အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အကိုး အကား : ABNA သတင်းဌာန
တနင်္လာနေ့
၂၂ စက်တင်ဘာ ၂၀၁၄
၁၈:၀၂:၅၁
639497
တရားမ၀င်ဆက်သွယ်မှုများသည် အိမ်ထောင်ပြု၊ လက်ထပ်ထိမ်းမြားမှုများ၌ လျော့ကျ၊ ကျဆင်းမှု၏ အဓိက အရေးကြီး အကြောင်းခံ တစ်ခုဖြစ်လေသည်။
အမှန်တကယ် လက်ရှိ လူမှုဘ၀ တည်ဆောက်မှု၊ လူနေမှု ပတ်ဝန်းကျင်၊အသိုင်းအ၀ိုင်း အများနှင့် လုပ်ရမည့်ဘ၀၏ မြောက်မြားစွာသော အစိတ်အပိုင်းများသည် သဘောသဘာဝနှင့် စစ်မှန်သည့် ဘ၀ မဟုတ် တော့ချေ။ (ပြောင်းလဲသွားလေပြီ။) ၄င်းတို့အနက်မှ နမူနာသာဓကတစ်ခုမှာ လက်ထပ်ထိမ်းမြားမှု အလွန်တရာ ကျဆင်းလျော့နည်းသွားခြင်းနှင့် လူငယ်လူရွယ် များအနေဖြင့် သဘာဝ နှင့် ဆန့် ကျင်သည့် ဘ၀ ( လူပျို လူလွတ်၊ အိမ်တောင်မရှိသည့် ဘ၀) ကို အလေးပေးလာခြင်း ဖြစ်ပေသည်။အောက်ပါ အတိုင်း ဆက်လက် လေ့လာ နိုင်ပါသည်။
    အမှန်တကယ် လက်ရှိ လူမှုဘ၀ တည်ဆောက်မှု၊ လူနေမှု ပတ်ဝန်းကျင်၊အသိုင်းအ၀ိုင်း အများနှင့် လုပ်ရမည့်ဘ၀၏ မြောက်မြားစွာသော အစိတ်အပိုင်းများသည် သဘောသဘာဝနှင့် စစ်မှန်သည့် ဘ၀ မဟုတ် တော့ချေ။ (ပြောင်းလဲသွားလေပြီ။)
    လက်ထပ် ထိမ်းမြားမှု၊ မင်္ဂလာဆောင်မှု လျော့ကျခြင်း၊ နည်းပါးခြင်း နှင့် လူပျိုလူလွတ်၊ အိမ်ထောင်ဖက်မဲ့သူ များပြားကျယ်ပြန့်လာ သည်နှင့်အမျှ မျိုးဆက်သစ် ဖြစ်ပွားမှုကိုလည်း အဟန့်အတားပြုနေကြောင်း ကျွန်တော် အနေ ဖြင့် အစီရင်ခံရေးသားတင်ပြထားပြီး ဖြစ်ပေသည်။
    (ဤသို့ဖြင့် မနုဿလူသား အနေဖြင့်) မည်သည့်တာဝန်၊ ၀တ္တရားကို ထမ်းဆောင်ဖို့ ခံစားချက်ပင် မရှိတော့ချေ။ ပတ်ဝန်းကျင်လူ့အသိုင်းအ၀ိုင်းနှင့် အဆက်အသွယ်ဖြတ် ဝေးကွာသွားကြလေသည်။ လူအပေါင်းအသင်းများနှင့် စုပေါင်း၍ ဘ၀တည်ဆောက်မှု၊ ပတ်ဝန်းကျင်နှင့် နေထိုင်မှုကို ဥပေက္ခာပြု မထေမဲ့မြင် မြင်ပြုလာကြလေသည်။ (ဤအချက်အလက်၊ လက္ခဏာများ သည်) အိမ်ထောင်မရှိသည့် လူပျိုလူလွတ်များ၏ဘ၀၌ လုံးဝတွေ့ရသည့် လက္ခဏာများပင်တည်း။
    လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းအတွက် ကြီးမားသော ရောဂါ ပြဿနာ တစ်ခုဖြစ်ပေ သည်။ ကျွန်တော်အနေဖြင့် အိမ်ထောင်မပြုရသေးသူ လူပျို၊ လူလွတ်အများဆုံး ကျူးလွန်နေသည့် စာရိတ္တချို့ယွင်းပျက်ပြား ပျက်စီးမှု များ၊ မကောင်းမှုများ ဆွေးနွေးမှုတွင် ထည့်သွင်းဖော်ပြမည်ဆိုလျှင် ဤလူမှုရေး ဆိုင်ရာ အခက်အခဲ၊ အကြပ်အတည်း ပြဿနာများ အရေးကြီးမှု ပိုမို၍ ထင်ရှား သွားပေမည်။
