အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA သတင်းဌာန
တနင်္လာနေ့

၂၂ စက်တင်ဘာ ၂၀၁၄

၁၈:၅၄:၀၆
639507

စာရိတ္တပျက်ပြားမှုနှင့် မကောင်းသည့် နေရာများ၏ရလာဒ်

အထက်ဖော် ပြမှု အပြင် ဤအဖြစ်အပျက်သည်လည်း တင်ပြ သီကုံး သင့်ပေသည်။ လူပျို လူလွတ်ဘ၀ကို အိမ်ထောင်သည် ဘ၀ထက် ဦးစားပေး အလေးထားသည့် အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်ကို ကြည့်မည်ဆိုလျှင် အမြဲတမ်း ၄င်းတို့ထံ၌ ညစ်ပတ်ပြီးပုပ်ပွ နေသည့် အနာရှိလေသည်။ (ထိုအနာအား) ကျွန်ုပ်တို့ အနေဖြင့် ပြည့်တန်ဆာ များနေရာ ဗဟိုဌာနချုပ်များ “ မြို့သစ် ” ဟု ခေါ်ဆိုနိုင်ပေသည်။ဆက်လက် ပြီး အောက်ပါအတိုင်း လေ့လာ နိုင်ပါသည်။

   
          အထက်ဖော် ပြမှု အပြင် ဤအဖြစ်အပျက်သည်လည်း တင်ပြ သီကုံး သင့်ပေသည်။ လူပျို လူလွတ်ဘ၀ကို အိမ်ထောင်သည် ဘ၀ထက် ဦးစားပေး အလေးထားသည့် အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်ကို ကြည့်မည်ဆိုလျှင် အမြဲတမ်း ၄င်းတို့ထံ၌ ညစ်ပတ်ပြီးပုပ်ပွ နေသည့် အနာရှိလေသည်။ (ထိုအနာအား) ကျွန်ုပ်တို့ အနေဖြင့် ပြည့်တန်ဆာ များနေရာ ဗဟိုဌာနချုပ်များ “ မြို့သစ် ” ဟု ခေါ်ဆိုနိုင်ပေသည်။


    ဤ နေရာများသည် အိမ်ထောင်ပြုခြင်း၊ လက်ထပ်ထိမ်းမြားခြင်းကို လျော့ကျပေသည်။ အရေးကြီး အကြောင်းခံတစ်ရပ် ဖြစ်သည်နှင့်အမျှ သိက္ခာရှိ ဂုဏ်သရေရှိ မိသားစုများ၏ အရှက် ဂုဏ်သိက္ခာကိုလည်း ကျစေ ကွဲစေ လေသည်။

    ဤကဲ့သို့သော ညစ်နွမ်း၊ ညစ်ညမ်းသည့် ပြည့်တန်ဆာများ၊ မကောင်းသည့် အမျိုးသမီးများ ကြင်လည်ရာနေရာများကို မကောင်းသည့်၊ မသန့်စင်သည့် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတိုး၌ တွေ့နိုင်ပေသည်။ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း သည် ကောင်းသည့်စာရိတ္တ အကျင့်စရိုက် မရှိ ကြောင်း သက်သေထူနေပေသည်။ ကာမပျက်ပြားမှုနှင့် မကောင်းသည့်နေရာ များသည် ပြဿနာများကို ပြန့်ပွားလာခြင်းနှင့် ရုပ်နှင့်နာမ်ကို ရောဂါဖြစ်စေ သည် ဆိုသည့် အချက်လေးဖြစ်စေ မလေ့လာသင့်ချေ။ ထိုနည်းတူစွာ လက်ထပ်မင်္ဂလာကို လျော့ကျစေခြင်းနှင့် လူငယ်လူရွယ်များကို လူပျိုလူလွတ် ဘ၀သို့ ပို့ပေးသည်ဟု သည်အချက်လေးနှင့်လည်း မတင်းတိမ်သင့်ချေ။

