အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA သတင်းဌာန
တနင်္လာနေ့

၂၂ စက်တင်ဘာ ၂၀၁၄

၁၈:၁၅:၃၄
639499

အစ္စလာမ် ဘာသာရေးကိစ္စ အတွက် စဉ်းစားစရာ ….

ကိုယ်တော်မြတ် (ဆွ) အပေါ် စလ်ဝသ်(ခ)ဒရူးဒ် ရှရီးဖ် ပို့ကြပါ။ဂိုနာတွေရှောင်ကြပါ…ကောင်းတာတွေလုပ်ကြပါ …. စသည်ဖြင့် မိမိအဆင့်အရတော့ အဆင်ပြေတာပေါ့ … အဆင့် ကျော်ပြီး …ကိုယ်က အာလင်မ် မဟုတ်ဘဲ …… ရှီအာ က လိုင်းကြောင် လိုင်းမှား … ကာဖေရ် … စုံလို့ ဟိုဖေရ်ကာက ဘာဖြစ်တယ် ဒီဖေရ်ကာက ဘာဖြစ်တယ်တော့ မလုပ်သင့်..မရေးသင့် ..မတင်သင့်ဘူးပေါ့ …. ဒါကြောင့် ရှီအာ ကာဖေရ်၊လိုင်းကြောင်၊လိုင်းမှား ဘာညာဆိုလျင် ယောက်ကျားပီပီ မိမိဟာဘယ်ဖေရ်ကာ၏အာလင်မ်ပါ… ဘယ်နိုင်ငံသာသနာ့ကျောင်းဆင်းပါ … မြန်မာအမည်ကတော့ ဘာပါ…အစ္စလာမ်အမည်ကတော့ဘာပါ လိပ်စာတော့ ဒါပါလို့ ကြေငြာပြီး အေးချမ်းစွာ ယဉ်ကျေးစွာ ဆွေးနွေးဖို့ဖိတ်ခေါ်အပ်ပါတယ်……

