အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား :
ဗုဒ္ဓဟူးနေ့

၂ ဇူလိုင် ၂၀၁၄

၁၆:၀၀:၅၁
620929

နိုင်ဂျီးရီးယားတွင် ဗုံးကွဲ၊ အနည်းဆုံး ၅၆ ဦး သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ဘက် မိုင်ဒူဂူရီမြို့ထဲက ဈေးထဲမှာ ကားဗုံးတလုံး ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က ပေါက်ကွဲခဲ့တဲ့အတွက် အနည်းဆုံးလူ ၅၆ ဦး သေဆုံးတယ်လို့ အလောင်းကောက်သူ အရပ်ဘက်အုပ်စုခေါင်းဆောင်က ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။အဗ်နာ

နိုင်ဂျီးရီးယားတွင် ဗုံးကွဲ၊ အနည်းဆုံး ၅၆ ဦး သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ဘက် မိုင်ဒူဂူရီမြို့ထဲက ဈေးထဲမှာ ကားဗုံးတလုံး ပြီးခဲ့တဲ့ ဇူလိုင် ရက်နေ့က ပေါက်ကွဲခဲ့တဲ့အတွက် အနည်းဆုံးလူ ၅၆ ဦး သေဆုံးတယ်လို့ အလောင်းကောက်သ အရပ်ဘက်အုပ်စုခေါင်းဆောင်က ပြောပါတယ်

ဒမြို့ဟာ ဘိုကိုဟာရမ် အစွန်းရောက်အဖွဲ့ရဲ့ ဇာတိမြို့ ဖြစ်ပါတယ်။

သေဆုံးသူတွေထဲက ၂၁ ယောက်ဟာ ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားနိုင်ခဲ့ပြီး ကျန်တဲ့လူတွေကတော့ ဘယ်သူဘယ်ဝ မမှတ် မိနိုင်လောက်အောင် လောင်ကျွမ်းပျက်စီးနေတယ်လို့ အရပ်ဘက်အုပ်စုခေါင်းဆောင် တစ်ဂျာနီက ပြောပါတယ်။

ခြားမျက်မြင်သက်သေတွေကလည်း သေဆုံးသူ အယောက် ၅၀ လောက်ရှိတယ်လို့ ခန့်မှန်းပေမယ့် အရာရှိတချို့ကတော့ ၁၇ ယောက်သာ သေဆုံးတယ်လို့ ပြောပါတယ်။

ဒီ ပေါက်ကွဲမှုအတွက် ဘယ်သူမှာ တာဝန်ရှိတယ်ဆိုတာ ချက်ချင်းမသိရသေးပါဘူး။ါပေမယ့် လတ်တလောအတွင်း ဘိုကိုဟာရမ် အစ္စလာမ့်မစ် အုပ်စုတွေက သမ္မတွဒ်လပ်ဂျိုနသန်ရဲ့ အစိုးရကို ဆန့်ကျင်ပြီး ဗုံးခွဲမှုနဲ့ စီးနင်းမှုတွေကို အများအားဖြင့် နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းမှာ လုပ်ခဲ့ကြပါတယ်။

ဧပြီလလယ်ကတော့ ကျောင်းသူအယောက် ၂၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့လို့ နိုင်ငံတကာက အာရုံစိုက်ခဲ့ကြပါတယ်။

နိုင်ဂျီးရီးယားစစ်တပ်ဟာ အမေရိကန်နဲ့ တခြားအနောက်မဟာမိတ်တွေဆီက သင်တန်းတွေ၊ ထောက်လှမ်းရေးနဲ့ အစောင့်အကြပ် အကူအညီတေ ရနေပေမယ့် ဘိုကိုဟာရမ်အဖွဲ့ကို မချေမှုန်းနိုင် ဖြစ်စေဆဲပါ။

၂၀၀၉ ခုနှစ်က စတဲ့ ဘိုကိုဟာရမ်အဖွဲ့ရဲ့ သူပုန်ထမှုကြောင့် လူထောင်နဲ့ချီ သေဆုံးခဲ့ပြီး နိုင်ငံရဲ့အရှေ့မြောက်ပိုင်းလည်း မတည်မငြိမ် ဖြစ်နေပါတယ်

 

REF;ဒီဗွီဘီ