အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား :
သောကြာနေ့

၂၇ ဇွန် ၂၀၁၄

၀၀:၅၆:၁၇
619302

အမေရိကန် ဒေါ်လာ သန်း ၁၃၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ မီးရှို့ဖျက်ဆီး

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမေရိကန် ဒေါ်လာ သန်း ၁၃၀ ကျော် တန်ဖိုးရှိ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို မြန်မာနိုင်ငံ နေရာ ၃ နေရာမှာ အခမ်းအနားနဲ့ မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမေရိကန် ဒေါ်လာ သန်း ၁၃၀ ကျော် တန်ဖိုးရှိ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို မြန်မာနိုင်ငံ နေရာ ၃ နေရာမှာ အခမ်းအနားနဲ့ မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမ၀င်ရောင်းဝယ်မူ တိုက်ဖျက်ရေး အထိမ်းမှတ်အဖြစ် ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ရန်ကုန်၊ မန္တလေးမြို့နဲ့ တောင်ကြီးမြို့တွေမှာ ဖျက်ဆီးပစ်ခဲ့တာဖြစ်ပါတယ်။

နေရာသုံးခုမှာ မီးရှို့ခဲ့တဲ့ မူးယစ်ဆေးဝါးပမာဏဟာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၃၀ ဒသမ ၉ သန်း ကျော်ဖိုးရှိတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဌာန မှူး ရဲမှူးကြီး ဦးမြင့်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှာရှိတဲ့ အမှတ် (၁) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှာ ဒီနေ့ မူးယစ်ဆေးဝါးတွေ ဖျက်ဆီးမှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်၊ မူးယစ်တားဆီးရေး အထူးရဲတပ်ဖွဲ့က ရဲမှူး ခင်မောင်သိန်းကတော့ အခုလို ပြောပါတယ်။

“ရန်ကုန်တိုင်းဒေသကြီးမှာ ရှို့တဲ့ မူးယစ်ဆေးဝါးတွေကို ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန်၊ ရခိုင်၊ ကရင်၊ ရထား ရဲတပ်ဖွဲ့ အဲဒီ တိုင်းဒေသကြီးတွေနဲ့ ရဲတပ်ဖွဲ့တွေက ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးအားလုံးကို ဒီကို ပို့ပြီးတော့ စီအိုင်ဒီက စနစ်တကျ လက်ခံပြီးတော့ ဖောက်ပြီး စမ်းသပ်ပြီးတော့ စစ်ဆေးခံထားတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့တာပါ။”

ရန်ကုန်မှာ ဘိန်းဖြူ၊ ဆေးခြောက်နဲ့ စိတ်ကြွဆေးဝါး အပါအ၀င် မူးယစ်ဆေးအမျိုးအစား ၁၆ မျိုးကို ဖျက်ဆီးခဲ့ပါတယ်။

အလားတူ မန္တလေးမြို့မှာလည်း နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ ဖမ်းဆီးရမိတဲ့ ဒေါ်လာ ၃၃ သန်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ ရှမ်းပြည်နယ် တောင်ကြီးမှာတော့ အမေရိကန် ဒေါ်လာ ၈၈ သန်းကျော်ဖိုး ဖျက်ဆီးခဲ့တာပါ။

မူးယစ်ဆေးဝါးတွေကို နယ်စပ်ဒေသတွေမှာ အများဆုံးဖမ်းဆီးရမိပြီး ဖမ်းဆီးရမိတဲ့အထဲမှာ ဆူဒိုအက်ဖီဒရင်းဆေးပြား အများဆုံး ဖြစ်ပြီး ၁၆ တန်လောက် ဖမ်းဆီးခဲ့ပါတယ်။

မူးယစ်ဆေးဝါးပပျောက်ဖို့ အစိုးရက ၁၅ နှစ် စီမံကိန်းနဲ့ ဆောင်ရွက်ခဲ့ပေမယ့် ၂၀၁၂ ခုနှစ်မှာ ဘိန်းထုတ်လုပ်မှု တန်ချိန် ၇၀၀ လောက်ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးဝင်းနိုင်က ပြောပါတယ်။
၁၉၉၉ ခုနှစ်က စပြီး မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ် စီမံကိန်း နဲ့ ဆောင်ရွက်ခဲ့ပေမယ့် ၂၀၁၂ ခုနှစ် ဘိန်းစိုက်ရာသီမှာ ဟက်တာ ၅ သောင်း ၁ ထောင်ကျော် စိုက်ပျိုးပြီး ထုတ်လုပ်မှု တန်ချိန် ၆၉၀ ရှိတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။
ဒါဟာ UNODC (ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ရာဇ၀တ်မှုတိုက်ဖျက်ရေးရုံး) နဲ့ ပူးပေါင်းတိုင်းတာခဲ့တာဖြစ်ပြီး တိုက်ဖျက်ဖို့ လိုအပ်သေးတာကြောင့် စီမံကိန်းကို နောက်ထပ် ၅ နှစ် ထပ်တိုးထားတယ်လို့လည်း ရဲမှူးကြီး ၀င်းနိုင်က ဆိုပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုကတော့ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ဘက်ပေါင်းစုံက ၀ိုင်းဝန်းဆောင်ရွက်သွားကြဖို့ ဇွန်လ ၂၆ ရက်နေ့ အခမ်းအနားကို ပေးပို့တဲ့ သ၀ဏ်လွှာမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒါ့ပြင် မူးယစ်ဆေးဝါးက ရရှိတဲ့ ငွေကြေးတွေကို ထိန်းချုပ်နိုင်ဖို့ ငွေကြေးခ၀ါချမူ တိုက်ဖျက်ရေး ဥပဒေကို ပြဋ္ဌာန်းပြီး တည်ဆဲဥပဒေနဲ့ စုံစမ်းစစ်ဆေးခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း တွေကို ဆောင်ရွက်လျက်ရှိရာမှာ ငွေကြေးခ၀ါချမူပေါင်း ၄၉ မူကို စုံစမ်းစစ်ဆေးပြီး ၂၂ မူကို ဖော်ထုတ်အရေးယူနိုင်ကြောင်းနဲ့ ကျပ်သန်းပေါင်း ၂ သောင်းနီးပါးကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးက သ၀ဏ်လွှာမှာ ပြောပါတယ်။

Ref : dvb