အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား :
တနင်္ဂနွေနေ့

၂၂ ဇွန် ၂၀၁၄

၁၉:၀၂:၁၄
618122

ဒိန်းမတ်တွင် ၀တ်ပြုဖိတ်ခေါ် မျှော်စင်ပါ ပထမဆုံး ဗလီဖွင့်ပွဲပြုလုပ်

တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား)အပေါ် သရော်ပုတ်ခတ်သိက္ခာချသည့် ကာတွန်းများ ထွက်လာပြီး ၉ နှစ်အကြာတွင် ၀တ်ပြုဖိတ်ခေါ်မျှော်စင်(မီနာရာ)ပါသော ပထမဆုံးဗလီဝတ်ကျောင်းကို ဒိန်းမတ်နိုင်ငံတွင် ဖွင့်လှစ်နိုင်ခဲ့ရာ နားလည်မှုတိုးတက်လာသောအရွေ့တစ်ခုဟု ဆိုရပေမည်။

အဲဟ်လေ့ဘိုက်သ်(အ.စ)  သတင်းဌာန ၊ အဗ်နာ

တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား)အပေါ် သရော်ပုတ်ခတ်သိက္ခာချသည့် ကာတွန်းများ ထွက်လာပြီး ၉ နှစ်အကြာတွင် ၀တ်ပြုဖိတ်ခေါ်မျှော်စင်(မီနာရာ)ပါသော ပထမဆုံးဗလီဝတ်ကျောင်းကို ဒိန်းမတ်နိုင်ငံတွင် ဖွင့်လှစ်နိုင်ခဲ့ရာ နားလည်မှုတိုးတက်လာသောအရွေ့တစ်ခုဟု ဆိုရပေမည်။
“ ဆွေးနွေးမှု၊ နားလည်မှုကို ဖန်တီးပေးတဲ့ ဒီလျှောက်လမ်းခင်းခြင်းနဲ့အတူ မုဟမ္မဒ်ကာတွန်းတွေလို ကိစ္စမျိုးတွေအပေါ် ပဋိပက္ခတွေ ရှောင်ကြဉ်နိုင်ပါလိမ့်မယ် ” ဟု ဗလီဝတ်ကျောင်း ပိုင်ဆိုင်တဲ့ ဒိန်းမတ်အမျိုးသားအစ္စလာမ့်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ  မုဟမ္မဒ် အလ် မိုင်မူနီက AFP သို့ ဇွန်လ ၁၉ ရက် ကြာသပတေးနေ့တွင် ပြောကြားသည်။
ဒိန်းမတ်အမျိုးသားအစ္စလာမ့်ကောင်စီ The Danish Islamic Council သည် အလယ်အလတ် အစ္စလာမ့် အယူအဆရှိခြင်း၌ ကျော်ကြားသည်။ မိမိ လူ့အဖွဲ့အစည်းနှင့် မျှတစေသော အစ္စလာမ့် အတွေးအမြင်များလည်း ရှိပါသည်ဟု သူက ဆို၏။
ကြီးထွားလာသော မွတ်စ်လင်မ်လူဦးရေ၀င်ဆန့်ရေးအတွက် ကာတာရံပုံငွေ ခရိုနာ သန်း ၁၅၀ (ဒေါ်လာ ၂၇.၂ သန်း)နှင့်အတူ တည်ဆောက်ထားသော ကိုပင်ဟေဂင် အနောက်မြောက်ပိုင်းခရိုင်ရှိ ဒိန်းမတ်နိုင်ငံ၏ အကြီးဆုံးဗလီ ၀တ်ကျောင်းတော်အား ကြာသပတေးနေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။
၆၇၀၀ စတုရန်းမီတာ (ပေ ၇၂၁၁၈ ပတ်လည်) ပေါ် တည်ဆောက်ထားသော ဗလီဧရိယာအတွင်း ဗလီတစ်လုံး၊ ယဉ်ကျေးမှုစင်တာ၊ တီဗီ စတူဒီယို၊ အားကစားဌာန တစ်ခု ပါဝင်သည်။
