အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား :
စနေနေ့

၇ ဇွန် ၂၀၁၄

၁၇:၀၇:၁၆
614240

ဗုဒ္ဓရုပ်ပွားတော်အား မဖွယ်မရာပြုသူ (ဗုဒ္ဓဘာသာ) အမျိုးသမီးကို ၄၈ နာရီအတွင်း ရုံးတင်စစ်ဆေး ထောင် ၂ နှစ်ချ

ဇွန်လ ၅ ရက် မွန်းလွဲပိုင်း က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်၊ ဆုံကွယ် ကျေး ရွာအုပ်စု စစ်မှုထမ်းဟောင်း ရပ် ကွက်တွင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ အား မဖွယ်မရာပြုလုပ်ခဲ့သည့် (ဗုဒ္ဓဘာသာ) အမျိုးသမီးကို လားရှိုးမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း သတင်းရရှိ သည်။

အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန ၊ အဗ်နာ
ဇွန်လ ၅ ရက် မွန်းလွဲပိုင်း က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်၊ ဆုံကွယ် ကျေး ရွာအုပ်စု စစ်မှုထမ်းဟောင်း ရပ် ကွက်တွင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ အား မဖွယ်မရာပြုလုပ်ခဲ့သည့် အမျိုးသမီးကို လားရှိုးမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း သတင်းရရှိ သည်။
လားရှိုးမြို့တွင် ဗုဒ္ဓရုပ်ပွား တော်တစ်ဆူအား မဖွယ်မရာ ပြု လုပ်ခဲ့သည့် အမျိုးသမီးတစ်ဦးကို သာသနာတော် ညှိုးနွမ်းစေရန် ဆောင်ရွက်မှုဖြင့် တရားစွဲဆိုကာ ဇွန်လ ၆ ရက်တွင် လားရှိုးမြို့နယ် တရားရုံးက အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
လားရှိုးမြို့နယ် ဆုံကွယ် ကျေးရွာအုပ်စု စစ်မှုထမ်းဟောင်း ရပ်ကွက်၌ စိတ်ဖောက်ပြန်တတ် သော အမျိုးသမီးတစ်ဦးသည် ဇွန် လ ၅ ရက် မွန်းလွဲက ရပ်ကွက်အတွင်း ညောင်ပင်တွင် ကိုးကွယ်ထားသည့် ဉာဏ်တော် ခြောက်လက်မခန့်ရှိ သစ်သားဖြင့် ထုလုပ်ထားသော ဗုဒ္ဓရုပ်ပွားတော် တစ်ဆူအား ထဘီအတွင်း ထည့်၍ ရွာစပ်လယ်ကွင်းသို့ သယ်ယူသွားခဲ့သည်ကို ဆုံကွယ်ကျေးရွာနေသူ အမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့သည်။ ထို့ကြောင့် တွေ့ရှိသူက ယောက်မဖြစ်သူကို ထပ်မံအော်ခေါ်ပြီး ဗုဒ္ဓရုပ်ပွားတော်ကိုပြန်လည်လုယူခဲ့ကြောင်း သတင်းရရှိသည်။
ထို့အပြင် ဗုဒ္ဓရုပ်ပွားတော် ကို ပြန်လည်လုယူခဲ့သည့် အမျိုး သမီးက ဆုံကွယ်ကျေးရွာ အုပ်ချုပ် ရေးအဖွဲ့သို့ ဖြစ်စဉ်ကို အသေး စိတ် အကြောင်းကြားခဲ့ရာ ကျေး ရွာအုပ်စု အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးကျော်သိန်း နှင့် ရပ်မိရပ်ဖများက ပြစ်မှုကျူး လွန်သူကို ဖမ်းဆီးခဲ့သည်။