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

====================


fb ပေါ်မှာ ….လူတွေ၏ အချစ်ထက်  အလ္လာဟ် ဟိုအရှင်မြတ်၏ ချစ်ခြင်းကို ရဖို့အတွက် အရေးကြီးတယ်လို့  မီးကုန်ရမ်းကုန် အော်နေ…ရေးနေလို့ … တင်နေလို့ မြတ်အလ္လာဟ် ၏ အချစ်ကို ကိုယ်ကိုတိုင်ရော တခြားမွတ်စလင် အီမာန်ရှင် ညီအစ်ကိုမောင်နှမတွေကော် ရမှာမဟုတ်ဘူးလေ …..
မြတ်အလ္လာဟ် အချစ်ရအောင် ဘာတွေလုပ်ရမယ် …. အလ္လာဟ်ချစ်တဲ့သူတွေကဘယ်သူတွေလဲ …. ဘယ်လိုဂုဏ်အင်္ဂါတွေရှိတယ် စသည်ဖြင့် သိအောင်ကြိုးစားဖို့လိုပါတယ် …..           
ကြိုးစားတဲ့အချိန်မှာလည်း ကိုယ်အထင်ကိုပြောမဲ့အစား၊ရေးမဲ့အစား ကျမ်းတော်မြတ် ကုရ်အာန် ၊ စစ်မှန်သည့် ဟဒီးစ်တော်များ ၊ စစ်မှန်သည့် အကျော်အမော် ဆိုင်ရာဆိုင်ရာ အိုလမာ များ ရေးသားထားသည့် ကျမ်းအကိုး အကားတော့လိုတာပေါ့ … အတိအကျ ကိုးကားရေးပြပေါ့ ….
ဒီလို့ရေးသားတင်ပြနိုင်ဖို့ တခါ အရဘီ၊ဖွာရစီ၊အူရ်ဒူစကားကျွမ်းကျင်ဖို့လိုပါတယ် … အင်္ဂလိပ် စကားတတ်တော့လည်းမဆိုးပါဘူး….အကြောင်းက အစ္စလာမ်ဘာသာရေးစာအုပ်      အများစု ၉၈ % ကို အရဘီ၊ဖွာရစီ၊အူရ်ဒူဘာသာစကားမှ အင်္ဂလိပ် ဘာသာစကား သို့ ဘာသာပြန် ဆိုထားရလို့ပါဘဲ…
အစ္စလာမ်သာသနာတော်၏ စကား အစစ်က အရဘီလေ…ဒါကြောင့် ကျမ်းမြတ်ကုရ်အာန်က အရဘီလိုနာစေလ်ဖြစ်ခဲ့တာပေါ့ … နောက် ထိပ်တန်းအကျော်အမော် အကာဗေရ် အိုလမာကြီးတွေက လည်း ဖွာရစီ အူရ်ဒူဘာသာနဲ့ ကျမ်းဂန်အမြောက်အများရေးသားပြုစုထားခဲ့ တယ်လေ..ပြုစု တုန်းလေ… နောက် အဲဒီဖွာရစီ၊အူရ်ဒူ ဘာသာစကားနဲ့  အရဘီက နေဘာသာပြန်ခဲ့ …ပြန်နေကြ တယ်လေ ..
ဒီတော့ဗျား … ဒီဘာသာစကားရပ်တွေကို အသေအချာမကျွမ်းဘဲ …မတတ်ဘဲ ရေးမယ်… တင်မယ် …နောက် စစ်မှန်သည့် အစ္စလာမ် ဘာသာရေးတက္ကသိုလ်တစ်ခုခု တက်ဖို့မပြောနဲ့ …. စစ်မှန်သည့် တက္ကသိုလ်အနည်းဆုံးတစ်ခုလောက်တော့ ဘယ်မှာ ရှိမှန်းတောင်မသိဘဲ …မတွေ့ ဖူးဘဲရေးလို့တင်လို့ကတော့ …ကိုယ်တိုင်လည်း …အင်ဟေရာဖ်(انحراف ) ဖြစ်မယ် ….အခြားသူတွေ ကိုလည်း … အင်ဟေရာဖ်လုပ်ရာရောက်မည် ဖြစ်ပါတယ် …. ဒါကြောင့် မိမိတာဝန်မဟုတ်သည့် တာဝန်တွေကို နေရင်ထိုင်ရင် သွားမယူမိဖို့ အထူးသတိရှိပါလေ …..
အခုလိုမကျွမ်းကျင်သူတွေက ဝင်ရောက် ပြီးကလောင်ကိုင်တော့ အစ္စလာမ်သာသနာ အတွက် ပြဿနာတွေဘဲ  ဖြစ်လာတယ်လေ ….. ဒါကြောင့် လူကြီးတွေက ((ဖွတ်မိကျောင်းဖြစ်… မြစ်မခံသာလို့ ))ဆိုခဲ့ကြတာကို ……  ဖွာရစီ …အူရ်ဒူစကားပြောအာလင်မ်တွေကတော့ …..
نیم حکیم خطره جان ... نیم ملا خطره ایمان  လို့ ဆိုခဲ့ကြတာပေါ့ …
တရားဝင်ဒေါက်တာဘွဲ့ မရဘဲ … လူနာမကုရဲ့ကြဘူး… တရားဝင်ဒေါက်တာဘွဲ့ရပြီး တောင်မကျွမ်းကျင်သေးရင် … အတွေ့အကြုံမရင့်ကျက်သေးရင် …. ကျွမ်းကျင်တဲ့ အခြားဝါရင့် ဒေါက်တာကြီးတွေ၏ အကူအညီလမ်းညွန်မှု မပါရင် …လူနာမကုရဲ့ကြဘူး…..တော်ကြာလူသတ်မှုနဲ့ တရားအစွဲခံရမှာကြောက်လို့ ….
ဘာလို့ ဘာသာရေးကိစ္စကြတော့ ကုရ်အာန်အယာတ်တောင်ဖြောင့်အောင်မဖတ်တတ် …အရဘီ၊ဖွာရစီ၊အူရ်ဒူစကားဆိုင်ရာ မသ်န်(متن)တို့ အေဗာရာသ်(عبارت)တို့ တောင်ဖြောင့်အောင် မှန်အောင်မဖတ်တတ်ဘဲ …   اصطلاح ، تعبیر، نقل وقول ، انشاء و တွေနားမလည် မသိဘဲ …. ဘယ်တရားဝင် အစ္စလာမ်တက္ကသိုလ်တစ်ခုခုက တရားဝင်စနဒ်မရဘဲ …. ဝင်ရှုပ်ကြ…ဝင်ရေးကြ … တရားလမ်းပြကြလည်းမသိဘူး ဗျား…. အလွန်ရင်လေးစရာတွေပါလား …..
ပိုရှင်းအောင်ပြောရလျှင် ဘိုင်တို့ နမာဇ်ဖတ်ကြပါ …

