အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား :
အင်္ဂါနေ့

၁၃ မေ ၂၀၁၄

၁၅:၅၆:၂၈
608346

အစ္စရေးဝန်ကြီးချုပ်ဟောင်း ချစားမှုဖြင့် ထောင် ၆ နှစ်ကျခံရမည်

ဂျေရုစလင်ရှိ တိုက်ခန်းများဆောက်လုပ်မှု နှစ်ခုတွင် လာဘ်ယူခဲ့ကြောင်း ပြစ်မှုထင်ရှား၍ အစ္စရေးဝန်ကြီးချုပ်ဟောင်း အီဟွတ်အိုမတ်အား ထောင်ဒဏ် ၆ နှစ်ကျခံရန် တဲလ်အဗီးတရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။

 

အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန ၊ အဗ်နာ

ဂျေရုစလင်ရှိ တိုက်ခန်းများဆောက်လုပ်မှု နှစ်ခုတွင် လာဘ်ယူခဲ့ကြောင်း ပြစ်မှုထင်ရှား၍ အစ္စရေးဝန်ကြီးချုပ်ဟောင်း အီဟွတ်အိုမတ်အား ထောင်ဒဏ် ၆ နှစ်ကျခံရန် တဲလ်အဗီးတရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။
ဂျေရုစလင် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် တိုက်ခန်းတည်ဆောက်သည့် ဆောက်လုပ်ရေးလုပ်ငန်းနှစ်ခုမှ ကန်ဒေါ်လာ ၁ သိန်း ၄ သောင်းကျော်နှင့် ၁ သောင်း ၇ ထောင်တို့ကို သီးခြားစီလာဘ်ယူခဲ့ကြောင်း တွေ့ရှိခဲ့ရပြီး အသက် ၆၈ နှစ်အရွယ် အိုမတ်ကမူ ထိုစွဲချက်မှာ မမှန်ဟု ငြင်းဆိုခဲ့သည်။ ယခုကဲ့သို့ အဖြစ်အပျက်မှာ အစ္စရေးအစိုးရ ခေါင်းဆောင်ဟောင်းတစ်ဦး ရာဇ၀တ်မှုအတွက် ပထမဆုံးပြစ်ဒဏ်ကျခံရခြင်းလည်းဖြစ်သည်။
အိုမတ်မှာ အမေရိကန် စီးပွားရေးသမားထံမှ လာဘ်ငွေယူခဲ့သည်ဟုဆိုကာ လွန်ခဲ့သည့် ၆ နှစ်ကျော်က စွဲချက်တင်ခံခဲ့ရပြီး ထိုစွဲချက်ကြောင့်ပင် ၂၀၀၈ ခုနှစ်တွင် ၀န်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ခဲ့ရသည်။ သို့သော်လည်း ကြားနာမှုများ ပြုလုပ်ခဲ့ပြီးနောက် လွန်ခဲ့သည့် ၂ နှစ်က တရားရုံးမှ တရားသေ လွှတ်ပေးခဲ့သည်။
အိုမတ်၏ ရှေ့နေများကမူ တရားရုံးချုပ်သို့ အယူခံဝင်ရန်ရှိနေပြီး လများစွာကြာမည့် ထိုအယူခံကာလအတွင်း အိုမတ်အား ချုပ်နှောင်ထားခြင်းမပြုရန် တဲလ်အဗီးတရားရုံးသို့ တောင်းဆိုသွားဖွယ်ရှိနေသည်။
Ref: Agencies
Photo- [Reuters] / M-Media