အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား :
တနင်္လာနေ့

၁၄ ဇူလိုင် ၂၀၁၄

၁၈:၅၀:၂၃
624013

တောင်အာဖရိက အကြီးဆုံးအလုပ်သမားသမဂ္ဂ ဆက်လက်သပိတ်မှောက်မည်

အလုပ်သမားသပိတ်တွေကြောင့် တောင်အာဖရိကနိုင်ငံရဲ့ တခြားစီးပွားရေးကဏ္ဍ တွေကိုပါ ဆင့်ကဲ ထိခိုက်နေပြီး တောင်အာဖရိကန်နိုင်ငံရဲ့ စီးပွားရေး ၁ ရက်ကို အမေရိကန်ဒေါ်လာ ၃ သန်းလောက် ထိခိုက်နေတယ်လို့ ဆိုပါတယ်။

အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။အဗ်နာ

တောင်အာဖရိက အကြီးဆုံးအလုပ်သမားသမဂ္ဂ ဆက်လက်သပိတ်မှောက်မည်

တောင်အာဖရိကနိုင်ငံရဲ့ အကြီးဆုံးအလုပ်သမားသမဂ္ဂကြီးဖြစ်တဲ့ တောင်အာဖရိကတ္တူတူးဖော်ရေးနဲ့ အင်ဂျင်နီယာလုပ်သားများသမဂ္ဂက လုပ်ခ ၁၀ ရာခိုင်နှုန်း တိုးပေးဖို့ ကမ်းလှမ်းချက်ကို လက်မခံသေးပဲ ဆက်လက်သပိတ်မှောက်သွားမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က ပြောဆိုပါတယ်။

သမဂ္ဂအထွေထွေ အတွင်းရေးမှူး အိုင်ရ်ဗင် ဂျင်မ်က သပိတ်မှောက်နေကြတဲ့ သမဂ္ဂ၀င် ၂ သိန်း ၂ သောင်းကျော်ကို ရက်အကန့်အသတ်မရှိ ဆက်လက်တိုက်ပွဲ ၀င်သွားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

အာဏာပိုင်တွေက အခုနှစ်ကစပြီး လုပ်ခ နှစ်စဉ် ၁၀ ရာခိုင်နှုန်းဝန်းကျင် တိုးသွားပေးဖို့ ကမ်းလှမ်းချက်ကို သမဂ္ဂက လက်မခံသေးပဲ နောက်ထပ် သမဂ္ဂ၀င် ၁ သိန်းကို သပိတ်ထဲ ပါဝင်လာဖို့ ခေါ်လိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အလုပ်သမားတွေ သပိတ်မှောက် ဆန္ဒပြနေကြတာ ၂ ပတ်ရှိပြီး ဖြစ်ပြီး ဒီမတိုင်ခင် တပတ်ကလည်း ပလာတီနမ်အလုပ်သမား သပိတ် ၅ လကြာ ဖြစ်ပွားခဲ့ပါသေးတယ်။

သပိတ်ကြောင့် တောင်အာဖရိကနိုင်ငံမှာရှိတဲ့ ဂျီအမ်ကားစက်ရုံ ပစ္စည်းပြတ်လပ်မှုဖြစ်ပြီး စက်ရုံလည်း ပိတ်ခဲ့ရပါတယ်။

အလုပ်သမားသပိတ်တွေကြောင့် တောင်အာဖရိကနိုင်ငံရဲ့ တခြားစီးပွားရေးကဏ္ဍ တွေကိုပါ ဆင့်ကဲ ထိခိုက်နေပြီး တောင်အာဖရိကန်နိုင်ငံရဲ့ စီးပွားရေး ၁ ရက်ကို အမေရိကန်ဒေါ်လာ ၃ သန်းလောက် ထိခိုက်နေတယ်လို့ ဆိုပါတယ်။

REF; ဒီဗွီဘီ