    လက်ရှိ လက်တလော စာရှုသူ လူကြီးမင်း အပေါင်းတို့အား လူမှု ပတ် ၀န်းကျင်အတွက် အန္တရာယ် ပြဿနာကို ဖြစ်စေသည့် အခြေခံ အကြောင်း တရားများ ဖက်သို့ မီးမောင်းထိုးတင်ပြပါမည်။
    ဤအန္တာရာယ် ပြဿနာ အကြောင်းခံများမှာ တစ်ခုနှစ်ခုတည်း ပေါ်ပေါက်လာခြင်း မဟုတ်သည့် ဆိုသည့် အချက်မှာ ငြင်းမရအောင် မှန်ပါသည်။ သို့သော် ၄င်းမြောက်မြားစွာသော အခြေခံ အကြောင်းတရားများ၊ အခြားအကြောင်းခံတရားများထက် အလွန်တရာ အရေးပါ အရာရောက်သည့် အကြောင်းခံတစ်ရပ်ဖြစ်ပါသည်။
    ထိုအကြောင်းတစ်ရပ်မှာ (တရားမ၀င် ဆက်သွယ်မှုများ ဖြစ်ပွားလာ ခြင်း) ပင်ဖြစ်ပါသည်။
    အကြောင်းမှာ -
    အမျိုးသမီးများ၊ မိန်းမများ နှင့် အလွယ်တကူ ဆက်သွယ်နိုင်မှု ကြောင့်ဖြစ်လေသည်။ ဤအတွက်ကြောင့်လည်းမိန်းမများသည် (ယခုခေတ်) လူငယ်လူရွယ်အမြောက်အမြားတို့၏အမြင်၌သိက္ခာမရှိသူ၊တန်ဖိုးမရှိသည့်အရာ၊ယုတ်စွအဆုံး တစ်ခါတစ်လေ “ အလကားရသည့် ပစ္စည်း၊အခမဲ့ရသည့် ပစ္စည်း ” ပမာဖြစ်နေပြီး အလွယ်တကူ နှင့် ဆွတ်ခူးရယူကြလေသည်။
    ဤ အတွက်ကြောင့်လည်း အတိတ်က ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း တွင် လူငယ်လူရွယ်များကို ဆွဲဆောင်စိတ်ဝင်စားစေခဲ့သည့် အမျိုးသမီးများ၏ တန်ဖိုး၊ အရှက်သိက္ခာ၊ အိနြေ္ဒ၊ အဆင့်အတန်း ပျက်စီးခဲ့ရလေပြီ။ ထို့ပြင် (ဤအဆင့်အတန်းပိုင်ရှင် မလေးများကို) ပိုင်ဆိုင်ဖို့ ကြီးမားသည့် ကြိုးပမ်းမှုနှင့် စတေးမှုကို လူငယ်လူရွယ်များ အနေဖြင့် ပြုခဲ့ရပါသည်။ (သို့သော်) အားလုံး ပျက်စီးရေစုံ မျောသွားရလေပြီ။
    ယနေ့မျက်မှောက်ခေတ်၌ အမျိုးသမီးများ၏ မလုံမခြုံ ဟိုပေါ်ဒီပေါ် ၀တ်စားဆင်ယင်မှု ပေါများလာသည်နှင့် အမျှ မကောင်းမှု ဒုစရိုက်၊ စာရိတ္တ ပျက်ပြားလာမှုသည်လည်း တိုးပွားလာလေသည်။
    အကယ်၍ ဤလုပ်ရပ်အား အစပထမကတည်းက သတိပြုသူ၊ ဂရုပြု သူများ၏ စိတ်ဝင်စား အာရုံထားခြင်းခံရမည်ဆိုလျှင် နောက်ဆုံးရလာဒ် အဖြေမှာရှုပ်ထွေးပွေလီသည့်ပြဿနာများနှင့်အမျိုးသမီးများ၏တန်းဖိုးကျမှုကိုလျော့နည်းစေမှာဖြစ်ပါသည်။ပြီးနောက်အမျိုးသမီးများ မျှော်လင့်ထားသည့် အတိုင်းဖြစ်လာမည်ဖြစ်ပေသည်။
    ဤ အထောက် အထားကြောင့် အတိတ်ခေတ်ကာလ၌ နေကာဟ် နှင့် အက်ဒ် (တရားဝင် နေကာဟ်ဖြစ်ရန် ရှရီအသ် မှ သတ်မှတ်ထားသည့် ၀ါကျကို ရွတ်ဆိုခြင်း) တို့၏ရှေ့ပြေးဖြစ်သည့် သန့်ပြန့် သန့်စင် စင်ကြယ်သည့် “အချစ်” “မေတ္တာ” သည် ယနေ့ခေတ်ကာလတွင် မည်သည့် အာနိသင် အစွမ်းမျှ မရှိတော့ချေ။