ဗလီဖွင့်ပွဲအခမ်းအနားကို ရေနံပေါကြွယ်သည့် ကာတာနိုင်ငံရံပုံငွေပါဝင်နေခြင်းအပေါ် လက်ျာစွန်းရောက်ခေါင်းဆောင်များ၊ ဒိန်းမတ်နိုင်ငံရေးသမား များစွာတို့မှ ရှောင်ဖယ်ခဲ့ကြသည်။
ရှေးရိုးစွဲ ကာတာအစိုးရသည် ဗလီဝတ်ကျောင်းတော်အပေါ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ သြဇာသက်ရောက်နိုင်ချေ ရှိသည်ဟု ထင်ရကြောင်း DPP ပါတီခေါင်းဆောင် Kristian Thulesen Dahl က ဒိန်းမတ် လူ့အဖွဲ့အစည်းအတွင်း မွတ်စ်လင်မ်တို့၏ ၀င်ဆန့်လာမှုကို မနှစ်မြို့ဟန်ဖြင့် ပြောကြားသည်။ DPP ၏ ဤအငြင်းပွားစရာ မှတ်ချက်များမှာ ပထမဆုံးအကြိမ် မဟုတ်ချေ။
၂၀၀၃ ခုနှစ်အစောပိုင်း ကာလ၌ အကြမ်းဖက်သမားဟု သံသယရှိသူ လူ ၇၀၀ ကို နိုင်ငံသားအသစ် အဖြစ် လူဝင်မှုကြီးကြပ်ရေး၏ကြေငြာချက်အား ဆန့်ကျင်သောကြောင့် DPP မှာ ဒဏ်ငွေတပ်ခံခဲ့ရသည်။
၂၀၀၇ ခုနှစ်တွင် ဒိန်းမတ်၏ တတိယအင်အားအကြီးဆုံး နိုင်ငံရေးအုပ်စု DPP မှ အများနှင့် သက်ဆိုင်သောနေရာများ၌ ဟိဂျာ့ဗ်(အမျိုးသမီးဦးဆောင်းပုဝါ) ဆင်ယင်ခြင်းကို ပိတ်ပင်ရန်၊ လုပ်ငန်းခွင်၌ မွတ်စ်လင်မ်တို့ အတွက် ၀တ်ပြုနေရာသီးသန့် မထားပေးရန် ဥပဒေထုတ်ပြန်ရေးကို လှုံ့ဆော်ခဲ့သည်။
ထို့အတူ နေ့ကလေးထိန်းကျောင်းများ နှင့် မွတ်စ်လင်မ်ကျောင်းသူများ၏သီးသန့်စားသောက်ဆောင်များတွင် ဟလာလ်အသား အသုံးမပြုရေး တားမြစ်လှုံ့ဆော်မှုကိုလည်း ယင်းပါတီမှ ပြုလုပ်ခဲ့သည်။
လိင်တူဆက်ဆံမှုအပေါ် မိုင်မူနီ၏ လတ်တစ်လော မှတ်ချက်များကိုလည်း ယင်းအုပ်စုဝင်များက သရော်ခဲ့ကြသေး၏။
လက်ျာစွန်းရောက်တို့၏ ကာတာ ရံပုံငွေအပေါ် ဝေဖန်ချက်အား ချေပသောအားဖြင့် မိုင်မူနီက ယင်းအရှေ့အလယ်ပိုင်းမှ လှူဒါန်းမှုသည် ဒါန သက်သက် မျှသာဖြစ်သည်ဟု တုန့်ပြန်ခဲ့သည်။
“ ကာတာနိုင်ငံရေးထဲ ကျွန်တော်တို့ ၀င်ပါမှာမဟုတ်ပါဘူး။ သူတို့ပြည်တွင်းရေးနဲ့ ကျွန်တော်တို့က ဘာမှ မပတ်သက်ပါဘူး။ ဒိန်းမတ် အမျိုးသားအစ္စလာမ့်ကောင်စီမှာ ၀ါဒဖြန့်မှုတွေအပေါ် အပြည့်အ၀ ကိုင်တွယ်နိုင်တဲ့ အာဏာရှိပါတယ်။ မည်သည့်နှောင်ကြိုးမှ မပါဝင်တဲ့ လှူဒါန်းမှုဖြစ်လို့ ကျွန်တော်တို့ နှစ်မြို့ကျေနပ်စွာ လက်ခံခဲ့ခြင်းဖြစ်တယ် ” ဟု မိုင်မူနီက ဆိုပါသည်။
ကာတာရံပုံငွေများ လက်မခံမီက ဒိန်းမတ်အမျိုးသားအစ္စလာမ့်ကောင်စီသည် အခြားမွတ်စ်လင်မ်နိုင်ငံများထံမှ ရံပုံငွေ မရယူခဲ့။
အဆိုပါ ဗလီဝတ်ကျောင်းဖွင့်ပွဲကို ဒိန်းမတ်ချာ့ခ်ျမှ ကိုယ်စားလှယ်များ၊ ဂျူးလူ့အဖွဲ့အစည်းများနှင့်အတူ ဒါနပံ့ပိုးမှုနှင့် အစ္စလာမ့်ရေးရာဝန်ကြီးဦးဆောင်သော ကာတာကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့သည်။
“ ကာတာ သို့မဟုတ် မော်ရိုကိုက အစ္စလာမ်ဟာ ဒိန်းမတ်က အစ္စလာမ်ပုံစံနဲ့ ထပ်တူ မကျပါဘူး။ ဆိုလိုတာက အစ္စလာမ်မှာ ကာလဒေသံပေါ်မူတည်ပြီး မပြောင်းလဲတဲ့ စည်းမျဉ်းတွေရှိပေမယ့် အဲ့ဒါမှအပ ကျန်တာတွေကို အပြောင်းအလဲလုပ်ခွင့် ရှိနေပါတယ် ” ဟု မိုင်မူနီက ပြောပြသည်။
လက်ျာစွန်းရောက်တို့၏ ဝေဖန်ချက်များနှင့်ဆန့်ကျင်စွာ ဗလီဝတ်ကျောင်းတော်သစ်နှင့်ပတ်သက်၍ အကောင်းမြင်တုန့်ပြန်ကြိုဆိုချက်များစွာ ဖြစ်ထွန်းခဲ့သည်။
“ ကျွန်မဟာ ကာတာအစိုးရပုံဟန်နဲ့ အမျိုးသမီးတွေအပေါ်ထားရှိတဲ့ သူတို့အမြင်ကို လက်ခံသူ မဟုတ်ပါဘူး။ ဒါကြောင့် ကာတာရဲ့ပံ့ပိုးမှု ရှိနေပေမယ့်လည်း ဗလီသစ်ကို လာရောက်ဖို့ ကျွန်မမှာ ပြဿနာ တစ်စုံတစ်ရာ မရှိပါဘူး ” ဟု ပါလီမန်အဖွဲ့ဝင် Özlem Sara Cekic မှ Jyllands-Posten သို့ ပြောကြားသည်။
ဒိန်းမတ်လူ့အဖွဲ့အစည်းအတွင်း မွတ်စ်လင်မ်နှင့် အခြားအုပ်စုတို့အကြား အပြန်အလှန်ဆွေးနွေးဖလှယ်မှုပလက်ဖောင်းတစ်ခု ဖန်တီးမည်ဟု ဗလီဝတ်ကျောင်းတော်မှ ဆိုထားပါသည်။
တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား)အပေါ် သရော်ပုတ်ခတ်သိက္ခာချသည့် ကာတွန်းများကို အစ္စလာမ်၌ စော်ကားချက်အဖြစ် သတ်မှတ်ခဲ့သော်လည်း ဥရောပသတင်းစာများက လွတ်လပ်စွာဖော်ထုတ်တင်ပြခွင့်အဆိုဖြင့် ထပ်မံပုံနှိပ်ဖော်ပြခဲ့ကြရာ အနောက်တိုင်းနှင့် မွတ်စ်လင်မ်ကမ္ဘာအကြား တင်းမာမှုကို ပိုမို ပြင်းထန်သွားစေခဲ့သည်။ ထိုကာတွန်းများ ထွက်ခဲ့စဉ်က ကမ္ဘာ့မွတ်စ်လင်မ်ထုမှ တမန်တော်၏ထူးမြတ်သောဂုဏ်ရည်များကို ပြန်လည်ဇောင်းပေးတင်ပြခဲ့ကြသည်။
အစ္စလာမ်သည် ဒိန်းမတ်တွင် နိုင်ငံ့လူဦးရေ ငါးပုံလေးပုံရှိ လူသာရန် ပရိုတက်စတင့် ခရစ်ယျာန်ပြီးလျှင် ဒုတိယအကြီးဆုံးသာသနာတစ်ရပ်ဖြစ်သည်။
Ref: OnIslam & News Agencies / m-media