ကိုယ်တော်မြတ် (ဆွ) အပေါ် စလ်ဝသ်(ခ)ဒရူးဒ် ရှရီးဖ် ပို့ကြပါ။ဂိုနာတွေရှောင်ကြပါ…ကောင်းတာတွေလုပ်ကြပါ …. စသည်ဖြင့် မိမိအဆင့်အရတော့ အဆင်ပြေတာပေါ့ … အဆင့် ကျော်ပြီး  …ကိုယ်က အာလင်မ် မဟုတ်ဘဲ ……
ရှီအာ က လိုင်းကြောင် လိုင်းမှား … ကာဖေရ် … စုံလို့                           

ဟိုဖေရ်ကာက ဘာဖြစ်တယ် ဒီဖေရ်ကာက ဘာဖြစ်တယ်တော့ မလုပ်သင့်..မရေးသင့် ..မတင်သင့်ဘူးပေါ့ ….
ဒါကြောင့် ရှီအာ ကာဖေရ်၊လိုင်းကြောင်၊လိုင်းမှား ဘာညာဆိုလျင် ယောက်ကျားပီပီ မိမိဟာဘယ်ဖေရ်ကာ၏အာလင်မ်ပါ… ဘယ်နိုင်ငံသာသနာ့ကျောင်းဆင်းပါ … မြန်မာအမည်ကတော့ ဘာပါ…အစ္စလာမ်အမည်ကတော့ဘာပါ လိပ်စာတော့ ဒါပါလို့ ကြေငြာပြီး အေးချမ်းစွာ ယဉ်ကျေးစွာ ဆွေးနွေးဖို့ဖိတ်ခေါ်အပ်ပါတယ်…… ရှီအာဖက်ကနေဆွေးနွေးမဲ့ အာလင်မ်လည်းဒီအတိုင်း ကြေငြာပေးပါမယ် …
သို့မဟုတ်ပါက မိမိအဆင့်နှင့် အညီသာ ရေးကြတင်ကြပါ ….
ကိုယ်တော်မြတ် (ဆွ) နှင့် ကိုယ်တော်၏နောက်လိုက် အစစ်တွေ ၏တိကျ မှန်ကန်သည့် သမိုင်းကို လေ့လာကြည့်ပါ… စစ်ကို ဘယ်တော့မှ …. သူတို့တွေဖက်က မစခဲ့ကြဘူး …စလာလျင်လည်း ခုခံတော်လှန် ခဲ့ကြတယ်လေ……
ကျေးဇူးပြုပြီး ဘာသာရေးဆိုင်ရာ ဖေသ်နေ (فتنه) မလုပ်ကြပါနဲ့ ဖေသ်နေဟာ လူသတ်မှုထက်အပြစ်ကြီးတာ ကျမ်းတော်မြတ်ကုရ်အာန် ကိုနားလည် သဘောပေါက်သူတွေ သိပါတယ် …. ခင်ဗျား…
ဟေဒါယသ်ရပါစေ
حوزه علمیه قم
انجمن فرهنگی حضرت معصومه (ع) میانمار