    အကြောင်းသည်ကား - မနုဿ ပုထုဇဉ် လူသားသည် အမြဲတမ်း လွယ်လွယ်နှင့် မရသည့် အရာကိုသာလျှင် တန်ဖိုးထားချစ်ခင်မြတ်နိုး တတ်ကြလေသည်။
    အားနည်းသည့် အရာတစ်ခု၊ အလကားအခမဲ့၊ တန်ဖိုးမဲ့သည့် အရာကို မနုဿ လူသားအနေဖြင့် ချစ်ခင်မြတ်နိုးခြင်းသည် အဓိပ္ပာယ်မရှိချေ။ ဤအချစ်သည်  (အချစ်မီး (ခ) တဏှာမီး) ပင်တည်း။
    အခြားတစ်ဖက်၌လည်း မြောက်မြားစွာသော ဒုစရိုက်သမား၊ ကလေကချေ ၊ အုတ်ကြားမြက်ပေါက် ယဉ်ကျေးမှုမရှိ တဏှာရူးများ အနေဖြင့် ပြောကြားလေသည်။
    “ အမျိုးသမီးတစ်ယောက်ကို ပိုင်ဆိုင်ဖို့၊ ရယူနိုင်ဖို့ ယောင်္ကျား တစ်ယောက်အနေဖြင့် ထောင်ပေါင်း များစွာသော (စည်းမျဉ်း၊ စည်းကမ်းများ၊ တာဝန်ဝတ္တရားများ) ကို လက်ခံပြီး လက်ထပ် ထိမ်းမြားပြီးယူဖို့ ဘာအရေးကြီး လို့လဲ၊ (ဘာအလုပ်ရှုပ်ခံမှာလဲ) တကယ်ဆို ဒီလို စည်းမျဉ်း စည်းကမ်း၊ တာဝန် ၀တ္တရားတွေကို လက်ခံဖို့ တာဝန်ယူဖို့မလိုဘဲ မိန်းမအမြောက်အမြားကို ဖန်တီးနိုင်ပါတယ်…”
    ဤကဲ့သို့ပြောရခြင်းမှာဤပုဂ္ဂိုလ်များသည် လိင်နှင့်စာရိတ္တပျက်ပြားမှု တို့၏ ရလာဒ်အကျိုးဆိုး၊ ဒုက္ခဆိုးများကို မသိသောကြောင့်ပင်ဖြစ်ပေသည်။
    ဤ အတွက်ကြောင့်လည်း ဤ ကဲ့သို့သော ပုဂ္ဂိုလ်များသည် ဘ၀ တစ်ခုလုံး(သို့မဟုတ်) ဘ၀၏ အချိန်တော်တော်များများကို လူပျိုလူလွတ်ဘ၀ ဖြင့် ကုန်စေလေသည်။
    အထက်ဖော်ပြပါ ဖြစ်ရပ်မှန် (တရားမ၀င် ဆက်သွယ်မှုများ လွယ်ကူ ပေါများလာခြင်း) ကို ဂရုပြုမည်ဆိုလျှင် လက်ထပ်ထိမ်းမြားမှု လျော့နည်း ခြင်း၏ အကြောင်းတရားလုံးဝ ရှင်းလင်းထင်ရှားသွားပေမည်။ ဤ အတွက် ကြောင့် အနောက်တိုင်း ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွင် မည်သည့်စည်းမျဉ်း စည်းကမ်း အကွပ်အထိန်းမျှ မရှိချေ။ ဤကဲ့သို့ (တိရိစ္ဆာန်များနည်းတူ) လွတ်လပ်မှု အမြောက်အမြားကို မြင်နိုင်ပေသည်။
    သို့ဖြစ်ပါ၍ အိမ်ထောင်ပြုထိမ်းမြားခြင်းသည်လည်း အများအပြား နည်းရလေသည်။ အကယ်၍ လက်ထပ်ထိမ်းမြား အိမ်ထောင်ပြုလျှင်လည်း အသက်ရပြီး အသက်ကြီးမှ ပြုကြလေသည်။ အမှန်တကယ် ဤအသက်ကြီး မှအိမ်ထောင်ပြုခြင်းများ သည်လည်း အရသာသိပ်မရှိတော့ချေ။ ရက်ကြာ ရှည်မခံ တော့ချေ။ ယေဘုယျ အားဖြင့် အသေးအဖွဲ ကိစ္စလေးကို အကြောင်း ပြုပြီး တစ်ခါတစ်ရံ နောက်ရင်း ပြောင်ရင်း ကွဲသွားပြတ်စဲသွား ကြလေသည်။