အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား :
အင်္ဂါနေ့

၆ မေ ၂၀၁၄

၁၉:၄၂:၂၂
606958

ယူကရိန်း ရွေးကောက်ပွဲအား နှောက်ယှက်ရန် ရုရှား ကြိုးစားနေဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဆို

သမ္မတ ရွေးကောက်ပွဲကျင်းပရန် ယူကရိန်း၏ အစီစဉ်အား ရုရှားမှ နှောက်ယှက်ရန် ကြိုစားနေသည်ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလီယံ ဟေ့ဂ်က ယနေ့ပြုလုပ်သည့် ဥရောပကောင်စီ အစည်းဝေးတွင် ပြောကြားလိုက်သည်။

 

အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန၊ အဗ်နာ
သမ္မတ ရွေးကောက်ပွဲကျင်းပရန် ယူကရိန်း၏ အစီစဉ်အား ရုရှားမှ နှောက်ယှက်ရန် ကြိုစားနေသည်ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလီယံ ဟေ့ဂ်က ယနေ့ပြုလုပ်သည့် ဥရောပကောင်စီ အစည်းဝေးတွင် ပြောကြားလိုက်သည်။
ယူကရိန်းသမ္မတ ရွေးကောက်ပွဲအား မေလ ၂၅ ရက်နေ့တွင် ပြုလုပ်ရန် ရက်သတ်မှတ်ထားသော်လည်း ရုရှားကမူ ထိုရွေးကောက်ပွဲမှာ ကျိုးကြောင်း ဆီလျော်ခြင်းမရှိဟု စွပ်စွဲခဲ့သည်။ ယူရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေးသမားများကလည်း ယခုလာမည့် တနင်္ဂနွေနေ့တွင် အရှေပိုင်းဒေသအချို့အား လွတ်လပ်သော နိုင်ငံအဖြစ်ထူထောင်ရန် ပြည်သူ့ဆန္ဒ ခံယူမည်ဖြစ်သည်။
ထို့ကြောင့် ဗီယင်နာတွင်ပြုလုပ်သည့် ဥရောပကောင်စီအစည်းအဝေးတွင် ဟေ့ဂ်က
“(ယူကရိန်းရဲ့) ဒီရွေးကောက်ပွဲတွေကို တားမြစ်တာတွေ၊ နှောက်ယှက်တာတွေလုပ်ဖို့ ရုရှားက ရည်ရွယ်နေပါတယ်။ ဒါဟာ မှားပါတယ်။ ယူကရိန်းရွေးကောက်ပွဲ ရှေ့ဆက် လုပ်ဆောင်ဖို့ ခွင့်ပြုရမယ်ဆိုတဲ့ ထောက်ခံစကားဟာ ဒီကိုရောက်လာတဲ့ နိုင်ငံတွေမှာ ရှိမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
ဟေ့ဂ်၏ ပြောကြားချက်အား အစည်းအဝေးသို့ တက်ရောက်လာသည့် ရုရှားနိုင်ငံခြားရေး ၀န်ကြီး လာဗရော့ဗ်က မည်သည့် မှတ်ချက်မှ မပေးခဲ့ဘဲ၊ ယူကရိန်းနိုင်ငံခြားရေး ၀န်ကြီးကမူ ကျင်းပရန်ရှိနေသည့် ရွေးကောက်ပွဲ အတွက် ဥရောပကောင်စီမှ ထောက်ခံမှု လိုချင်ကြောင်း ပြောကြားခဲ့သည်။
ခွဲထွက်ရေးသမားများကြီးစိုးရာ ယူကရိန်းအရှေ့ပိုင်း Slovyansk မြို့တွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး သေဆုံးမှုများလည်း ရှိနေသည်။
AFP/nd / M-media