အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား :
တနင်္ဂနွေနေ့

၁၈ မေ ၂၀၁၄

၁၁:၁၈:၄၉
609461

အီရန်၏ ငြိမ်ချမ်းသည့် နျူကလီးယား အရေး နှင့် ပတ်သက်ပြီး ၂ ရက်ကြာ တံခါးပိတ် ဆွေးနွေးပွဲ ပြုလုပ်ခဲ့

ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာမြို့ ရှိ ကုလမဂ္ဂ၏ ဥရောပ အခြေစိုက် ရုံးခွဲတွင် အီရန်၏ ငြိမ်းချမ်းသည့် နျူကလီးယား အရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စု အစ္စလာမ်မစ် အီရန်နိုင်ငံနှင့် ကမ္ဘာ့ အင်အား ကြီးနိုင်ငံများ၏ ၂ ရက် ကြာ တံခါးပိတ် ဆွေးနွေးပွဲကို အောက် တိုဘာလ ၁၅ ရက်နေ့ တွင် စတင်ခဲ့ ပါသည်။ကမ္ဘာ့ အင်အား ကြီးနိုင်ငံများဖက်မှ အထူးသဖြင့် (ကိုလိုနီ အစ္စရေး အစေခံ )အမေရိကန် ၏ မတရားမှုများ၊တဖက်သတ်မှုများ၊သဘာဝမကျမှုများပါဝင် လာသဖြင့်ဆွေးနွေးပွဲ မအောင်မြင်သေးချေ။

