အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား :
အင်္ဂါနေ့

၁ ဇူလိုင် ၂၀၁၄

၀၆:၂၇:၅၇
620384

အမှုမှန်ပေါ်ပေါက်ရေး တစ်မျိုးသားလုံး ဝိုင်းဝန်းကြရန် အင်္ဂလန်ဆရာတော် တိုက်တွန်း

သန္တိသုခ သံဃာတော် ငါးပါးအမှုကို ဇူလိုင် ၄ ရက်တွင် နောက်ထပ်ရုံး ချိန်းချိန်း ဆိုလိုက်ပြီး သာသနာနှင့် သက်ဆိုင်သော အမှုဖြစ်သောကြောင့် အမှုမှန်ပေါ် ပေါက်ရေး တစ်မျိုးသား လုံးက ဝိုင်းဝန်းပေးကြရန် အင်္ဂလန် ဆရာ တော်ဦး ဥတ္တရက မိန့်ကြားလိုက် သည်။ မဟာသန္တိသုခကျောင်း တိုက်နှင့်ပတ်သက်ပြီး ဖမ်းဆီး အရေးယူခံ ထားရသော သံဃာ တော်ငါးပါးကို ဇွန်လ ၂၇ ရက်က ဒုတိယ အကြိမ်ရုံးချိန်း ထုတ်စစ် ဆေးရာ တရားလိုများကို စစ်ဆေး ခဲ့ပြီး လာမည့် ဇူလိုင် ၄ ရက်တွင် ရုံးချိန်းထပ်မံဆင့်ခေါ် လိုက်ခြင်း ဖြစ်သည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

‘‘သာသနာနဲ့ သက်ဆိုင် သော အမှုဖြစ်နေတယ်။ သာ သနာတစ်ခုလုံးနဲ့လည်း သက်ဆိုင် တယ်။ မြန်မာနိုင်ငံမှာမှီတင်းနေ ထိုင်တဲ့ သံဃာတော်ငါးသိန်းနဲ့ လည်းသက်ဆိုင်နေတဲ့ အမှုဖြစ်ပါ တယ်။ တစ်မျိုးသား လုံးကလည်း စိတ်ဝင်စားနေတဲ့ အမှုဖြစ်တယ် ဆိုတာ ဘုန်းကြီးတို့သိပါတယ်။ အမှုစစ်တဲ့နေရာမှာ တကယ့်အမှု အမှန်ကို စစ်ဖို့ရာအတွက် အရေး ကြီးပါတယ်။ သက်သေတွေရော၊ တရားခံတွေရော သေသေချာချာ ကို ဘက်မလိုက်ဘဲ အမှန်တရား တွေပေါ်အောင်စစ်နိုင်ဖို့ဆိုတာ အင်မတန်မှ အခွင့်အရေးကရခဲ ပါတယ်။
ဒါကြောင့် အေးအေး ဆေးဆေးနဲ့ စစ်ရမှာဖြစ်ပါတယ်။ ဒီနေ့က တရားလိုပဲ စစ်တာဖြစ်ပါ တယ်။ အမှုမှန် ပေါ်ပေါက်လာ အောင် တစ်မျိုးသားလုံးက ဝိုင်း ဝန်းပေးကြပါလို့ တောင်းဆိုပါ တယ်’’ဟု ဆရာတော်ဦးဥတ္တရက မိန့်ကြားသည်။ အရေးယူ ခံထားရသော သံဃာတော်ငါးပါးကို ဇွန်လ ၂၇ ရက် နေ့လယ် ၁၂ နာရီတွင် တရားရုံးထုတ်စစ်ဆေးခဲ့ပြီး ဇူလိုင် ၄ ရက်တွင် ရုံးချိန်း ပြန်လည်ခေါ်ယူထား သည်။
သံဃာတော်များ၏ ဒုတိယနေ့ရုံးချိန်းကို ပြည်သူ ၂၀၀ ခန့်က တာမွေမြို့နယ်တရားရုံးရှေ့တွင် နံနက် ၁၀ နာရီမှစတင်၍ လာ ရောက်နားထောင်ခဲ့ကြသည်။ တရားစွဲဆိုခံထားရသော သံဃာငါးပါးနှင့်ပတ်သက်၍ တရားရုံးဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံရေးနှင့် ပြည်သူများ အကြား အနည်းနှင့်အများ ဂယက်ရိုက်နိုင်ကြောင်း ဇွန်လ ၂၇ ရက်က တာမွေမြို့နယ်တရား ရုံးသို့ လာရောက်သော ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ဦးမင်းကိုနိုင်က ပြော သည်။
ဇွန်လ ၂၀ ရက်က တာမွေ မြို့နယ်တရားရုံးတွင် လူဝတ်လဲခံ သံဃာတော်များ ပထမ အကြိမ်ရုံး ထုတ်စစ်ဆေးစဉ်က ပုဒ်မ ၂၀/၉၀၊ ပုဒ်မ ၂၉၅ ဖြင့် တရားစွဲ ဆိုထားသော သံဃာတော် များကို ပုဒ်မ ၁၄ ဖြင့် ပြန်လည်တရားစွဲ ဆိုခဲ့ပြီး အာမခံဖြင့် ပြန်လွှတ်ပေး ခဲ့ရာ ဆရာတော်များက သင်္ကန်း ပြန်လည်ဆီးခဲ့သည်။ မဟာသန္တိသုခကျောင်း တိုက်တွင် သီတင်းသုံးနေသော အင်္ဂလန်ဆရာတော်အပါအဝင် သံဃာ ငါးပါးကို ဇွန်လ ၁၁ ရက် ညတွင် ဖမ်းဆီးပြီး ဇွန်လ ၁၃ ရက်တွင် လူဝတ်လဲ၍ တာမွေမြို့ နယ် တရားရုံးတွင် ရုံးထုတ်ကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ ခြင်းဖြစ်သည်။
REF : ရိုးရာလေး