေသည်ဟု ဆိုသည်။ သို့သော်လည်း တရုတ်-အာဖရိက ဆက်ဆံရေးနယ်ပယ်တွင် ယခုပြဿနာများမှာ သီးခြား ကိစ္စသည်ဖြစ်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
Al Jazeera and agencies / M-Media
ဓါတ်ပုံ အညွှန်း – အာဖရိက နိုင်ငံများတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံမှု