အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား :
ဗုဒ္ဓဟူးနေ့

၂၅ ဇွန် ၂၀၁၄

၀၃:၁၆:၅၁
618809

နိုင်ဂျီးရီးယား ကောလိပ်ကျောင်းအတွင်း ပေါက်ကွဲမှုကြောင့် လူ ၈ ဦး သေဆုံး၊ ၂၀ ဦး ဒဏ်ရာရ

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ကာနိုမြို့လယ်က ကောလိပ်ပရ၀ုဏ်မှာ ဇွန် ၂၃ ရက်နေ့က ကျောင်းချိန်အတွင်းပေါက်ကွဲမှုတခုကြောင့် အနည်းဆုံး လူ ၈ ယောက် သေဆုံးပြီး တခြားလူ အယောက် ၂၀ လောက် ဒဏ်ရာရတယ်လို့ ရဲတွေက ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ်)(အ.စ) သတင်းဌာန ၊ အဗ်နာ
နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ကာနိုမြို့လယ်က ကောလိပ်ပရ၀ုဏ်မှာ ဇွန် ၂၃ ရက်နေ့က ကျောင်းချိန်အတွင်းပေါက်ကွဲမှုတခုကြောင့် အနည်းဆုံး လူ ၈ ယောက် သေဆုံးပြီး တခြားလူ အယောက် ၂၀ လောက် ဒဏ်ရာရတယ်လို့ ရဲတွေက ပြောပါတယ်။
ပေါက်ကွဲတဲ့နေရာဟာ ကျောင်းသားတွေကြား လူကြိုက်များ စုဝေးလေ့ရှိတဲ့ အစားအသောက်ဆိုင်တွေနားမှာ ဖြစ်ခဲ့တာပါ။
ဒီပေါက်ကွဲမှုရဲ့ နောက်ကွယ်မှာ အစ္စလာမ်မစ်စစ်သွေးကြွတွေ ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
နိုင်ဂျီးရီးယားမြောက်ပိုင်းမှာ လက်နက်ကိုင်သူပုန်တွေရဲ့ ဗုံးခွဲမှုနဲ့ တိုက်ခိုက်မှုတွေက နေ့တိုင်းလို ဖြစ်နေတာပါ။
ဘိုကိုဟာရမ်တွေက အစ္စလာမ်မစ်နိုင်ငံ တည်ထောင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ရဲတွေက သံသယရှိသူတယောက်ကို စစ်မေးဖို့ ခေါ်ထားတယ်လို့ ရဲကော်မရှင်နာ အဒန်ရဲလေး ရှီနာဘာက သတင်းထောက်တွေကို ပြောပါတယ်။
ကျောင်းသားတွေဘက်ကတော့ ပေါက်ကွဲမှုက အလွန်ပြင်းထန်လို့ အနားက ကားရပ်စခန်းက ကားအတော်များများ ဆိုးဆိုးရွားရွား ပျက်စီးတယ်လို့ သူက ပြောပြီး အနည်းဆုံး ကျောင်းသား ၃၃ယောက် သေဆုံးတယ်လို့ ပြောပါတယ်။
ဘိုကိုဟာရမ်တွေဟာ နိုင်ဂျီးရီးယားမြောက်ပိုင်း ကျေးလက်ကျောင်းမှာ စာမေးပွဲဖြေနေတဲ့ ကျောင်းသူ အယောက် ၂၀၀ ကျော်ကို ပြန်ပေးဆွဲအပြီး ဧပြီလက စလို့ ကမ္ဘာ့ရဲ့ အာရုံစိုက်မှုကို ရခဲ့ပါတယ်။
အရင်လကလည်း ကာနိုမြို့တောင်ပိုင်းက ခရစ်ယာန်ဘာသာဝင်တွေ အများစုနေတဲ့ စားသောက်ဆိုင်တွေ ဘားတွေနဲ့ စည်ကားတဲ့လမ်းမှာ အသေခံကားဗုံးခွဲမှုကြောင့် လူ ၅ ယောက် သေဆုံးခဲ့ပါသေးတယ်။
Ref : dvb