    အမှန်တကယ် ဤအကြောင်းအရာတချက်ခြင်း အတွက် များများ လေ့လာသင့်ပေသည်။ ထို့ပြင်မကောင်းသည့် နေရာများ၌ မိမိခန္ဓာကိုယ်ဖြင့် ရင်းနှီးလုပ်စားသည့် ပြည့်တန်ဆာမများ အကြောင်း စိစစ်လေ့လာမှုကို အသေအချာ အသေးစိတ် အလေးပေးပြီး လေ့လာစိစစ်သင့်ပေသည်။

    ဤအကြောင်းအရာကိစ္စကို အသေးစိတ်လေ့လာပြီးသော ပုဂ္ဂိုလ်များ အနေဖြင့်လည်း မိမိတို့ ကျယ်ပြန့်လှသည့် သုတေသီ ပြုမှုနှင့်အတူ စာအုပ်များ ရေးသားသီကုံးခဲ့ကြလေသည်။

    ဤ ကဲ့သို့သော် မကောင်းသည့် အမျိုးသမီးများမှ တဆင့် ကြောက်စရာ အကောင်းဆုံး အန္တရာယ်၊ အကြီးမားဆုံး AIDS ရောဂါကို ဖြစ်စေ၊ကူးစေကြောင်းတညီ တညွတ်တည်း ၀န်ခံရေးသားထားကြလေသည်။

    ဤ ကဲ့သို့ မသန့်မိန်းမများ၊ အောက်တန်းကျသည့် မတတ်နိုင်ရှာကြ သည့် မိန်းကလေးများသည် အမြဲတမ်းခေါင်းမှ ခြေအထိ အကြွေးများ၌ နစ်မွန်း နေကြလေသည်။ နေနှင့်ည သူစိမ်း (တရားမ၀င်) ယောင်္ကျားများ၏ လိုအင် ကာမဆန္ဒ နှင့် အရသာကို ဖြည့်တင်းပေးရန် အတွက် ဖယောင်းတိုင်လေးပမာ (မိမိတို့၏ဘ၀ကို) လောင်ကျွမ်းနေစေရလေသည်။

    နောက်ဆုံး (မိမိဘ၀အဆုံးခရီးအဖြစ်) အလွန်ဆိုးရွားသည့် အခြေ အနေအဖြစ် လူ့အသိုင်းအ၀ိုင်းက လက်မခံသည့် ထောင့်တစ်နေရာတွင် သွားရောက်ဘ၀ တည်ဆောက်ပြီး သေဆုံးရလေသည်။ တစ်ခါတစ်လေဆို လျှင်၎င်းပြည့်တန်ဆာမများ၏ အလောင်းကိုပင် မြေမြှုပ်၊ ဒဖှ်နာပြုပေးမည့်သူ၊ သင်္ဂြုံဟ်ပေးမည့်သူ တစ်ယောက်မျှပင် မတွေ့ရချေ။

    မည်သည့် အသိဥာဏ်နှင့် Logic အရ လက်ခံနိုင်ပါ သနည်း?
အကြောင်းမှာ …..

    လူ့အခွင့်အရေး၊ ကျွန်စနစ်ပပျောက်ရေးလို့ ကြွေးကြော်အာမခံ နေသည့် ဤခေတ်ကာလ၌ ကျွန်တော်တို့၏ ပတ်ဝန်းကျင်၌ မြောက်များစွာ သောကျွန်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ခံစားနေသူများကို မြင်တွေ့ ရနိုင်ပေသည်။ မည်သူမျှ ၄င်းတို့ လွတ်မြောက်ရန် ခြေလှမ်း မလှမ်း ကြချေ။