အဲဟ်လေ့ဘိုက်သ်(အ.စ) ၊သတင်းဌာန ၊ အဗ်န
ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာမြို့ ရှိ ကုလမဂ္ဂ၏ ဥရောပ အခြေစိုက် ရုံးခွဲတွင် အီရန်၏ ငြိမ်းချမ်းသည့် နျူကလီးယား အရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စု အစ္စလာမ်မစ် အီရန်နိုင်ငံနှင့် ကမ္ဘာ့ အင်အား ကြီးနိုင်ငံများ၏ ၂ ရက် ကြာ တံခါးပိတ် ဆွေးနွေးပွဲကို အောက် တိုဘာလ ၁၅ ရက်နေ့ တွင် စတင်ခဲ့ ပါသည်။ကမ္ဘာ့ အင်အား ကြီးနိုင်ငံများဖက်မှ အထူးသဖြင့် (ကိုလိုနီ အစ္စရေး အစေခံ )အမေရိကန် ၏ မတရားမှုများ၊တဖက်သတ်မှုများ၊သဘာဝမကျမှုများပါဝင် လာသဖြင့်ဆွေးနွေးပွဲ မအောင်မြင်သေးချေ။
ပြည်ထောင်စု အစ္စလာမ်မစ် အီရန်နိုင်ငံတွင် တရား၊မမျှတပြီး လူအခွင့်အရေးကို ပညာရှိနည်းဖြင့် ချိုး ဖောက်နေသည့်အစ္စရေးနှင့် အမေရိကန်၎င်းတို့၏ မဟာမိတ် များကို သတ္တိရှိရှိ ရင်ဆိုင်သူ၊ ကိုလိုနီအစ္စရေး နှင့်ဖက်ဆက် အမေရိကန် တို့၏ ရှေးရိုးစွဲ ခေါင်းဆောင်အဖြစ် စွပ်စွပ်ခံရသူ ခေါင်းဆောင်ကောင်း ဒေါက်တာ မဲဟ်မူဒ် အမာဒီနီဂျက် သမ္မတ အဖြစ် သက်တမ်း ၂ ကြိမ် တာဝန် ယူ ထမ်းဆောင် ခဲ့ပြီးနောက် ယခုအခါ အခြားနည်းတစ်နည်းနှင့် မြေခွေးကဲ့သို့ ကောက်ကျစ် ပြီး ဥာဏ်နီ ဥာဏ်နက်များသည့်အစ္စရေး၊အမေရိကန် ၎င်းတို့၏ မဟာမိတ်များကို ကိုင်တွယ်ဖြေရှင်းရန်အသင့် ရှိသည့် ဒေါက်တာ ဟစန်ရူဟာနီ  ၏ အဖွဲ့ အာဏာရလာပါသည်။
ပြည်ထောင်စု အစ္စလာမ်မစ် အီရန် သမ္မတ ဒေါက်တာ ဟစန်ရူဟာနီ  သည် ပြီးခဲ့သည့် သြဂုတ်လက သမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင် ခဲ့ပြီးနောက် မိမိနိုင်ငံအပေါ် မတရားစွာ၊လူမဆန်စွာ၊  မင်းသားကြီးမလုပ်ရလို့ ပတ်မကြီးကိုတိုးဖောက်စသည့်စိတ်ဓာတ်ပိုင်ရှင်များ ဖြစ်ကြသည့် အစ္စရေး၊ အမေရိကန် နှင့်မဟာမိတ်များဖက်မှ  စီးပွားရေး ပိတ်ဆို့ အနိုင်ကျင့်မှု များကို ကို ဖယ်ရှားနိုင်ရန် အတွက် ကမ္ဘာ့နိုင်ငံများနှင့် စေ့စပ် ညှိနှိုင်းရေးနှင့် အီရန်နိုင်ငံ၏ ငြိမ်းချမ်းသည့် နျူကလီးယား အရေး တို့တွင် ပွင့်လင်း မြင်သာစေ ရမည်ဟု ကတိပြုခဲ့ပါသည်။
အီရန် နိုင်ငံခြားရေး ဝန်ကြီး  ဒေါက်တာ မိုဟမ္မဒ်ဇရီးဖ်  က  ယခု ကျင်းပသည့် အီရန်နှင့် ကမ္ဘာ့နိုင်ငံကြီး များ အကြား ဆွေးနွေးပွဲတွင် အီရန်နိုင်ငံ က အဆင့် ၃ ဆင့်ပါ ပြီး တစ်နှစ် အတွင်း အကောင်အထည် ဖော်နိုင်မည့် အဆိုပြု ချက်ကို တင်ပြသွားမည် ဟု အောက်တို ဘာလ ၁၄ ရက်နေ့ က ပြောကြားခဲ့သည်။
အီရန်နှင့် ဆွေးနွေးသည့် ကမ္ဘာ့ နိုင်ငံများမှာ (အစ္စရေး အသုံးတော်ခံ )အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ ရုရှားနှင့် ဂျာမနီ တို့ဖြစ်ကြသည်။ ယခု ကျင်းပသည့် ဆွေး နွေးပွဲ များကို ဥရောပ သမဂ္ဂနိုင်ငံခြားရေး ရာမူဝါဒ အကြီးအကဲ ကက်သလင်း အက်ရှ်တန်က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး အဆိုပြုချက် များကို အသေးစိတ်ဆွေး နွေးညှိနှိုင်း ကာ ဖြစ်နိုင်ခြေ များကို ရှာဖွေ သွားမည်ဟု ကြေငြာထားကြောင်း သိရပါသည်။
ဤညှိနှိုင်းမှု များတွင် တဖက်သတ်ဆုံးဖြတ်မှုများ ၊သဘာဝမကျမှုများ ၊မတရားမှုများ ရှိနေသဖြင့် ဤညှိနှိုင်းမှု များတွင် အခက်အခဲ များ ရှိလာမည်မှာ ၁၀၀ % သေချာနေပါသည်။  ပြီးခဲ့သည့် ဧပြီလက ကာဇက်စတန် နိုင်ငံ၊ Almaty မြို့တွင်ပြု လုပ်ခဲ့ သည့် ဆွေးနွေးပွဲ အတွင်း  မတရား အနိုင်ကျင့် အီရန်အပေါ် စီးပွားရေး အရေးယူ ပိတ်ဆို့မှု များကို အတော်အသင့် ဖြေလျှော့နိုင်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့်  ပြည်ထောင်စု အစ္စလာမ်မစ်အီရန် နိုင်ငံ ၏ ရပိုင်ခွင့်  ယူရေနီယံ အဆင့်မြင့် သန့်စင်မှု အချို့   ကို မတရားစွာ ရပ်ဆိုင်း ပေးရန် ကမ္ဘာ့ အင်အား ကြီးနိုင်ငံများဖက်မှ တောင်းဆို လာရာ  အီရန် က လက်မခံဘဲ အဖြေအမှန်အကန်ပေးခဲ့ပါသည်။
အနောက် အင်အားကြီး နိုင်ငံများ အထူးသဖြင့် အမေရိကန် နှင့်မဟာမိတ်များ ပြီးနောက် ကိုလိုနီ အစ္စရေး တို့သည် အီရန်နိုင်ငံ၏ ငြိမ်းချမ်းပြီး စစ်မှန်သည့် အစ္စလာမ်တရားတောအရ တည်ထွင်နေသည့် အဏုမြူ စွမ်းအင် အစီအစဉ်ကို မိမိတို့ အနာဂတ်တွင် ဗိုလ်ကျ ၊ ဆရာကြီးမလုပ်ရမည်၊ပြန်လည် ပြီး ထိထိမိမိ ခုခံ လာမည့်ကို စိုးရိမ် မိက အကြောင်းအမျိုးမျိုး ပြုပြီး စစ်ဘက် ဆိုင်ရာ တွင် အသုံးပြုနေသည်ဟု မတရားစွပ်စွဲ ခဲ့ပါသည်။ သနားစရာပင်.... မိမိတို့ အဏုမြူ ဗုံးများတည်ထွင် ပိုင်ဆိုင်ထားသည်ကိုတော့ မထွက်ကြချေ။ မိမိကိုယ်တိုင်ကြတော့ အဏုမြူဗုံး၊ အဏုမြူလက်နက် ၊ဓာတုလက်နက်များ ရှိနေလျက် စောင်းကြမ်းသူအဖျက်သမားမဟုတ်ချေ။ကမ္ဘာ့ လူသားများ အတွက် အန္တရာယ် မရှိချေ။ အစ္စလာမ် ဘာသာကို ရင်ထဲ နှလုံးထဲကလက်လံကျင့်သုံးသည့် အီရန်နိုင်ငံ မှ ရိုးရိုး အဏုမြူ စွမ်းအင်ကိုလည်း တည်ထွင်ရော အသံတွေများ မတရားထွက်လာပေသည်။
ကိုလိုနီ အစ္စရေး နှင့် ဖက်ဆစ် အမေရိကန်တို့သည် မိမိတို့၏ အစေခံ အီရန်ဘုရင်ဟောင်း မိုဟမ္မဒ်ရေဇာ ရှား ကို လက်လွတ်လိုက်ရပြီး စစ်မှန်သည့် ငြိမ်းချမ်းသည့်အစ္စလာမ် နှင့် အစ္စလာမ့် ဥပဒေ ကို လက်တွေ့ကျင့်သုံး နိုင်ပြခဲ့သူ အေမာမ်ခိုမေနီ (ရ.ဟ) ၏ အစ္စလာမ့်တော်လှန်ရေး အောင်မြင်ပြီးနောက်မှ ယနေ့အထိ မကျေမနပ် ၊မအီမသာမှုများ ဖြစ်နေပါသည်။မိမိတို့ အစေခံများ ပြန်လည် အာဏာရလာရန် ကာယအား၊ငွေအား၊လူအား အမြောက်အများကို သုံးဆွဲနေပါသည်။
အဗ်နာသတင်းဌာန