‘‘သူ့ကိုဖမ်းပြီး နယ်မြေစခန်း ကို အကြောင်းကြားလို့ ရဲက လာ ခေါ်သွားပါတယ်။ အုံကြွမှာ ကြောက်လို့ စခန်းမှူးဆီ အပ် လိုက်တာပါ။ ထိထိရောက် ရောက် အရေးယူပါလိမ့်မယ်။ အ မှုတွဲတွေ တင်ထားပြီး ဒီနေ့ရုံးထုတ် လိမ့်မယ်။ သူ့ကိုတော့ လားရှိုး ထောင်ချုပ်ကို ပို့ထားပါတယ်’’ ဟု စစ်မှုထမ်းဟောင်းရပ်ကွက် နယ်မြေမှူး၊ ဆုံကွယ်ကျေးရွာအုပ် စု အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးကျော်သိန်းက တရားရုံး၏ အမိန့်မချမီ ဇွန် ၆ ရက် နံနက်က ပြောသည်။
ဖမ်းဆီးခံထားရသည့် အမျိုး သမီး၏ ဖခင်မှာ အာရပ်နွယ်ဝင် ပထန်လူ မျိုးဖြစ်ပြီး မိခင်သည် ဗမာလူမျိုး၊ ဗုဒ္ဓဘာသာဝင်ဖြစ် သည်။ ၎င်းကို ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ဘော်တွင်းကျေးရွာတွင် မွေးဖွား ခဲ့သည်။ ၎င်းတစ်နှစ် သမီးအ ရွယ်တွင် မိဘများ အိမ်ထောင် ကွဲသွားပြီးနောက် မိခင်နှင့်အတူ နေထိုင်ကာ ဗုဒ္ဓဘာသာ ကိုးကွယ် သူတစ်ဦး ဖြစ်ခဲ့သည်။ လွန်ခဲ့သော ၂၃ နှစ်က လားရှိုးမြို့ အမှတ် ၁၂ ရပ်ကွက် နယ်မြေ ၁၂ တွင် ရှမ်းတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်အမျိုးသားနှင့် အိမ်ထောင်ကျကာ သားနှစ်ဦးနှင့်  သမီးနှစ်ဦး ထွန်းကားခဲ့သည်။ သားကြီးဖြစ်သူကို မွေးဖွားစဉ်  မီးတွင်း၌ အမျိုးသားနှင့် စကားများရာမှ အမျိုးသားကရိုက်နှက်ခဲ့မှုကြောင့် စိတ်ဖောက်ပြန်၍ တစ်နှစ်လျှင် နှစ်ကြိမ်ခန့်  ဖြစ်တတ်ပြီး တစ်ကြိမ် စိတ်ဖောက်ပြန်လျှင် တစ်လခန့် ကြာတတ်ကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးက ဇွန်လ ၅ ရက်တွင် မီဒီယာများအား တွေ့ဆုံပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
၎င်းအမျိုးသမီး၏ ခင်ပွန်း သည် လွန်ခဲ့သည့် လေးနှစ်ခန့်က သေဆုံးသွားပြီး နောက်ပိုင်း မိသားစုဝင်များက ဆေးဝါးကုသ စောင့်ရှောက်ပေးခဲ့ရာ ဈေးရောင်းခြင်း၊ နေကြာစေ့ထုပ်ခြင်းစသည့် ကျပန်းအလုပ်များ လုပ်ကိုင်စားသောက်ခဲ့ကြောင်း သတင်းရရှိသည်။
‘‘မြို့ပေါ်မှာ လုံခြုံရေးတွေ အပြည့်ချ ထားပြီး ရဲကားတွေ မြို့မှာ လှည့် နေတယ်’’ ဟု လားရှိုးမြို့ခံ ရှေ့နေ အမျိုးသားတစ်ဦးက ပြော သည်။
ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူ အမျိုးသမီးသည် စိတ်ကျန်းမာရေး မကောင်းသော အမျိုးသ မီးဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ကာ လားရှိုးမြို့နယ် လူဝင်မှု ကြီးကြပ်ရေးဌာန၏ မှတ်တမ်း တွင် ဗမာလူမျိုး၊ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်ဟု ဖော်ပြထား သည်။ ၎င်းနေအိမ်တွင်လည်း ဘုရားစင်ကို တွေ့မြင်ခဲ့ရကြောင်း လားရှိုးမြို့ခံတစ်ဦးက ပြောသည်။ ဆုံကွယ်ကျေးရွာအုပ်စု စစ်မှုထမ်း ဟောင်းရပ်ကွက်သည် လားရှိုး နယ်မြေရဲစခန်း၏ မြောက်ဘက် နှစ်မိုင်ခန့်အကွာတွင် တည်ရှိ သည်။
Ref :7daydaily