    (ကျွန်စနစ်များမှ တစ်ခုမှာ ပြည့်တန်ဆာ မိန်းမများကို ငွေပေးပြီး အသုံးပြုခြင်း၊ ၄င်းတို့အား ငွေရနိုင်သည့် အခြား သမာအာဇီဝ ကျသည့် အလုပ် များမပေးခြင်း၊ ပြည့်တန်ဆာခန်းများ၊ ဟိုတယ်၊ မိုတယ် များသည် မိန်းကလေး များ ခန္ဓာကိုယ် ရောင်းစားဖို့၊ မိမိအရှက် အင်္ဂါကို လူတကာကို ပေးဖို့ အသင့် ဖြစ်စေပြီး မဏိကာ ဖြစ်သည့် နိုက်ကလပ်များကို ဖွင့်ထားခြင်း စသည်တို့လည်း အဓိကနေရာမှ ပါဝင်ပေသည်။) (ဘာသာပြန်ဆိုသူ)

    သို့သော် ၀မ်းနည်းစရာ အချက်ပင်တည်း ….. မြောက်များစွာသော ဤကဲ့သို့ မကောင်းသည့် နေရာများကို ယနေ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း များအနေဖြင့် တမင်တကာသိလျှက် တရားဝင် ကိုင်သည့် အခြေအနေထိ တွန်းပို့လက်ခံလိုကချေပြီ။ ဤ အတွက်ကြောင့်လည်း တရားမ၀င် ကာမ ဆက်ဆံမှုများ လွယ်ကူပေါများမှုကို ဖန်တီးပြီးသား ဖြစ်သွားလေသည်။

    ဤအတွက်ကြောင့်လည်း မကောင်းသည့် အကျင့်ပျက် ပတ်ဝန်း ကျင်နှင့် အမှိုက်နွံ တွင် နစ်နေသည့် မိန်းကလေးများသည် တရားမ၀င် ရှရီအသ် ကို ဆန့်ကျင်သည့် ပေါင်းသင်းဆက်ဆံမှုများ၏ ရလာဒ်(ဆိုး) အဖြစ် တဆင့်ပြီးတဆင့် ဤမကောင်းသည့် နေရာသို့ ရောက်ရလေတော့သည်။

    ဤကဲ့သို့သော အချို့မိန်းကလေးများ၏ ဖြစ်ရပ်မှန်များကို စာအုပ် များ၌ တင်ပြထားလေသည်။ ဤဖြစ်ရပ်မှန်များသည် သံသယမရှိ၊ ချို့ယွင်းချက် မရှိ၊ ၀မ်းနည်းဖွယ်နှင့် ကြောက်လန့်ဖွယ် အကောင်းတကာ့ အကောင်းဆုံး ဖြစ်ရပ် မှန်များပင်တည်း။ ယနေ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း ၏ နဖူးပြင်ရှိ ၊ မကောင်းသည့် အမာရွတ်၊ ဒဏ်ရာဒဏ်ချက်အဖြစ် စာရင်းဝင် သွားလေသည်။ သို့သော် ၀မ်းနည်းစရာအချက်မှာ ဤကိစ္စ ပြဿနာနှင့် ပတ်သက်ပြီး စီစစ် ဆွေးနွေးမှု အနည်းငယ်သာရှိပေသည်။

ဤအတွက်ကြောင့်လည်း ………. ကျွန်ုပ်တို့နေဖြင့်

- အိမ်ထာင်စု မိသားစုဝင်များကို ပြိုကွဲပျက်စီးမှုမှ ကာကွယ်တားဆီးနိုင်ရန်…

-အိမ်ထောင်ပြုလက်ထပ်ထိမ်းမြားမှုကျဆင်းမှု၏ လျင်မြန်မှုနှုန်းကိုထိန်းနိုင်ရန်

-(မကောင်းမှုဒုစရိုက်ကိုလုပ်နေသည့်)ကျွန်များကို ကျွန်အဖြစ်မှ လွတ်မြောက်         စေရန်…

    ဤအထိမ်းအကွပ်မဲ့၊ ကာမဆက်ယှက်မှု ဆက်ခံမှု၊ တရားမ၀င် ဆက်သွယ်မှု ပေါ်များခြင်းကို မလွဲမသွေ တားဆီးပိတ်ပင်ရမည်ဖြစ် ပေသည်။ ဤ တားဆီး ပိတ်ပင်မှု အတွက်လည်း မှန်ကန်ပြီး စည်းစနစ်ရှိသည့် အစီအစဉ် များ၏ အကူအညီမှ အပ မဖြစ်နိုင်ချေ။

