အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Yangon Media Group
ဗုဒ္ဓဟူးနေ့

၂၀ ဩဂုတ် ၂၀၁၄

၁၀:၁၀:၁၀
632331

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကူးစက်မြန် အီဘိုလာ ဗိုင်းရပ်စ် ရောဂါ သံသယရှိ လူနာတစ်ဦး စစ်ဆေးတွေ့ရှိ

အာဖရိက အနောက်ပိုင်း ဒေသရှိ နိုင်ငံများတွင် ကူးစက်မြန် အီဘိုလာ ဗိုင်းရပ်...စ်ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံအတွင်းသို့ အဆိုပါ ရောဂါ ကူးစက်ဝင်ရောက်မှု မရှိစေရေးအတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဆိပ်ကမ်းများ၊ နယ်စပ်ဖြတ်ကျော် ဝင်ပေါက်များတွင် အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါဖြစ်ပွားသော နိုင်ငံများသို့ ခရီးသွားလာမှုနှင့် လူနာနှင့် ထိတွေ့သော သံသယရှိသူများအား စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
နေပြည်တော် သြဂုတ် ၂၀

အာဖရိက အနောက်ပိုင်း ဒေသရှိ နိုင်ငံများတွင် ကူးစက်မြန် အီဘိုလာ ဗိုင်းရပ်...စ်ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံအတွင်းသို့ အဆိုပါ ရောဂါ ကူးစက်ဝင်ရောက်မှု မရှိစေရေးအတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဆိပ်ကမ်းများ၊ နယ်စပ်ဖြတ်ကျော် ဝင်ပေါက်များတွင် အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါဖြစ်ပွားသော နိုင်ငံများသို့ ခရီးသွားလာမှုနှင့် လူနာနှင့် ထိတွေ့သော သံသယရှိသူများအား စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ရောဂါ စောင့်ကြပ်ကြည့်ရှုရေး အဖွဲ့သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းဆောင်ရွက်စဉ် သြဂုတ်လ ၁၉ ရက်နေ့ ည ၈ နာရီအချိန်တွင် လေယာဉ် ခရီးစဉ်အမှတ် (8 M-332) ဖြင့် ထိုင်းနိုင်ငံမှ ရန်ကုန်မြို့သို့ လိုက်ပါလာသော မြန်မာနိုင်ငံသား ခရီးသည်တစ်ဦးသည် ကိုယ်အပူချိန် မြင့်တက်ခြင်း၊ ကိုယ်လက် နှုံးချိခြင်း စသည့် ရောဂါလက္ခဏာများ ခံစားနေရကြောင်း စစ်ဆေးတွေ့ ရှိခဲ့ပါသည်။

၎င်း၏ ခရီးသွား ရာဇဝင်အား စုံစမ်းခဲ့ရာ ၎င်းသည် ကူးစက်မြန် အီဘိုလာ ဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားနေသော အာဖရိက အနောက်ပိုင်း ဒေသ Guinea နိုင်ငံနှင့် Liberia နိုင်ငံများတွင် (၁၃) လခန့် အလုပ်လုပ်ပြီး မြန်မာနိုင်ငံသို့ ပြန်လာကြောင်း စုံစမ်းသိရှိရသဖြင့် ကူးစက်မြန် အီဘိုလာ ဗိုင်းရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်း လမ်းညွှန်အရ သံသယ လူနာအဖြစ် သတ်မှတ်၍ မြောက်ဥက္ကလာပ မြို့နယ်၊ ဝေဘာဂီ အထူးကုဆေးရုံကြီးသို့ လွှဲပြောင်းကုသခြင်းနှင့် ရောဂါထိန်းချုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ လူနာနှင့်အတူ လိုက်ပါပို့ဆောင်သူ (၄) ဦးတို့ကိုလည်း ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်း၍ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းနှင့် ဓါတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ဝေဘာဂီ အထူးကုဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီးနှင့် သမားတော်ကြီးများ ဦးဆောင်သော အဖွဲ့က လူနာအား သီးခြား ခွဲခြားထားရှိ စောင့်ကြပ်ကြည့်ရှုခြင်း၊ လိုအပ်သော ဓါတ်ခွဲ နမူနာများ ရယူ၍ ကူးစက်မြန် အီဘိုလာ ဗိုင်းရပ်စ်ရောဂါ ရှိ - မရှိ ဓါတ်ခွဲစစ်ဆေးနိုင်ရန် အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ရန်ကုန်) နှင့် ညှိနှိုင်း၍ အိန္ဒိယနိုင်ငံ၊ ပူးနေမြို့ရှိ ဗိုင်းရပ်စ် ဗေဒ ဓါတ်ခွဲခန်းသို့ ပေးပို့ စစ်ဆေးခြင်းတို့ကို စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ကူးစက်မြန် အီဘိုလာ ဗိုင်းရပ်စ်ရောဂါ ရှိ-မရှိ ဓါတ်ခွဲအဖြေအား တစ်ပတ်ခန့်ကြာမှသာ သိရှိနိုင်မည် ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေကြောင်းတာဝန်ခံနှင့် ဆက်သွယ်၍ သံသယရှိ လူနာစီးနင်း လိုက်ပါလာသော လေယာဉ်အား ရောဂါပိုး သန့်စင်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် လေဆိပ်ဝန်ထမ်းများ၊ လေဆိပ်အတွင်း ပစ္စည်းများ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းတွင် တာဝန်ယူ ဆောင်ရွက်နေသူများအား ရောဂါကူးစက်မှု မရှိစေရေးအတွက် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ခြင်း၊ လေဆိပ်အတွင်း Conveyor Belt ရောဂါပိုး သန့်စင်ခြင်း လုပ်ငန်း ဆောင်ရွက်ခြင်း၊ လေဆိပ် လူဝင်မှု ကြီးကြပ်ရေး ဌာနနှင့် အကောက်ခွန်ဦးစီးဌာနရှိ တာဝန်ခံများနှင့် အခြားဝန်ထမ်းများအား ဆက်သွယ်၍ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

(သတင်းစဉ်)

Ref : Hmuu Zaw