အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား :
စနေနေ့

၅ ဇူလိုင် ၂၀၁၄

၁၀:၄၃:၃၆
621545

ဘာသာရေးကို နိုင်ငံရေးတွင် အသုံးပြုနေပြီလား

ဘာသာရေးကို နိုင်ငံရေးတွင် အသုံးပြုနေပြီလားသာသာရေးကို နိုင်ငံရေးတွင် အသုံးပြု နေပြီလား ဆိုသည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် စဉ်းစားမည့် ကိစ္စ ဖြစ်လာကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။

အဲဟ်လေ့ဘိုက်(သ) သတင်းဌာန၊အဗ်နာ
   
ဘာသာရေးကို နိုင်ငံရေးတွင် အသုံးပြုနေပြီလားသာသာရေးကို နိုင်ငံရေးတွင် အသုံးပြု နေပြီလား ဆိုသည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် စဉ်းစားမည့် ကိစ္စ ဖြစ်လာကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။

‘‘အဖွဲ့ချုပ်က ကြေညာချက် ထုတ်တယ်။ ထုတ်ထုတ်ချင်း အတုထွက်လာတယ်။ ဘာသာရေးကို နိုင်ငံရေးအရ သုံးနေပြီလားဆိုတာ အဖွဲ့ချုပ်အနေနဲ့ အများကြီးစဉ်း စားရမယ့် ကိစ ဖြစ်လာ တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၄ ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေး မစတင်မီ မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘ကြေညာချက်တစ်ခု ထုတ်တယ်ဆိုတော့ ဒါ ဘယ်သူထုတ်လဲတော့မသိဘူး။ အဖွဲ့ချုပ်ရဲ့ ကြေညာချက်ကို အတုလုပ်တာတော့ နိုင်ငံရေး တိုက်ခိုက်မှုပဲ ဘာသာရေးကို အသုံးပြုပြီး နိုင်ငံရေး လုပ်နေတာကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီဘူး။ လုပ်လည်း မလုပ်အပ်တဲ့ ကိစ္စဖြစ်တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က မီဒီယာသို့ ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်း အတွင်း မန္တလေး တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန် ခဲ့ရာတွင် ယင်းကြေညာ ချက်ကို ပြန်လည်ပြင် ဆင်ထားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တိုက်ခိုက်သည့်ကြေညာချက် အတုတစ်စောင် ထွက်ပေါ် လာခဲ့သည်။

By 7Day News