အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား :
သောကြာနေ့

၄ ဇူလိုင် ၂၀၁၄

၂၀:၀၆:၁၃
621422

ဖမ်းထားသည့် တူရကီ ကားမောင်းသမား ၃၂ ဦးကို စစ်သွေးကြွများ ပြန်လွှတ်

အီရတ်နိုင်ငံတွင်းက လွန်ခဲ့တဲ့ ၃ ပတ်က အစ္စလာမစ် စစ်သွေးကြွတွေက ဖမ်းဆီးထားခဲ့တဲ့ တူရကီ ကုန်ကားမောင်းသူ ၃၂ ယောက်ကို မနေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။ ကုန်ကားမောင်းသူ ၃၂ ယောက်ကို ကောင် စစ်ဝန်ချုပ်က လက်ခံခဲ့ပြီး တူရကီ အစိုးရက တခြား တာ့ခ်လူမျိုး တွေ ပြန် လွတ်ရေး သေသေချာချာ လုပ်နေ တယ်လို့ နိုင်ငံခြားရေး ၀န်ကြီး အာမတ် ဒါဗူတိုလူက တူရကီမြို့တော် အန်ကာရာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။အဗ်နာ

ဖမ်းထားသည့် တူရကီ ကားမောင်းသမား ၃၂ ဦးကို စစ်သွေးကြွများ ပြန်လွှတ

အီရတ်နိုင်ငံတွင်းက လွန်ခဲ့တဲ့ ပတ်က အစ္စလာမစ် စစ်သွေးကြွတွေက ဖမ်းဆီးထားခဲ့တဲ့ တူရကီ ကုန်ကားမောင်းသူ ၃၂ ယောက်ကို မနေ့က ပြန်လွှတ်ပေးလိုက်ပါတယ်

ကုန်ကားမောင်းသူ ၃၂ ယောက်ကို ကောင် စစ်ဝန်ချုပ်က လက်ခံခဲ့ပြီး  တူရကီ အစိုးရက တခြား တာ့ခ်လူမျိုး တွေ ပြန် လွတ်ရေး သေသေချာချာ လုပ်နေ တယ်လို့ နိုင်ငံခြားရေး ၀န်ကြီး အာမတ် ဒါဗူတိုလူက တူရကီမြို့တော် အန်ကာရာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တားကစ်ရှ် လေကြောင်းလိုင်းက လေယာဉ်တစီးဟာ အီရတ် ကာဒစ်စတန်ဒေသ မြို့တော် အာဘီကို ပျံသန်းသွားခဲ့ပြီး သူတို့ကို မနေ့ ညနေက တူရကီမြို့တော်အန်ကာရာကိုပြန်ခေါ်လာပါတယ်။ကျန်နေ သေးတဲ့ အထူးတပ်ဖွဲ့ဝင်စစ်သားတွေ၊ သံတမန်တွေနဲ့ ကလေးတွေ အပါအ၀င် တူရကီနိုင်ငံသား ၄၉ ယောက်ရဲ့ သတင်းကိုတော့ မကြားရသေးပါဘူး။

သူတို့ကို အီရတ်မြောက်ပိုင်း မိုဆူးလ်မြို့မှာ အယ်လ်ကိုင်ဒါအဖွဲ့ခွဲတခုဖြစ်တဲ့ အိုင်အက်စ်အိုင်အယ်လ် သူပုန်တွေက ကုန်ကားမောင်းသူတွေကို ဖမ်းအပြီး နောက်တနေ့ ဇွန် ၁၁ ရက်နေ့က ဖမ်းသွားခဲ့တာပါ။

အီရတ်နိုင်ငံတွင်း တူရကီနိုင်ငံသားအများအပြား အဖမ်းခံရမှုကြောင့် ၀န်ကြီးချုပ် တေယစ်အာဒိုဂံရဲ့ အစိုးရဟာ အန္တရာယ်ကို ကြိုမမြင်မှုနဲ့ မိုဆူးလ် ကောင်စစ်ဝန်ရုံးကို အမြန်နေရာရွှေ့ပြောင်းမှု မလုပ်နိုင်ခဲ့မှုအတွက် ဝေဖန်ပြစ်တင်ခံခဲ့ရပါတယ်။

တူရကီအစိုးရကတော့ အယ်လ်ကိုင်ဒါဂိုဏ်းခွဲ အိုင်အက်စ်အိုင်အယ်လ် သူပုန်တွေ ဖမ်းထားတဲ့ နိုင်ငံသားအယောက် ၈၀ ထိခိုက်မှုရှိခဲ့ရင် လက်တုံ့ပြန်မယ်လို့ သတိပေးခဲ့ပြီး နေတိုး ကာကွယ်ရေး မဟာမိတ်အဖွဲ့ကလည်း တူရကီအစိုးရရဲ့ တောင်းဆိုချက်ကြောင့် ဘရပ်ဆဲလ်မြို့မှာ အရေးပေါ် အစည်းအဝေး လုပ်ခဲ့ပါတယ်။

အီရတ်ရဲ့ အိုင်အက်စ်အိုင်အယ်လ် သူပုန်တွေက ဒီအပတ်ထဲမှာပဲ အီရတ်မြောက်ပိုင်းတလွှားကို အမြန်သိမ်းပိုက်နိုင်ခဲ့အပြီး အစ္စလာမစ်နိုင်ငံတော်တည်ထောင်ကြောင်း ကြေညာခဲ့ပါတယ်

REF; ဒီဗွီဘီ