    ချစ်ခင်လေးစားတန်ဖိုးထားရပါသော လူငယ်၊ လူရွယ်လေးများ …

    အထက်ဖော်ပြပါ အမှန်တရားများကို ဂရုပြုပြီး မိမိကိုယ်တိုင် အတွက် နှင့် သူငယ်ချင်းများ အတွက် ထိန်းသိမ်းကာကွယ်နိုင်ရန် ပို၍ သတိရှိစွာဖြင့် ဆောင်ရွက်ကြပါလေ…..

    လမ်းလွဲ၊ လမ်းမှား၊ လမ်းချော်အောင် ကောက်ကျစ်ဖျားယောင်းသူ များ ဤကဲ့သို့သော မသန့်ပြန့်သည့် လွတ်လပ်မှုဖက် ဆွဲဆောင်နေသူများ (သူယုတ်မာများ) ၏ စကားကိုနား မယောင်ပါလေနှင့်။ ရှောင်ကြဉ်ကြပါလေ။

    အကြင်မည်သူမဆို ဤအခြေအနေနှင့် မကောင်းသည့်နေရာများကို ပတ်ဝန်းကျင်လူ့အသိုင်းအ၀ိုင်းအတွက် အရေးကြီးသည့် ခေါင်းစဉ်တစ်ခု အဖြစ် တင်ပြမည်။ ဤအရာကို အကြောင်းပြုပြီး မကောင်းမှုများနှင့် မကောင်းသည့်နေရာများကို အ၀င်အထွက်မရှိဖို့ဆိုပြီး ဤ (တရားမ၀င် ဆက်ဆံမှု) ကို သန့်စင်သန့်ပြန့်သည့် မိသားစုဝင်များကို ကာကွယ်ပေးသည့် အလုပ်၊ လူငယ်၊ လူရွယ်များ၏ ကျန်းမာပျော်ရွှင်မှုကို ဖြစ်စေသည်ဟု ဆို၍ ဤဒုစရိုက် အလုပ်အား အမည်ကောင်းပေးမည်ဆိုလျှင် ကြီးမားသည့် အမှားကို ပြုနေခြင်းဖြစ်ပေသည်။

    ဤမကောင်းမှု၊ ရွံစရာ၊ ရှက်စရာ (ကာမဆက်ဆံမှု) ကြောင့် လူမှုပတ်ဝန်း၌ မြောက်များစွာသော စာရိတ္တပျက်ပြားမှု၊ ချို့ယွင်းမှု များကို ပြန့်ပွား နေစေပြီး၊ ကိုယ်ခန္ဓာ ကိုပါ ရောဂါ ဝေဒနာ မဖြစ်စေပါ သလော?

    ဤအထောက်အထားအတွက်ကြောင့်ပင် ဤမကောင်းမှုကို ပတ်ဝန်း ကျင်နှင့် ဝေးဝေးထားကြလေသည်။ ၄င်းအကျဉ်းထောင် (မကောင်းမှု၊ ကာမ ဆက်ဆံမှုအား) တံတိုင်းမြင့်များ လေးဖက်လေးတန် ထူထောင်ပြီး ဤ မကောင်းဆိုးကျိုး အားနိသင်အား အိမ်ထောင်စု၊ မိသားစု အတွင်း မရောက် လာကြစေရန်၊ မကူးစက်လာစေရန် တားမြစ်နိုင်ပေသည်။

    လူမှုအသိုင်းအ၀ိုင်း၏ အရေးကြီးလိုအပ်မှု တစ်ခုအသွင် အဖြစ် ထိုမသန့် မကောင်းသည့် နေရာများကို အ၀င်အထွက် ပြုခြင်းဖြင့် (ရုပ်နှင့်နာမ်) သာယာငြိမ်းမြေ့မှု ဖြစ်စေနိုင်ပါသလား?